Timeboxing: Elon Musk ရဲ့ အချိန်စီမံခန့်ခွဲမှု စနစ်

in HIVE-MYANMAR11 months ago (edited)

အရင်က ကျွန်တော့် ပိုစ့်တစ်ခု မှာ Pomodoro စနစ်နဲ့ အချိန်ကို တိုင်မာနဲ့ အကန့်လိုက်ခွဲပြီး အသုံးချပုံ အကြောင်းကို ဖော်ပြခဲ့ဖူးပါတယ်။ အခု တင်ပြမယ့် Timeboxing စနစ်ကလဲ ကိုယ်လုပ်မယ့် အလုပ်တွေကို အချိန်တစ်ခု စီသတ်မှတ်ပေးရတာမျိုးဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ အလုပ်ချိန်၊ ကိုယ်ပိုင်ချိန် နဲ့ အနားယူချိန်တွေကို မျှတအောင် စီမံရတာက စိန်ခေါ်မှု တစ်ရပ်ပါ။ Tesla နဲ့ SpaceX ကုမ္ပဏီရဲ့ CEO ဖြစ်တဲ့ Elon Musk ဟာ အများနဲ့ မတူ အလုပ်ပြီးမြောက်အောင် စွမ်းဆောင်နိုင်သူပါ။ သူ့ရဲ့ အောင်မြင်မှုတွေဟာ သူ့ရဲ့ ရိုးရှင်းထိရောက်တဲ့ timeboxing လို့ခေါ်တဲ့ အချိန်စီမံခန့်ခွဲမှု စနစ် ကြောင့်လို့ဆိုပါတယ်။

source: https://www.ingenieur.de/karriere/schluesselqualifikationen/timeboxing-arbeitstag-wie-bill-gates-und-elon-musk-strukturieren/

Timeboxing ဆိုတာဘာလဲ

Timeboxing ဆိုတာက အလုပ်တစ်ခုကို timebox လို့ခေါ်တဲ့ အချိန်သေတ္တာလေးတွေသတ်မှတ်ပြီး ပြုလုပ်တာပါ။ ဒီလိုလုပ်ခြင်းက မိမိရဲ့ အလုပ်ပြီးမြောက်နိုင်စွမ်း၊ အာရုံစိုက်နိုင်စွမ်း တွေကို တိုးတက်စေတဲ့အပြင် ကိုယ့်အလုပ်နဲ့ကိုယ်ပိုင်အချိန် ကိုလဲ မျှတစွာအသုံးချလာနိုင်စေမှာပဲ ဖြစ်ပါတယ်။ Timeboxing နဲ့ to-do lists (လုပ်ရမယ့်စာရင်း) နဲ့ မတူတာက timeboxing မှာ လုပ်ရမယ့် အလုပ်တွေကို စာရင်းလုပ်ရုံတင်မကပဲ လုပ်ကိုင်မယ့် အချိန်အပိုင်းအခြား တစ်ခု သတ်မှတ်ပေးရတာပါပဲ။

Elon Musk က timeboxing ကို ဘယ်လို အသုံးချလဲ

Elon Musk timeboxing ကို အသုံးချပုံက အစွန်းတယ်ပြောရမှာပါ။ ဘာကြောင့်လဲဆိုတော့ သူက သူ့ရဲ့ တစ်နေ့တာ အချိန်ကို ၅မိနစ်စာ အချိန်သေတ္တာလေးတွေ ခွဲလိုက်ပြီး အချိန်ငါးမိနစ်ချင်းစီအတွက် လုပ်မယ့်အလုပ်နဲ့ လှုပ်ရှားမှုကိုယ်စီ သတ်မှတ် အသုံးချတာကြောင့်မို့ပါ။ ဒီလို အသုံးချတတ်မှုကြောင့် သူ့ရဲ့ ကုမ္ပဏီတိုင်းစီက သူ့ရဲ့ လုပ်ဆောင်ချက် ကဏ္ဍကို ထိန်းထားနိုင်တာ ဖြစ်ပါတယ်။

