ကျွန်တော်ကြိုက်သောMYANMAR POSTများရဲ့ မှတ်သားဖွယ်ရာစာစုများ(9.4.2023)

in #ecencylast year

@ansoeရဲ့အထင်မ‌မ‌ေသးနဲ့ဆုိတာလောကကြီးမှာ လူမျိုးစုံကို အကျင့်စရိုက်မျိုးစုံ/ စကားကြီး စကားကျယ်ပြောတတ်သူ/ တချို့ကြတော့လည်း ငွေကြေးချမ်းသားမှုများ/ တချို့ကျပြန်တော့လည်း ပေါက်ပန်းလေးဆယ် လျောက်ပြောတတတ်ပုံ/ ဘယ်သူ ဘာပြောပြော ခေါင်းတငြိမ့်ငြိမ့်နဲ့ နားစိုက်ထောင်နေတတ်ကသူစတဲ့လူအမျိုးမျိုးရှိကြတယ်။လောကမှာကျင်လည်ရင် ခုလိုမျိုးကြုံရဆုံရမှာ လောကသဘာ၀တရားဘဲ။@ansoeရဲ့ရှူထောင့်မျိုးကနေ တွေပြီးရေးထားတာ တွေ့ရတယ်။ဒါကြောင့်လူတိုင်းမှာ မတူထူးခြားမှုတွေရှိသောကြောင့် အထင်မသေးပါနဲ့လို့ ပြောထားခြင်းဖြစ်မယ်။ခုလိုကျွန်တော်အတွက် ခုပိုစ့်လေးဖတ်ရတာ အကျိုးရှိပါတယ်။@ansoeရေ Cardပေးပါတယ်။

@tin.aung.soeရဲ့ Red Moon အကြောင်းလေးက လရာသီရဲ့ ကူးပြောင်းပုံလေးကို မျက်စိထဲမြင်အောင်ရေပြနိင်ပုံ/နေ့ဘက်မှာ ပူပြင်းပြီး ညဘက်မှာ အေးတတ်ပုံလေးကို ဖွဲ့နွဲ့ရေးထားတာ ကောင်းပါတယ်။တန်းခူးလပြည့်မှာ အနီရောင်သန်းတဲ့ လ အကြောင်းလေးကို တင်ပြထားတယ်။လက ထိန်ထိန်သာသာဖြစ်ရမဲ့ထင်သော်လည်း နီရောင်သန်းတဲ့အတွက် ကျွန်တော်တို့အနေနဲ့မမြင်ဖူးသောကြောင့် ခုလိုတင်ပြတာ မှတ်သားစရာကောင်းကြောင်း ပြောပါရစေ။@tin.aung.soeရဲ့ Red Moon အကြောင်းကို Crdပေးပါတယ်အကို။

အချုပ်ဆိုရသော် ကျွန်တော်အနေနဲ့ ခုလိုပိုစ်နှစ်ခုဖတ်ရတာ အသိပညာ ဗဟုသုတများရပါတယ်။ကိုယ်မသိ မကြားဖူးသောအရာများကို သိ လိုက်ရတဲ့အတွက် မနေ့ကထက် အသိတစ်ခု ပိုတိုးတတ်သွားပါတယ်။နောက်လည်း ခုလိုများများတင်နိင်ပါစေ။ကျွန်တော်အနေနဲ့လည်း ခုထက် စာများများဖတ်ပြီး များများဗဟုသုတများရကာ အသိပညာတိုးသောကြောင့် ခုပိုစ့်ကို ဖတ်သောသူများလည်း ဗဟုသုတရကြပါစေ။