Hive Power and Me

in HIVE-MYANMAR3 years ago

Hive သို့မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သော်လည်း တစ်စွန်းတစ်စတော့ ရှိနေခဲ့သည်မှာ လပိုင်းလောက်တော့ ရှိလေပြီ ။ ကျွန်တော် အရင်တုန်းက steemit မှာလို ပြန်ပြီးတော့ ဖြစ်လာအောင်လုပ်ရမည်လား မသဲကွဲပါ ။ Power တစ်ခုရရှိဖို့ပင် အချိန်မှာ ကြာလွန်းလှသည်ထင်သော်လည်း ပျောက်ကွယ်သွားဖို့ကတော့ အချိန်သိပ်မစောင့်လိုက်ရပါ ။ သိပ်မစောင့်လိုက်ရဟု ဆိုသော်လည်း Sp Power Down ရသည့် အချိန်မှာ သိရှိသည့်အတိုင်းပင် ဖြစ်သည် ။

images.png

ယခင်က Steem အချိန်မှာပင် မရှိတော့သော အရာတို့က ယခု Hive သို့ ရောက်ရှိလာသော အခါတွင်လည်း လိုက်မလာတော့ပါ ။ ရှေးအခါက post တင်လိုက်လျှင် သူများကိုလည်း vote ပေးနိုင်သော်လည်း ယခုအခါမှာတော့ တစ်ခါ တစ်လေ ရချင်ရ မရချင်နေ တင်နေသော်လည်း ကိုယ့်Post မှာ သူများ vote လေးတွေ မြင်လိုက်လျှင် ကိုယ်မပေးနိုင်တာအတွက်တော့ တစ်မျိုးဖြစ်ရသည် ။ Power စုဖို့လည်း ရည်ရွှယ်ချက် မရှိပြန်တော့ ပိုလို့ ဆိုးသည်ထင်သည် ။
မလုံမလဲ ဖြစ်နေတာလေးတွေ မဖြစ်ချင်တာလဲပါ post လေးလဲ တင်ချင်လို့ တင်ရင်းပါဘဲ ။ Power ကတော့ အရင်တုန်းကလို စုချင်စိတ်မဖြစ်မိသေးပေမဲ့ ရှိထားချင်စိတ်လေးကတော့ ရှိနေဆဲပါ ။တစ်ချိန်ချိန် မတော်တဆ များလာနိုင်ပေမဲ့ စုဖို့တော့ မကြိုးစားချင်သေးပါ ။ ဘာရယ်တော့ မဟုတ်ပါဘူး လောလောဆယ် အခြေနေမှာ HP မစုသေးပါဘူး ဒါပါဘဲ ။

@domelay

Sort:  

ဒိုမီလေးရေ.... Torum တဲ့ဟေ့.... group ထဲမှာ ရေပန်းစားနေတယ်

ဟုတ်အကို ခုမှ Gp ထဲမှာတွေ့ လုပ်တော့လုပ်ကြည့်နေတယ် သဘောတော့ သိပ်မပေါက်သေး 😁😁😁


Posted via proofofbrain.io

Fighting ပါ အေ

ဖိုက်တင်းပါဘဲဗျာ အကိုရေ


Posted via proofofbrain.io

စု နိုင်အောင် ကြိုးစားပါလေ

စုနိုင်ဖို့ သေချာကြိုးစားရမယ် 😁😁😁