Earn HIVE on X by Ecency

in HIVE-MYANMAR17 days ago

စာက ရေးချင်စိတ် ပေါက်ရင်လည်း နာရီပိုင်းနဲ့ ပိုစ့် နှစ်ခု၊ သုံးခုလောက် ရရင်လည်း ရနေတာပဲ။ မရေးချင် ပြန်နေတော့ နေ့တပိုင်းလုံး မက၊ တနေ့ကုန်နေလို့တောင် တပိုစ့် မထွက်လာပေ။ ဒီနေ့လည်း ဘာရေးရင် ကောင်းမလဲ တွေးနေရင်းက Ecency မှာ ပိုစ့်တခု သွားတွေ့မိ၏။ Ecency နဲ့ Hive Echo တို့ပေါင်းပြီး Twitter (X) မှာ Ecency ကို support ပေးဖို့ပေါ့။ အဆိုပါ support ပေးသူများ ထဲမှ ကံထူးသူများကို ရွေးချယ်ပြီး HIVE တွေ ပေးသွားမယ်လို့ ပြောထားပါတယ်။ HIVE ပမာဏ ဘယ်လောက်ရယ်တော့ မပြောထား ပါဘူး။

ကျနော်တို့ဆီက ဟို Facebook မှာ Marketing ဆင်းသလိုပေါ့။ like, comment, share ပေးပြီး screenshot ကို လာပြန် မန့်ပေးရသလိုပေါ့။ ခုလည်း X မှာ သူတို့ပြောထားတဲ့ ပိုစ့်ကို follow, like & repost လုပ်ပေးရမှာပါ။ Screenshot ယူတဲ့ နေရာမှာ မိမိရဲ့ X username ပါ ပေါ်နေဖို့ လိုပါမယ်။ ပိုစ့်မှာ သူ နမူနာပုံ ပြထားပေးပါတယ်။ မိမိ ရိုက်ယူထားတဲ့ screenshot နှင့်အတူ Hive က သူငယ်ချင်း သုံးယောက်ကို tag တွဲပြီး ပြန်လာ မန့်ပေးရမှာ ဖြစ်ပါတယ်။

ပြီးတော့ Hive keychain ကို အသုံးပြုပြီး Hiveposh.com မှာ မိမိရဲ့ X account နဲ့ link ချိတ်တာမျိုး လုပ်လို့ရပါတယ်။ အဲ့ကနေ POSH token ပေးပါတယ်။ daily လား၊ hourly လားကတော့ စာလိုက်ဖတ်ကြည့်ပါဦးမယ်။ POSH token ကို ဘယ်နေရာမှာ ဘယ်လို သုံးရမယိ ဆိုတာကိုလည်း လေ့လာ လိုက်ပါဦးမယ်။ Hive ကတော့ ကျနော်တို့ကို ခုထိ လေ့လာစရာတွေ ပေးနေတုန်းပါပဲ။

ကံထူးရှင်များ ဖြစ်ကြပါစေ။

မူလ ပိုစ့် link က ဒီမှာပါဗျ။

https://ecency.com/hive-197333/@hive-echo/earn-usdhive-by-supporting-ecency

Sort:  

X password မေ့နေသောမိမိ 😂
!MEME
!LOLZ

What do Thanksgiving and junkies have in common?
Cold turkey.

Credit: networkallstar
@donjaun, I sent you an $LOLZ on behalf of htwegyi

(1/8)
Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.

Forgot password လုပ်ပြီး mail ကနေ recovery ပြန်လုပ်ယူကြည့်ပါလားဗျ။

ဟုတ် ကိုဒွန် လုပ်ကြည့်မယ်။