Musk ရဲ့ တစ်နေ့တာ အချိန်ဇယား ကို ကြည့်မယ်ဆိုရင် သူက သူ့ရဲ့ မနက်ခင်းပိုင်းကို နည်းပညာနဲ့ ဒီဇိုင်းဆိုင်ရာ ဆွေးနွေးမှုနဲ့ စပါတယ်။ ပြီးတော့ စီမံခန့်ခွဲမှု အလုပ်တွေကို ဆက်လုပ်ပြီး အဲဒီနောက်မှ အရေးကြီးပြီး မျှော်လင့်မထားတဲ့ ကိစ္စတွေအတွက် အချိန်ပေးပါတယ်။ ပိုပြီး အလုပ်ပြီးမြောက်အောင် စားသောက်ချိန်တောင် အစည်းအဝေးချိန်နဲ့ တွဲနေတယ်လို့ဆိုပါတယ်။

သူ့ရဲ့ timeboxing စနစ်ဟာ ထိရောက်မှုတွေရှိပေမယ့် ခြေကုန်လက်ပန်းကျစေနိုင်ပြီးပြောင်းလွယ်ပြင်လွယ်မှု မရှိဘူးလို့ အချို့ က ဝေဖန်ကြပါတယ်။

Timeboxing ကို သင့်ရဲ့ တစ်နေ့တာအချိန်မှာ ဘယ်လို အသုံးပြုမလဲ

ပထမအနေနဲ့ ကိုယ် timebox လုပ်မယ့် အလုပ်တွေကို ရွေးရပါမယ်။ ပြီးရင် ကိုယ်ရွေးထားတဲ့ အလုပ် တစ်ခုစီအတွက် လုပ်ကိုင်မယ့် အချိန်သတ်မှတ်ရပါမယ်။ တစ်ခုချင်းစီရဲ့ ကြာချိန်ကတော့ အလုပ်တစ်ခုချင်းစီရဲ့ သဘောသဘာဝနဲ့ ရှုတ်ထွေးမှုတွေ ပေါ်မှာ မူတည်ပါမယ်။ Musk ရဲ့ ငါးမိနစ် timebox ကို စံနမူနာအဖြစ် ယူဖို့ မလိုအပ်ပါဘူး။

ဒီနေရာမှာ အချိန် သတ်မှတ်နိုင်မှုက အရေးပါပါတယ်။ အချိန် သတ်မှတ်ပြီးတာနဲ့ အဲဒီအချိန်ကို လေးစားဖို့လိုပါမယ်။ အလုပ်တစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ မပြီးရင် အဲဒီအလုပ်ကို ရပ်ပြီး နောက်ကိုယ်လုပ်မယ့် အလုပ်ကို ပြောင်းရပါမယ်။ အလုပ် မပြီးလိုက်တာဟာ ဘာကြောင့်လဲဆိုတာ သုံးသပ်သင့်ပါတယ်။ ဒီလို သုံးသပ်ခြင်းက ကိုယ့်ရဲ့ အချိန်ခန့်မှန်း သတ်မှတ်နိုင်စွမ်းကို တိုးတက်စေနိုင်မှာဖြစ်ပါတယ်။ အချိန်လေးတွေကို ပြန်လည်သုံးသတ်တာ၊ အတိုးအလျော့လုပ်တာ ကို ပုံမှန်လုပ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့ ကိုယ့်နဲ့ ကိုက်ညီမယ့် အကောင်းဆုံး အလုပ်လုပ်တဲ့ ပုံစံကို ရှာတွေ့လာမှာ ဖြစ်ပါတယ်။

Timeboxing အသုံးချပြီး အောင်မြင်တာ Elon Musk တစ်ဦးထဲ ရှိတာ မဟုတ်ပါဘူး။ နယ်ပယ်စုံ က ပညာရှင်တွေ နဲ့ လုပ်ငန်းတွေလဲ ဒီနည်းစနစ်အသုံးချပြီး အကျိုးကျေးဇူးတွေ ရရှိသွားကြတာပါ။ ပရိုဂရမ်မာတွေ၊ စာရေးဆရာတွေ၊ ပရောဂျက် မန်နေဂျာတွေ နဲ့ ကျောင်းသူကျောင်းသားတွေလဲ ဒီစနစ်ကြောင့် သူတို့ရဲ့ ထုတ်လုပ်နိုင်စွမ်းအားတွေ တိုးတက်လာတယ် လို့ အစီရင်ခံစာတွေအရ သိရှိရပါတယ်။

