မျတ်ရည်မိုး ………

in #esteem6 years ago

မျတ်ရည်မိုး ………

          များစွာမြေ မခ"စေချင်ပါ……

image
မနက်ကတည်းက တဖွဲဖွဲရွာနေသောမိုး……ရေတို့နှင့်အတူ မိုးစက်မိုးပေါက်တို့က ယမန်နေ့တွေထက်ကလိုမဟုတ်တော့
အားအင်ဖျော့ဖျော့သာရှိတော့သည်။ မိုးသားတိမ်လိပ်တွေကပဲ ဟန်ဆောင်မူ့ကောင်းနေသလားရယ်… ……

…………ညို့မိုင်းမိုင်းမိုးတိမ်တောင်တွေက စာရေးသူတို့မြိတ်မြို့ကလေးမှာ ရွာတော့မည့်မျတ်ရည်မိုးမာန်တင်းနေသလို။

ယနေ့နေ့လည်:း၀၁း၀၀နာရီမှာထွက်ခွာတော့မည့် Y-8 တပ်မတော်လေယာဉ်ကြီးမှာ မိုးစွတ်စွတ်လေးနဲ့အတူ မြိတ်လေယာဉ်ကွင်းမှာ တည်ငြိမ်စွာရပ်တန့်ထားပါသည်။

သူ…ဒီနေ့ ပျော်ရွင်နေမိသည်ကတော့အမှန်ပါ ။
မကြာခင်မှာ ဖခင်ဖြစ်ရတော့မယ့်သူ့အတွက် ပျော်ရွင်စရာမိသားစုတွေကသူ့ကို ရန်ကုန်လေဆိပ်မှ သတိတရဆီးကြိုဆိုနေကြသည်လေ။
"မိန်းမရေ… ကိုယ်တို့ဒီနေ့ ပဲ ရန်ကုန်ကိုရောက်မယ်နော်…လေဆိပ်ကနေပဲကြိုနေသိရဲ့လား"

တစ်ဖက်က ဇနီးသည်ရဲ့ ရွင်မြူးနေတဲ့ အသံလေးနှင့်
"ဟုတ်လားမောင်"

ဟုတ်တယ်မိန်းမ" ကိုယ်ဝန်လေးလဲဂရုစိုက်နော်"

"ဂရုစိုက်ပါတယ်မောင်ရဲ့
မောင့်တို့ ဘယ်ချိန်လောက် ရန်ကုန်လေဆိပ်ကို ဆိုက်မလဲဟင် "

45"မိနစ်လောက်ပဲမောင်းရမှာမိန်းမရဲ့ သိပ်မကြာပါဘူး" မိန်းမသာ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်နော် မိုးတွေလဲမိနေဦးမယ်"

"ဟုတ်ကဲ့မောင် မောင်လဲ အစစအရာရာဂရုစိုက်ပါ
မိန်းမမောင့်အတွက် ညနေစာကြိုစီစဉ်ထားမယ်နော် မောင်ကြိုက်တတ်တဲ့ ငါးခူဟင်းလေးကို ဆီပြန်ချက်ထားပေးမယ်မောင်"

