True story

in #truestory7 years ago

"ဝဋ်​လည်​တတ်​တယ်​"


အချိန်
၁မိနစ်စာလေး ပေးပြီး
ဖတ်ကြည့်စေချင်ပါတယ် >>

" ရော့...
အမေ ဒီမှာ ပိုက်ဆံ တစ်သိန်း "
(သူ့မြေးလေးနဲ့ ကစားနေရာက 
အမေမော့ကြည့်လာတယ်
ဘာအတွက်လဲဆိုတဲ့မေးခွန်းမျိုးနဲ့မျက်လုံးတွေ)

"ဘာလုပ်ဖို့လဲ သမီး?"

"အမေအိမ် ကိုခဏခဏ မလာပါနဲ့…သမီးးက
သူများအိမ်မှာလာနေရတာ ယောက္ခမတွေ
အမြင်ကြည်အောင်နေရတယ်…"

"သမီးရယ် အမေကပိုက်ဆံ လာတောင်းတာ
မှမဟုတ်တာ အမေ့မြေးလေးနဲ့လဲ သမီးက
တစ်လနေလို့ အိမ်တခေါက်မရောက်ဘူး
အမေ့မြေးလေးကိုလွမ်းလို့ လာတာပါသမီး
ရယ် သမီးအဖေကတားပါတယ် အမေလဲ
နှစ်ပက်လောက်နေမှတခါလာတာလေ သမီး
အဖေက လဲသူ့သမီးနဲ့ သူ့မြေးလေးကိုတွေ့
ချင်နေတာ ဒါပေမယ့် သူမလိုက်ချင်လို့
သမီးကိုလာလည်ဖို့လဲပြောလိုက်ပါတယ်ကွယ်"

"သမီးသိပါတယ် အမေတို့ကိုလဲသမီးနှစ်လ
တခါလောက် လာတာပဲပိုက်ဆံလဲလာလာ
ပေးနေတာပဲ ကိုခုအမေပြန်ပါတော့သမီး
ယောက်ကျားပြန်လာတော့မယ် အမေ့ကို
မြင်ရင် သူအမောမပြေပဲနေမယ်"

"အင်းပါသမီးရယ် အမေနောက်မလာတော့ပါ
ဘူး သမီးတော့လာလည်ပါနော် အမေသွား
တော့မယ် ဖွားသွားတော့မယ်မြေးလိမ်လိမ်
မာမာနေနော် "(မျက်ရည်တွေဝဲ လျက်အသံတုန်တုန်လေး
နဲ့ ပြောလိုက်ပါတယ်)

ဖြောင်းး……ဖြောင်းး……ဖြောင်းး…ဖြောင်းးး
(လက်ခုပ်သံကြားရာ လှည့်ကြည့် မိလိုက်ပါတယ် ရှစ်နှစ်အရွယ်ကလေး ကျမသမီးလေး ပြုံးရယ်ပီးလက်ခုပ်တီးးနေတာပေါ့)

"ဘာတွေသဘောကျပီး လက်ခုပ်တီးးတာလဲ သမီးးလေး"

'မေမေ အိုင်တင်အရမ်းကောင်းတာပဲ ဇာတ်
လမ်းတွေထဲက မင်းတမီးကြနေရာပဲ မျက်နှာ
တွေ ပြောနေတာတွေက အရမ်းမိုက်ရို့ ဖွား
ရောပဲ မျက်ရည်လေးတွေ ဝဲနေတာ ဇာတ်
လမ်းတွေ ထဲက မင်းတမီးရီးး လိုပဲမီးသဘော
ကျလို့ လက်ခုပ်တီးလိုက်တာ"

(ကျမပါးစပ်ဟ မလို့ပဲရှိသေးသမီးလေးက
ကုန်းထပီးး )

မေမေ…မေမေ မေမေ့အိုင်တင်မီးလုပ်ပြမယ် 
မီးလုပ်တာ မေမေ့လိုကောင်းလားကြည့်ပေး
နော် …
(သမီးလေးက စားပွဲပေါ်က သူ့အဖွားကိုပေးထားတဲ့
ပိုက်ဆံ ထုပ်လေးကို ကောက်ယူပီးကျမရှေ့ မှာကျမ
လုပ်သလို လိုက်လုပ်ပြပါတယ် အမေ ပိုက်ဆံမယူ
သွားးးပါလားးးကျမစဉ်းစားနေတုန်း)

မေမေ မီးမီး လုပ်တာ ကောင်းလားဟင်?