သုတေသနပြုချက်တွေအရ timeboxing စနစ်ဟာ အချိန်ဆွဲတတ်တဲ့ အကျင့်ကို လျှော့ချနိုင်စေပြီး၊ အလုပ်ပို မိုလုပ်ချင်စိတ်ကိုလဲ တိုးစေနိုင်တယ်လို့ ဆိုပါတယ်။ ဒီစနစ်က ကျွန်တော်တို့ရဲ့ အချိန်ကို ရှုမြင်မှု အသုံးချ ပုံစံကို ပါပြောင်းလဲစေနိုင်တဲ့ အလားအလာများစွာရှိပါတယ်။

Timeboxing အသုံးချမှု ဥပမာများ

၁။ ပိုစ့်တစ်ခု ရေးတာ - ပိုစ့်တစ်ခုကို ရေးဖို့ တစ်နေကုန် အချိန်ပေးတာထက် timebox အချိန်သေတ္တာလေး ဖန်တီး ပြီး ရေးသားနိုင်ပါတယ်။ မနက် ၁၀ နာရီကနေ နေ့လည် ၁၂ နာရီအထိ အချိန်ပေးထားတယ်ဆိုပါစို့။ ဒီအချိန်အတွင်းမှာ ဒီအလုပ်တစ်ခုထဲကိုပဲ အာရုံစိုက်လုပ်ဆောင်ရပါမယ်။ နေ့ခင်း ၁၂ နာရီကျော်တာနဲ့ အလုပ်မပြီးရင်တောင်မှ အခြားအလုပ်ကို ပြောင်းလုပ်ရပါမယ်။ မပြီးသေးတဲအလုပ် အတွက် timebox နောက်ထပ်တစ်ခါ သတ်မှတ်ရပါမယ်။

၂။ Presentation ပြင်ဆင်တာ - နောက်တစ်ပါတ်အကြာမှာ presentation တစ်ခု တင်ပြရမယ်ဆိုပါစို့။ အဲအတွက် ပြင်ဆင်မှုကို တစ်ထိုင်ထဲပြီးအောင် မလုပ်ပဲ၊ ၁နာရီစီ အချိန်သေတ္တာလေးတွေလေးတွေသတ်မှတ်ပြီး ရက် ခွဲပြီး ပြုလုပ်သွားနိုင်ပါတယ်။ ဒီလို ကိုယ်နိုင်တဲ့ အပိုင်းလေးတွေခွဲထုတ် ပြုလုပ်ခြင်းက ဝန်ပိတဲ့ ခံစားချက်မျိုးကို ဖယ်ရှားစေနိုင်မှာပဲ ဖြစ်ပါတယ်။
၃။ လေ့လာ သင်ယူမှုလုပ်တာ - သင် ပရိုဂရမ်ရေးဖိုးလေ့လာတယ်ဆိုပါစို့။ ပရိုဂရမ်ရေးဖို့ ပြတ်တောင်းပြတ်တောင်းလေ့ကျင့်တာထက်စာရင် အချိန်သေတ္တာ သတ်မှတ်ပြီး နေ့စဥ်လေ့လာမှု ပြုလုပ်သင့်ပါတယ်။ ၁နာရီစီ အချိန်သေတ္တာ သတ်မှတ်ပြီး ညနေတိုင်း လေ့လာ လေ့ကျင့်မှု ပြုလုပ်တာက တိုးတက်မှု ပုံမှန်ရှိဖို့ သေချာစေနိုင်မှာ ဖြစ်ပါတယ်။

၄။ ကိုယ်လက် လှုပ်ရှား အားကစားလုပ်တာ - ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ဖို့ မနက်တိုင်း မိနစ် ၃၀စာ အချိန်သေတ္တာ သတ်မှတ်ပေးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက ကျန်းမာရေး ပုံမှန် လုပ်တဲ့ အလေ့အကျင့်တစ်ခုကို ဖြစ်စေလာနိုင်မှာဖြစ်ပြီး ကိုယ်အလုပ်များတဲ့ နေ့မှာ ဆိုရင်တောင့် ပြုလုပ်ဖြစ်ဖို့ များပါတယ်။