"ဟားဟားဟား"ဟုတ်ပါပြီဗျာ" ဟုတ်ပါပြီ
အဲ့ဒါကြောင့် မောင့်မိန်းမကို မောင်သိပ်ချစ်ရတာ"
သူဒီနေ့အရမ်းပျော်နေတယ်လေ။
ရန်ကုန်မှာကျန်ရစ်…ခဲ့တဲ့ သူအမျိုးသမီး ခုကိုယ်ဝန်မပေါ့မပါးကြီးနဲ့ ကျန်ရစ်ခဲ့ရှာသည်။
ကလေးအဖေဖြစ်တော့မှာပါလား ဆိုတဲ့အသိစိတ်နဲ့အတူ သူ့ရဲ့ဝမ်းသာကြည်နူးမူ့ကို တချို့သောသူတွေ သတိထားမိမည်မထင်ခဲ့ပါ ဇနီးသည်မျတ်နှာကို လည်း သူအရမ်းတွေ့ချင်နေရှာသည်လေ… …(သူကြိတ်ပြီးပြုံးလိုက်တယ)် သူ့ အမျိုးသမီးကို သူဖုန်းလေးထဲက" အာဘွားမွမွလေးပေးလိုက်တော့ တစ်ဖက်က သူ့အမျိုးသမီး ရှက်စဖွယ် ရယ်သံလွင်လွင်လေးသူကြားလိုက်ရသည်ပေါ့။ သူပြန်ရောက်လျှင် သူ့မိန်းမရဲ့ ဗိုက်ပူပူလေးနားကိုသူခေါင်းလေးအသာတိုးကပ်ပြီး ဝမ်းဗိုက်ထဲက သူ့ရဲ့သမီးလေးကို မွမွပေးပြီး "ဖေကြီးပြန်လာပြီ"
ဆိုပြီးနူတ်ဆတ်ဦးမည်။

သူ့အတွေးစနှင့် သူ့နှလုံးသားက ဝေးကွာနေသောသူ့ မိသားစုဆီမှာ ။
နိုင်ငံရဲ့ တာဝန်တွေကို သူကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သလို သူ့အိမ်သူုသက်ထားအတွက်လဲ စံပြခင်ပွန်းကောင်းတစ်ဦးပါ။
သူဖုန်းလေးကို ချလိုက်တော့ သူ့ဇနီးရဲ့ မျတ်နှာဝိုင်းဝိုင်းလေးက Phone wallpaper မှာသူ့ကိုပြုံးပြုံးလေးကြည့်နေသည်။

"သမီးရေ…ဒီနေ့ပဲအမေတို့ ရန်ကုန်လေဆိပ်ကို ဆိုက်မယ်နော်…"သမီးနေမကောင်းရင် ထွက်မလာနဲ့ အမေသမီးဆီကိုတန်းပြန်လာခဲ့မယ်"

"ဟုတ်ကဲ့မေမေ သမီးလဲ သက်သာသွားပါပြီ သမီးလေဆိပ်ကနေပဲ ကြိုနေပါ့မယ်မေမေ"
"ငါ့သမီးလေးရောဂါအခြေနေသက်သာသွားပြီးဆေးရုံဆင်းရပြီဆိုတော့ အမေဝမ်းသာပါတယ်ကွယ်"

"သမီးရဲ့ရောဂါ ခုဆို ဒေါင်ဒေါင်မြည်ပ်ါပဲမေမေရဲ့"

"အေးးပါသမီးလေးရယ် ငါ့သမီးလေးလည်းဆေးရုံကဆင်းပြီးဆိုတော့ အမေစိတ်ချပါပြီကွယ် ကျန်းမာရေးက အရေးကြီးပါတယ်ကွဲ့…"

"ဟုတ်ကဲ့မေမေ"

"မေမေလဲ ကျန်းမာရေးဂရုစိုက်နော်မေမေ"

အမေ့အတွက် စိတ်မပူပါနဲ့သမီးရယ်… သမီးပဲကိုယ့်ကိုကိုယ်ဂရုစိုက်နော်"

"ဟုတ်ကဲ့မေမေ"

မိခင်အိုကြီးပါ။
Y-8 လေယာဉ်ပေါ်တတ်ခါနည်း ရန်ကုန်မှာကြိုစောင့်နေမည့်သမီးလေးကို တဖွဖွ မှာရှာနေသည်လေ။

••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
ရန်ကုန်ကို ပြောင်းရွေ့တာဝန်ထမ်းဆောင်ခွင့်ရတော့မယ်ဆိုတော့ စစ်သူနာပြုဆရာမလေး သူပျော်နေရှာသည် ။

