BlackBerry KEY2

in #blackberry7 years ago

“ BlackBerry KEY2 ကို ကြေညာ ”

TCL ဟာ နယူးယောက်မှာ BlackBerry KEY2 ကို မိတ်ဆက်လာပါတယ်။ BlackBerry KEY2 မှာ ယမန်နှစ်မျိုးဆက် KEYone ကိုပဲ အခြေခံလုပ်ဆောင်ထားတာဖြစ်ပြီး QWERTY ကီးဘုတ်လည်း ထည့်သွင်းထားပါသေးတယ်။ မျက်နှာပြင်ကို 3:2 နှင့် လုပ်ဆောင်ထားပါတယ်။ BlackBerry KEY2 က ကျောဘက်ကင်မရာနှစ်လုံးပါဝင်တဲ့ ပထမဆုံး BlackBerry ဖုန်းလည်း ဖြစ်ပါတယ်။

ကျောဘက်ကင်မရာနှစ်လုံးက 12MP+12MP ဖြစ်ပါတယ်။ ပထမကင်မရာဆင်ဆာမှာ အလင်းဝင်ပေါက် f/1.8 သုံးထားပါတယ်။ ဒုတိယကင်မရာဆင်ဆာက Telephoto ဖြစ်ပြီး အလင်းဝင်ပေါက် f/2.6 သုံးထားပါတယ်။ Optical Zoom သုံးနိုင်မှာ ဖြစ်တဲ့အပြင် Portrait Mode ရိုက်ကူးနိုင်ပါမယ်။

မျက်နှာပြင် ရုပ်ထွက်က 4.5 လက်မဖြစ်ပြီး IPS LCD 1080x1620 px ရုပ်ထွက်နှင့် ထောက်ပံ့ထားပါတယ်။ ဒီဖုန်းကို Snapdragon 660 နှင့် ပါဝါထောက်ပံ့ထားပြီး RAM6GB နှင့် အထိုင်ချထားပါတယ်။

BlackBerry KEY2 ကို 7 စီးရီးအလူမီနီယမ်ဖရိန်နှင့် ကွပ်ထားပါတယ်။
ကီးဘုတ်အရွယ်အစားက 20 ရာခိုင်နှုန်း ကြီးမားလာပေမယ့် အသုံးပြုရတာလွယ်ကူမယ့်အပြင် အလွန်တိကျကြောင်း BlackBerry က ပြောကြားထားပါတယ်။ လက်ဗွေရာစနစ်ကိုလည်း ယခင်မျိုးဆက်လိုပဲ Space Key မှာ ထည့်သွင်းထားပါတယ်။

BlackBerry က ဒီဖုန်းအတွက် လုံခြုံရေး Update ပုံမှန်ပေးသွားမယ်လို့ ကတိပြုထားတဲ့အပြင် OS Update လည်းပေးသွားမယ်လို့ ဆိုထားပါတယ်။ KEY2 ဟာအနည်းဆုံး Android P Update ရရှိပါမယ်။
BlackBerry KEY2 ကို ယခုလအတွင်းမှာပဲ တစ်ကမ္ဘာလုံးသို့ ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကဒေါ်လာ 649 ဖြစ်ပါတယ်။34790668_1741337092620776_818277766234374144_n.jpg