၅။ စာဖတ်ခြင်း - စာဖတ်ဖို့ စာအုပ်တစ်ပုံကြီး ရှိတယ်ဆိုပါစို့။ စာဖတ်ဖို့ အားလပ်ချိန်များများရှိတဲ့ ရက်မျိုးကို စောင့်ဆိုင်းခြင်းထက် ညတိုင်း အိပ်ယာ မဝင်ခင် မိနစ် ၂၀ စာ အချိန်သေတ္တာ သတ်မှတ်ပြီး စာဖတ်နိုင်ပါတယ်။ ဒီလိုလုပ်ခြင်းက စားဖတ်မှု ပြီးစီးတိုးတက်လာမှာဖြစ်ပြီး အိပ်ယာမဝင်ခင် ကောင်းမွန်တဲ့ အလေ့ အထ တစ်ခုကို လဲ ရစေနိုင်မှာ ဖြစ်ပါတယ်။

တစ်ခု သတိပြုရမှာက အချိန်သေတ္တာပြုတဲ့ ရည်ရွယ်ချက်က အလုပ်တစ်ခုကို သတ်မှတ်အချိန်အတွင်းမှာ ပြီးစီးဖို့ ထက် အဲဒီအလုပ်ကို တစ်စိုက်မတ်မတ် နဲ့ အာရုံစိုက်လုပ်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဂရုပြုရမယ့်အချက်တစ်ခုက ကျွန်တော်တို့ အလုပ် ပိုမိုပြီးမြောက်ဖို့ဆိုရင် အနားယူတဲ့ချိန်ကိုလဲ timebox တစ်ခု အနေနဲ့ သတ်မှတ်ထားရှိသင့်တယ်ဆိုတာပါပဲ။

Timeboxing စနစ်ဟာ ရိုးရှင်းပြီး ထိရောက်မှုရှိတဲ့ အချိန်စီမံခန့်ခွဲမှု စနစ်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းကြီးငယ်တွေကို ချဉ်းကပ်လုပ်ကိုင်တဲ့ပုံစံကိုပါ ပြောင်းလဲ စေနိုင်မှာဖြစ်ပါတယ်။ ဒီစနစ်ဟာ မှော်ကျည်ဆံ မဟုတ်ပေမယ့် မှန်ကန်စွာ အသုံးချမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အချိန်ကို ပိုမိုထိန်းကျောင်းလာနိုင်မှာ ဖြစ်ပြီး စိတ်ဖိစီးမှုကိုလဲ လျှော့ချနိုင်တဲ့ အပြင် ကိုယ့်ရဲ့ စွမ်းဆောင်နိုင်အားကို ပါ မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

princekham
21st May 2023
Myanmar

Ref: https://www.newtraderu.com/2023/05/17/timeboxing-an-elon-musk-time-management-technique/

Sort:  

@princekham, the HiQ Smart Bot has recognized your request (1/3) and will start the voting trail.

In addition, @princekham gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

Why is a timer like a scale?
They both measure wait.

Credit: reddit
@princekham, I sent you an $LOLZ on behalf of @hiq.smartbot

(2/2)
Use the !LOL or !LOLZ command to share a joke and an $LOLZ

‌အချိန်ကိုခွဲခြမ်းစိတ်ဖြာဖို့က လုပ်ငန်းအကြီးကြီးတွေကို လုပ်ကိုင်နေတဲ့သူတွေနဲ့ပဲဆိုင်သလိုဖြစ်နေပြီး ကိုယ်ပိုင်လုပ်ငန်းငယ်တွေကတော့ ဖြစ်သလို ကျရာအချိန်တွေနဲ့ပဲသွားကြတာအကျင့်ပါနေတဲ့ကျွန်တော်တို့လူမျိုးတွေအတွက်တော့ အချိန်ကိုစီမံခန့်ခွဲဖို့ဆိုတာ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်တာလောက် အရေးမပါဘူးဖြစ်နေဆဲလို့ထင်တယ်။ အချိန်ကနေ ငွေဖြစ်တဲ့နိုင်ငံတွေအတွက်တော့ ကောင်းမွန်မှာပါ။ !LUV !PGM

အချိန် စီမံတာလောက်လုပ်ပါ။ ခွဲခြမ်းစိတ်ဖြာတာတော့ မဟုတ်ဘူးထင်တယ်။
Thanks!
!LUV !PGM

PIZZA!

$PIZZA slices delivered:
htwegyi tipped princekham
golden.future tipped princekham
@donjaun(1/5) tipped @princekham
asterkame tipped princekham

Gain a lot of knowledges by reading your post.Thank you!
!LUV
!PIZZA
!MEME