တာဝန်တွေပြည့်နေပေမဲ့ ပြုံးရွင်စွာနေတတ်သူ
တပ်မတော်သား စစ်သည်လူနာတွေကို သူမတတ်အားသမျှကယ်တင်မည်။ …
သူမရဲ့ စိတ်ကူးလေးက နိုင်ငံတော်ရဲ့တစ်ဖက်တစ်လမ်းက စစ်သူနာပြုဆရာမလေးဖြစ်ဖို့ကြိုးစားခဲ့သူ
(အားလပ်ရက်လေးတွေမှာ ရန်ကုန်မြို့တော်ကြီးကို လျှောက်လည်မယ် ဘုရားတွေစုံအောင်ဖူးမယ်လေ လာလည်နော်")
(ဆိုတဲ့စစ်သူနာပြုဆရာမလေး)

သူမ Y-8 လေယာဉ်ကြီးကို တတ်သွားတော့ ခြေလှမ်းလေးတွေက ပေါ့ပါးနေပါသည်။
သူမ နုတ်ခွန်းဆက်အပြုံးလှလှလေးနှင့် မြိတ်မြို့ကြီးကို သမင်လည်ပြန်နှုတ်ဆတ်ခဲ့ရှာသည်။
သူမရဲ့မျော်လင့်ချက်များစွာ တာဝန်တွေများစွာနဲ့ ချစ်သော မိသားစုကို ခွဲခွာသွားခဲ့လေသည်။

Y-8 လေယာဉ်ပေါ်ကို
ဝမ်းဗိုက်လေးပူပူနဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးလေးတစ်ယောက်ပါလာခဲ့တယ်)

သူ့ရဲ့ စိတ်ခံစားချက်လေးကို ဘယ်သူတွေ သတိထားမိကြမှာလဲနော်…
(ယောင်္ကျားရေ…ရှင့်ရဲ့ ရင်သွေးလေးကို လွယ်ထားတဲ့အချိန်မှာရှင် ကဟိုးးးးစစ်မြေပြင်မှာ တာဝန်တွေထမ်းဆောင်နေသည်ပေါ့။ စိတ်ချပါယောင်္ကျား ရှင့်နဲ့ကျွန်မရဲ့ ရင်သွေးလေးကို ကျွန်မ အသက်ရှင်နေတဲ့ကာလပတ်လုံးကောင်းမွန်စွာစောင့်ရှောက်သွားမှာပါ။ ကျွန်မ ဝမ်းထဲက သားလေးလားသမီးလေးလားမသိပေမဲ့ ကျွန်မသူ့အတွက် မျော်လင့်ချက်တွေရှိပါတယ်ရှင်ရယ်…ရှင်နေကောင်းကျန်းမာပါစေလို့

ရှင့်တွက် ဘုရားမှာ ညစဉ်ညတိုင်း ဆုတောင်းနေမိတယ် တာဝန်တွေဖိစီးနေတဲ့ တပ်မတော်သားတွေကို ကြည့်ပြီးတော့လည်း ကျွန်မရှင့်ကို သနားမိတယ်…
ယောင်္ကျားတွက်လည်း ကျွန်မ ဂုဏ်ယူပါတယ်ရှင်စိတ်မပူနဲ့နော် ကျွန်မရှင့်အတွက်ဘုရားမှာဆုအမြဲတောင်းပေးတယ် …ငါ့ယောင်္ကျား အစစအရာရာ အဆင်ပြေပြီးနေကောင်းကျန်းမာပါစေ…လို့ ကျွန်မအမြဲဆုတောင်းပေးပါတယ်" ရှင် အဆင်ပြေပါစေ…ယောက်င်္ကျားရယ်……

(Y-8 ပေါ်မတတ်ခင် ခလေးတစ်ဖက်ကို ခါးခွင်မှာချီထားရင် လင်သားကို စိတ်မချဖြစ်နေသည့် သားမိနှစ်ယောက်ရဲ့ခံစားချက်ကလေး…

"ရှင်တစ်ယောက်တည်း ဖြစ်ပါ့မလား"
(ယောင်္ကျားဖြစ်သူကို စိတ်မချတဲ့အသံ )

