Decide

in #esteem6 years ago

ကိုယ့်ကို စိတ်နာအောင်
ဘယ်လိုလာ ပြောပြော
ကိုယ် လက်ခံမှ နာမှာပါ . .

ကိုယ့်ကို စိတ်ဆိုးအောင်
ဘယ်လိုလာ ဆွဆွ ကိုယ်လက်ခံမှ
ဆွလို့ ရမှာပါ . .

ကိုယ့်ကို သိမ်ငယ်အောင်
ဘယ်လိုလာ လုပ်လုပ်
ကိုယ် နာခံမှ သိမ်ငယ်စိတ်ဝင်မှာပါ . .

ဘယ်သူက
ရေလာမြောင်းပေးပေး
ကိုယ် ပါမှ အလုပ်ဖြစ်မှာပါ . .

သူက ဒေါသထွက်အောင်
လာဆွလို့ ပေါက်ကွဲမိတာပါ . .
သူက ဘယ်လို
အမြူ အဆွယ်ကောင်းခဲ့လို့
စိတ်ပါမိတာပါ ဆိုတာတွေဟာ
အကြောင်းပြချက် သက်သက်
မျှသာဖြစ်နေတတ်ပြီး . .

တကယ်တော့
ကိုယ့်ရဲ့စိတ်ဓာတ် အခံအားနည်း
ခဲ့လို့၊ ကိုယ်ပူးပေါင်း ပါဝင်ခဲ့လို့
သာ၊ လာ ဆွလို မြူဆွယ်လို့
ရခဲ့တာသာဖြစ်ပါတယ် . .

သူတို့ ပြောတိုင်း ကိုယ်က
လိုက်လုပ်နေရင် ကိုယ်ဟာ
ကြိုးဆွဲရာ ကတတ်တဲ့
ရုပ်သေးရုပ် ဖြစ်နေမှာပေါ့ . .

ကိုယ်ဟာ ရုပ်သေးရုပ် မဟုတ်ဘူး
ကိုယ့် ဘဝရဲ့ ပဲ့ကိုင်ရှင်အစစ်သာ
ဖြစ်ပါတယ် . .

ကိုယ့် ဘဝအတွက်
ဆိုးစေ ကောင်းစေနိုင်တဲ့
ဆုံးဖြတ် ပိုင်ခွင့်ရှိသူ
ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်
ဆိုတာကို မမေ့သင့်ပါဘူး .

@chitchit