ဒီနေ့ မွေးနေ့အလှူ

in HIVE-MYANMAR11 months ago (edited)

အားလုံးမင်္ဂလာပါ။

ဒီမနက်က ဓမ္မမဟာပဗ္ဗတ ဝိပဿနာ ရိပ်သာမှာ တရားစခန်းပြီးခါနီး မေတ္တာနေ့ ဖြစ်််ပါတယ်။ အမှန်ကတော့ ဒီမနက် ရိပ်သာမှာ အလှူငွေကောက်ခံတာ၊ စာအုပ်​ေရာင်းတာတွေကို ကူညီလုပ်ဆောင်ဖို့ပါပဲ။ ဒါပေမယ့် မွေးနေ့ ဖြစ်တဲ့ အတွက် ဘုန်းကြီးကျောင်း ဆွမ်းဂျိုင့်ပို့ရမှာမို့ မကူနိုင်ခဲ့ပါဘူး။ ရိပ်သာအတွက် ဆွမ်း အလှူငွေပဲ ထည့်ဝင်ခဲ့ပါတယ်။

ပြီးတော့ ကန်ဦးကျောင်းအတွက် နေ့ဆွမ်းဂျိုင့် လှူဒါန်းဖြစ်ခဲ့ပါတယ်။ ဆွမ်းအလှူ ဖြစ်မြောက်အောင် လုပ်ဆောင်ပေးခဲ့တဲ့ မိခင်ဖြစ်သူ ကိုကျေးဇူးတင်ပါတယ်။ ကိုယ်ကတော့ ဘေးကနေ ကူညီလုပ်ညီလုပ်ကိုင်ပေးရုံပါပဲ။

ဟိုတစ်ရက်က ဆုံးသွားတဲ့ အကို တစ်ယောက် အိမ်ရောက်တော့ (အဲအကို အသုဘမှာပါ) သူ့ အမေက သူ့အကြောင်းပြောပါတယ်။ ငယ်ငယ်တုန်းကပဲ ပြောစကားနားထောင်တာ ကြီးလာတော့ ပြောစကားနားမထောင်တော့ဘူးတဲ့။ ပြောချင်တာက ကျွန်တော်တို့ ရှေ့ဆက်ရမယ့်နှစ်တွေမှာ အဆိုးဘက်သွားမလား ပိုကောင်းအောင် ပါရမီဖြစ်မလားဆိုတာ ရွေးရမယ်ဆိုတာပါပဲ။ လူတော်တော်များများကတော့ အဆိုးဘက်ကို ပို သွားကြတယ်ထင်ပါတယ်။

ဒါနဲ့ Oxford ဆရာတော်ရဲ့ တရားကို ပြန်အမှတ်ရမိပါတယ် (ပြန်ရှာကြည့်တော့ မတွေ့မိသေးပါ)။ ကျွန်တော်တို့က ကိုယ့်မှာ ရှိတဲ့ အကျင့်ဆိုးတွေကို ဖယ်ရှားရမှာ ဖြစ်သလို ကောင်းတဲ့ အကျင့်တွေကို လဲ ပိုအားကောင်းအောင် ပြုစုပျိုးထောင်ရမယ်ဆိုတာပါပဲ။ ကိုယ့်စိတ်ထဲမှာ တော့ အကျင့်ဆိုးကို ရှင်းထုတ်နိုင်ရင် ကိုပဲ ဟုတ်လှပြီလို့ ထင်နေမိပါသည်။ အကျင့်ဆိုးကို ပယ်ဖို့က ခက်ခဲနေပြီမို့လေ။

ပထမအနေနဲ့ အလေ့အကျင့်ဆိုးတစ်ခုကို ပယ်နိုင်ဖို့ဆိုရင် ဆရာတော်သင်ပြပေးသလို အဲဒီအကျင့်ကို မုဒိတာနဲ့ ဒါမှမဟုတ် ဘယ်လိုမှမတုန့်ပြန်ပဲနဲ့ နေရပါမယ်။ ဥပမာ မနာလိုတာ၊ မုန်းတီးတာ စတဲ့ မကောင်းတဲ့စိတ်ခံစားချက်တွေ ဖြစ်ရင် သူတို့ကို မုဒိတာကြည့်ရင်ကြည့် ဒါမှမဟုတ် ဘာမှ မတုန့်ပြန်ပဲ နေရပါမယ်။ ဒီခံစားချက်တွေကလဲ တစ်ခြားခံစားချက်တွေလို မြဲတဲ့ အရာတွေမဟုတ်ကြပါဘူး။ သူတို့ စိတ်ထဲမှာ ဖြစ်ရင် ဖြစ်တယ်လို့ အသိအမှတ်ပြုပေးရပါမယ် (သိရပါမယ်)။ ခံစားချက်ဆိုတာကလဲ တိမ်တိုက်တွေလိုပါပဲ အချိန်တန်ရင် လွင့်ပြယ်ကုန်ကြတာပါ။