မြိတ်ဆေးရုံမှ ရန်ကုန်ဆေးရုံကြီးကို လွဲပြောင်းကုသမူ့ခံယူတဲ့ ဒဏ်ရာရ အရာရှိတစ်ဦးပါ။

"အဆင်ပြေသွားမှာပါကွာ "

ဟိုမှာလဲတို့တပ်မတော်သားတွေပဲရှိတဲ့ဥစ္စာ"

"ကလေးကို နွေးနွေးထွေးထွေးထားနော်"

"အင်းပါ ကိုယ့်ကိုကိုယ်ပဲဂရုစိုက်ပါ"

သူက ပြောရင်း မိခင်ဆီမှ သမီးလေးကို ချီလိုက်သည်။ ခွဲခွာကာနီးသမီးလေးကို သူတရှံ့ရှံ့နမ်းလိုက်သည်။ ချစ်စဖွယ်သမီးလေးက သူ့ရင်ခွင်ထဲကို နှုတ်ဆတ်ရှုးရှုးများ ပေါက်ချလေတော့…

"ဟာစိုကုန်ပြီ" ဟားဟားဟား" သမီးက ဖေကြီးကို နှုတ်ဆတ်တာပေါ့ဟုတ်လား" ချစ်သမီးလေးကို သူတဝကြီးနမ်းပြီး လေယာဉ်ကြီးဆီကို လက်ပြနှုတ်ဆတ်ထွက်ခွာသွားပါတော့တယ်။

့မြိတ်လေဆိပ်ထဲမှာ သူတို့မိသားစုလေး နောက်ဆုံးရီသွားနိုင်သေးသည်။

တပ်မတော်စစ်သည်မိသားစု ၁၂၂ ဦး စီးနင်းလိုက်ပါသွားသော Y-8 တပ်မတော်လေယာဉ်ကြီးသည်မြိတ်မြို့မှမွန်းလွဲ
၀၁း၀၀အချိန်မှာစတင်ထွက်ခွာသွားတော့သည်။ ကျန်ရစ်သူအချို့ဟာ လက်ကလေးကိုယ်စီပြရင်းနှုတ်ဆတ်ကြရှာသည်။
စာရေးသူတို့ရဲ့ ရပ်ကွက်လေးထဲကို ခန့်မှန်းအမြင့်(ပေ၃၀၀၀)စတင်ပြန်သန်းသွားပါတယ် ။
ကျယ်လောင်စွာထွက်ပေါ်နေသော လေယာဉ်အင်ဂျင်သံက နာကြင်စရာအမှတ်တရတွေ ဖြစ်လာခဲ့မယ်လို့ စာရေးသူ မတွေးမိခဲ့ပါ…ခုတော့ အရာရာအားလုံးဆုံးရှံးလိုက်ရချေပြီ မျိုးဆက်သစ် နိုင်ငံ့သားကောင်းရတနာများ ဤ Y-8 ဆိုသောလေယာဉ်ကြီးတွင် ပါသွားခဲ့သည်လေ… ခုတော့ မျတ်ရည်မိုးများစွာ မြေခ"ခဲ့ရချေပြီ။

မျတ်ရည်မိုးများစွာမြေ"ခခဲ့ရပြီ။

ငြိုးမာန်ရယ်…ပြင်းစေဦးတော့ …

မျတ်ရည်တွေ မြေခ" ကြွေရပြီ…
ကြံမ္မာရယ် ဖန်တီးလေသလား…
သံယော်ဇဉ်တွေ အပြတ်ဖျတ်ခါ သွားတော့
Y-8 ရယ်…ရက်စက် လွန်းပါတယ်……
……

Y-8 2000 Fမှာလိုက်ပါသွားကြသောတပ်မတော် မိသားစုဝင်များအားလုံးနှင့်

             ထပ်တူကြေကွဲဝမ်းနည်းမိပါကြောင်း…
Sort:  

Source
Plagiarism is the copying & pasting of others work without giving credit to the original author or artist. Plagiarized posts are considered spam.

Spam is discouraged by the community, and may result in action from the cheetah bot.

More information and tips on sharing content.

If you believe this comment is in error, please contact us in #disputes on Discord