(ကျမ သမီးလေး မင်းသမီးလုပ်တာ ဝါသနာ
ပါတယ် ထင်ပီး သမီးကို မေးလိုက်ပါတယ် )

"အရမ်းကောင်းတာပဲ မေ့သမီးလေးကကြီး
လာရင် မင်းသမီးလုပ်မလို့လား အရမ်းတော်
တာပဲ"

"မင်းတမီး လုပ်မို့ ဟုတ်ပါဝူးးမေမေရဲ့"

(ကျမ အံ့သြသွားပါတယ် သမီးလေးက
မင်းသမီးမလုပ်ချင်ပဲ ဘာလို့ ဒါကို လုပ်ပြတာပါလိမ့်)

"မီးမီးးကြီးးလာလို့ မေမေ့ အရွယ်ရောက်ရင်
မေမေ ဖွားဖွားးကို ပြောသလိုမျိုးး မီးးမီးးက
ပြန်လုပ်ရမှာလေ အဲ့အခါကျရင် မေမေ့လို
အိုင်တင်လေးးကို ကြိုက်ရို့မီးမီးကကျင့်ထား
ကြည့်တာ မေမေလဲ ဖွားဖွားလိုကျင့်ထားနော်
ဖွားဖွားမျက်ရည်လေးဝဲနေတဲ့အိုင်တင်အရမ်း
ကောင်းတယ် သိလား"

(သမီး စကားတွေကျမ ဆက်နားမထောင်ရဲ
တော့ပါ ကျမမှားးပီ ကျမ မေမေ့ကို စော်ကားမိလိုက်
ပီ ကျမကို သမီးလေး အခုလို ပြောတော့ ကျမ ကျမ
ဒီလောက် ခံစားသွားရရင် အမေ ……အမေ အမေရေ
ကျမ သမီးကို သတိမရတော့ပါဘူးး ကျမမျက်ရည်
တွေကြားကနေ အိမ်ထဲ ကပြေးထွက်သွားမိတယ်
ကျမ ကျမ အမေ့နောက်ကို လိုက်တာပါ ……)

ကျမ အမေ့ကို တွေ့ပါပီ အမေ လို့ကျမအကြယ်ကြီး
လှမ်းအော် လိုက်မိတယ် အမေလှည့်ကြည့်လာတယ်
ကျမ အမေ့နားကိုပြေးသွားတော့ ဟင်! အမေ အမေ
ငိုနေတယ် ဟင့်အင်း ကျမမှားးပီ ကျမအမေ့ရှေ့မှာ
ဒူးးထောက် လို့လက်အုပ်ချီလိုက်ပါတယ်……)

"သမီးး…သမီးမှားပါတယ် အမေရယ် သမီးကို
ခွင့်လွှတ်ပါ အမေရယ် သမီးအမေ့ကိုစော်
ကားမီပီ အမေ့ရဲ့ ချစ်ခြင်းမေတ္တာတရားတွေ
ကိုစော်ကားးမီပီ သမီးကိုခွင့်လွှတ်ပါ အမေ
ရယ် သမီးးအိမ်ကိုအားတိုင်းလာလည်ပါ့မယ်
အမေလဲ လာလည်ပါနော် သမီးကို သမီးကို
ခွင့် လွှတ်ပါ အမေရယ် "

"ခွင့်လွှတ်ပါတယ် သမီးးရယ် ထပါသမီးကို
လူတွေ ကြည့်နေတယ် ထထ "

(အမေ ကျမကို ဆွဲထူလိုက်တယ် ကျမမျက်
ရည်တွေကိုသုပ်ပေးတယ် ကျမလဲအမေ့မျက်ရည်
တွေကို သုပ်ပေးပီးအမေ့ကိုတအားဖက်လိုက်ပါတယ်)

တကယ်တော့ မိဘဆိုတာ သက်ရှိဘုရား ဆိုတာ
ကျမ သိလိုက်ပါ ပီ အမေရယ်..

ကဲသူငယ်ချင်းးတို့ ရေအဲ့တာမျိုးတွေတကယ်ရှိတယ်
နော် ဝဋ်ဆိုတာလည်တက်တယ်
မိဘတွေကသာ
အပစ်မယူတာ ငရဲကမနေပါဘူး
တကယ်တော့
မိဘဆိုတာ သူတို့ထမင်းမစားရရင်နေပါစေ သူတို့
မဝရင် နေပါစေ သူတို့အဝတ်ကောင်းမဝတ်ရရင် နေပါစေ 
သူတို့ ရဲ့သားသမီးလေးတွေကိုကျတော့
အများနဲ့တန်းတူ ပူဆာသမျှဖြည့်ဆည်းပေးတဲ့သူ
တွေပါ 
အဲ့တော့ မိဘတွေကို ကိုယ်ချင်းစာပါ ကိုယ်တိုင် မိဘနေရာရောက်ရင်ဆိုတဲ့ ခံစားချက်
လေးတွေနဲပေါ့ မိဘကျေးဇူးဆိုတာပြောရင်
မကုန်ပါဘူး
ကျေးဇူးမဆက်ချင်နေပါကျေးဇူးတော့
မကန်းးးကြပါနဲ့ 
မိဘတို့ရဲ့ရင်ထဲမှာသိပ်ကို
ရင်နှင့်မဆံ့ အောင် ခံစားရပါတယ်………

Credit to .......#
ဓမ္မ​ရေ​အေး