ဒီလိုလုပ်ရတာ ပြောရတာလွယ်သလောက် အများ အတွက် စိန်ခေါ်မှု တစ်ခုပါ (ကိုယ်ကိုတိုင်လဲ ပါမှာပါ)။ အများအားဖြင့် စိတ်တိုရင် ပြန်အော်လိုက်တာ၊ ဒါမှမဟုတ် (အလုပ်မှာ ဒေါသဖြစ်လာတယ်ဆိုပါစို့) အိမ်ပြန်ရောက်မှ တစ်ခြားတစ်ယောက်ကို ထပ်အော်လိုက်တာလုပ်မိတတ်မှာပါ။ ဒီလိုမျိုးလုပ်ရင် ဒီဖြစ်စဥ်က ဆင့်ပွားပြီး မပြီးနိုင်ပါဘူး။ အဲဒါကြောင့် ဒေါသဖြစ်ဖြစ်၊ မနာလိုစိတ်ပဲဖြစ်ဖြစ် မကောင်းတဲ့ စိတ်ခံစားချက်တွေ ကိုယ့်ဆီမှာပဲ ရပ်နားပြီးဆုံးသွားတာ အကောင်းဆုံးပါပဲ။

ဒီလို မကောင်းတဲ့ စိတ်တွေကို ဖယ်ရှားရမယ်ဆိုတာ (တုန့်ပြန်မှု မပြုပဲ နေတာ) ကျွန်တော်တို့ သိကြပေမယ့် ကောင်းတဲ့ စိတ်လေးတွေနဲ့ အစားထိုးဖို့ကျတော့ မေ့နေတတ်ကြပါတယ်။ဒေါသကို မေတ္တာနဲ့ အစားထိုးတာ၊ မနာလိုစိတ်ကို မုဒိတာစိတ်နဲ့ အစားထိုး တုန့်ပြန်တာ ပြုသင့်တယ်ထင်ပါတယ်။ သူတစ်ပါး အောင်မြင်မှု တစ်ခုရတာကို မနာလိုစိတ်နဲ့ မယ့်အစားမုဒိတာပွားပြီး ချီးကျူးစကားပြောတာတို့ ပြုသင့်ပါတယ်။ မနာလိုစိတ်နဲ့ အောင့်အီး ချီးမွန်းတာထက်၊ မနာလိုစိတ်ကို မုဒိတာနဲ့ (ဒီက မုဒိတာ အဓိပ္ပါယ်က ကိုယ့်ကိုယ်ကို ဂရုဏာသက်တဲ့စိတ်နဲ့ကြည့်တာ ကို ပြောချင်တာပါ) အရင်ဆုံးရှုကြည့်ပြီးမှ နောက်တစ်ဆင့် မုဒိတာစိတ် (မနာလိုစိတ်မထားပဲ သူတစ်ပါး အတွက်ဝမ်းမြောက်တာ) ကို ပိုမို ပွားများအောင်အားထုတ်သင့်ပါတယ်။

လူဘဝကရခဲတာမို့ ကျွန်တော်တို့က တစ်နေ့ထက်တစ်နေ့ ပိုပြီးလိမ္မာအောင် နေထိုင်သင့်လှပါတယ်။ (ပါရမီဖြည့်တယ်လို့ ပြောရင် မမှားပါဘူး) ကျွန်တော်တို့ သတိနဲ့ နေမယ်ဆိုရင်တော့ ကြာလာရင် ကျင့်သားရလာမှာ ဖြစ်ပြီးတော့ အဲဒီကတစ်ဆင့် ကျွန်တော်တို့ရဲ့ အကျင့်အနေနဲ့ ဖြစ်လာမှာပါ။ ဒီလို ကောင်းမွန်တဲ့အကျင့်တွေကပဲ ကျွန်တော်တို့ကို ကောင်းမွန်ပျော်ရွင်တဲ့ဘဝကို ယူဆောင်ပေးလာနိုင်မှာပဲ ဖြစ်ပါတယ်လို့ ယုံကြည်မိပါတယ်။

