No copy

in #esteem6 years ago

❕ စိတ္တဇ❔
တိတ်ဆိတ်တဲ့ည
လင်းရောင်ပျပျ
နှလုံးသာပေါ်
ထိုးကျလာချိန်
ပျံဝဲထွက်ပြေးသော
မသိစိတ်တစ်ချို့နဲ့
တစ်ချက်တစ်ချက်
ဖြတ်သန်းသွားတဲ့
အသံဗလံကြောင့်
သိတဲ့စိတ်တစ်ချို့
ရင်ကိုလာရိုက်တယ်
စိုးရိမ်တဲ့စိတ်နဲ့
အိပ်စက်ခြင်းကြား
လွန်ဆွဲလိုက်
အငြင်းပွားလိုက်နဲ့
နာရီသံလေးချက်တီး
နောက်မနက်နီးလာပြီး
သူနဲ့ကျနော်
ပိုပိုနီးလာသလို
ပိုပိုဝေးသွားသလို
ဘာလိုလိုဘာလိုလို ⁉ image