How to Make Beautiful Paper Flower Vase

in HIVE-MYANMARlast month

ဒီနေ့ တကယ့်ကိုလှတဲ့ paper flower vase တစ်ခုပြုလုပ်ထားပါတယ်။ ထိုတစ်ခုမှာ ပန်းလေးပွင့်ပါရှိပြီး၊ vase ပေါ်မှာ paper bow တစ်ခုဖြင့်လည်းအလှဆင်ထားပါတယ်။ ဒါကြောင့်ဒီတစ်ခုလုံးအတွက် ပြုလုပ်ရတာ အဆင့်များပြီး၊ ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံ စသဖြင့်ပါ။

ပထမအဆင့်မှာ ပန်းများပြုလုပ်ရန် စက္ကူအပိုင်းများကို အလျားအနံတူညီစွာဖြတ်၍ အဆင့်ဆင့်ခေါက်ပါတယ်။ နောက်တစ်ဆင့်မှာ ပန်းပွင့်ပုံစံရရန် ပုံဆွဲ၍ဖြတ်ပြီး၊ ထိုပန်းကိုအနည်းငယ်ထပ်မံဖြတ်၍ ကော်ပြန်ကပ်ရမှာပါ။ နောက်ထပ်ပန်းတစ်ပွင့်ကိုလည်းထိုကဲ့သို့ပြုလုပ်၍ သူတို့ကိုအတူတကွကော်ကပ်ပါတယ်။ လိမ္မော်ရောင်စက္ကူအပိုင်းတစ်ခုကို ပုံအတိုင်းဖြတ်၍ခေါက်ပြီး ပန်းတစ်ပွင့်ပြုလုပ်တယ်။ ဒါကို ပထမပန်းရဲ့အလယ်မှာကော်ကပ်တယ်။ ပန်းလေးပွင့်ပြုလုပ်ရန်လိုအပ်ပါတယ်။

ဒီအဆင့်မှာ အစိမ်းရောင်စက္ကူအလိပ်လေးခုပြုလုပ်၍ သစ်ရွက်များကိုလည်းဖြတ်ရမှာပါ။ သူတို့ကိုပန်းများနဲ့ဆက်ရမှာပါ။

vase အတွက် စက်ဝိုင်းပုံစံ box တစ်ခုကိုပထမဆုံးပြုလုပ်တယ်။ နောက်တစ်ဆင့်မှာ A4 size ပန်းရောင်စက္ကူကိုပုံအတိုင်းဖြတ်၍ box နဲ့အတူတကွကော်ကပ်ပါတယ်။

paper bow အတွက်စက္ကူအပိုင်းပုံစံသုံးခုဖြတ်၍ သူတို့ကိုအဆင့်ဆင့်ခေါက်ပြီး၊ နောက်ဆုံးအဆင့်မှာ စက္ကူအပိုင်းတစ်ခုဖြင့်အလယ်မှာချည်၍ ကော်ကပ်ပါတယ်။ ထို bow ကို vase ပေါ်မှာကော်ကပ်ရမှာပါ။

ထို paper flower vase ကိုပြုလုပ်ပြီးနောက် အရမ်းလှတာကြောင့် တကယ့်ကိုနှစ်သက်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

March 27, 2024
Written by @asterkame
By my photo & made by me

Sort:  

Thank you very much for your supporting.

It's so lovely. ❤️

I see. Thank you.❤