အောက်ကတော့ ဒီတစ်ပါတ် တရားစခန်း စရက်၊ ဆုံးရက် နဲ့ ဒီတစ်ပါတ်အတွက် တရားပြဆရာ၊ ဆရာမတွေ ကပ်ထားတာတွေ့လို့ ဓါတ်ပုံရိုက်လာတာပါ။ ပြီးတော့ မွေးနေ့ နေ့ဆွမ်း အလှူ အတွက် သာဓုခေါ်ဆိုနိုင်အောင်နဲ့ အမှတ်တရ မှတ်မိနေဖို့ပါ။

(ကျွန်တော်တို့က ရေးနေကျပုံစံမို့ ‌မနာလိုစိတ်၊ ဒေါသစိတ်စတာတွေကို လျှော့ပြီး မုဒိတာ မေတ္တာစတာတွေကို ပွားများအောင် လုပ်ဖို့ ရေးရတာ ဖြစ်ပေမယ့်၊ ကျွန်တော်တို့ ဒီနေ့ထက် ပိုတော်၊ ပိုပြီးတတ်၊ ပိုပြီး productive ဖြစ်တဲ့ model မျိုးကို ရအောင် ပုံဖော် ကြိုးစားသွားတာမျိုးကို ပို ပြောချင်ပါတယ်။)

အားလုံးကို ကျေးဇူးတင်ပါတယ်။

@princekham
Myanmar
28th May 2023

Sort:  

@princekham, the HiQ Smart Bot has recognized your request (1/3) and will start the voting trail.

In addition, @princekham gets !WEED from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

@princekham!

@hiq.smartbot passed you the virtual joint!
If you do not want to receive these comments, please reply with !STOP

PIZZA!

$PIZZA slices delivered:
@princekham(4/10) tipped @asterkame
johndieo tipped princekham
princekham tipped johndieo
princekham tipped ansoe
uthantzin tipped princekham
ansoe tipped princekham
princekham tipped uthantzin
donjaun tipped princekham
asterkame tipped princekham

ဝမ်းမြောက် ဝမ်းသာ အားပါးတရ သာဓု သာဓု သာဓု ခေါ်ဆိုပါတယ်ဗျာ 🙏🙏🙏 !LUV !PIZZA

ဟုတ်ကဲ့
Thanks!
!PIZZA !PGM
!LUV !PGM

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 9

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


သာဓု သာဓု သာဓု !LOL !PIZZA !LUV

How many tickles does it take to tickle an octopus?
Ten- tickles

Credit: reddit
@princekham, I sent you an $LOLZ on behalf of @johndieo

(2/4)

PLAY & EARN $DOOM

ဟုတ်
!lol !LUV !PIZZA

My review for the world’s strongest tape
It’s not tearable.

Credit: reddit
@johndieo, I sent you an $LOLZ on behalf of @princekham

(1/6)

PLAY & EARN $DOOM

Happy birthday to you all.
!LOLZ. !HUG

Dear @princekham, you just got hugged.
I sent 1.0 HUG on behalf of @nilarwin.
(1/3)

What do they call a cubic zirconia in Ireland?
A sham-rock.

Credit: reddit
@princekham, I sent you an $LOLZ on behalf of @nilarwin

(2/6)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

Thanks!
!LOL !PGM

Sent 0.1 PGM - 0.1 LVL- 1 STARBITS - 0.05 DEC - 1 SBT - 0.1 THG - 0.000001 SQM - 0.1 BUDS - 0.01 WOO tokens

remaining commands 9

BUY AND STAKE THE PGM TO SEND A LOT OF TOKENS!

The tokens that the command sends are: 0.1 PGM-0.1 LVL-0.1 THGAMING-0.05 DEC-15 SBT-1 STARBITS-[0.00000001 BTC (SWAP.BTC) only if you have 2500 PGM in stake or more ]

5000 PGM IN STAKE = 2x rewards!

image.png
Discord image.png

Support the curation account @ pgm-curator with a delegation 10 HP - 50 HP - 100 HP - 500 HP - 1000 HP

Get potential votes from @ pgm-curator by paying in PGM, here is a guide

I'm a bot, if you want a hand ask @ zottone444


Where does Michael Phelps like to drink?
At dive bars.

Credit: reddit
@nilarwin, I sent you an $LOLZ on behalf of @princekham

(2/6)

PLAY & EARN $DOOM