Mbappe

in HIVE-MYANMAR2 days ago

Germany အသင်းလို ၃၂ သင်း အဆင့်မှာတင် လှည့်ပြန်သွားရသည့် နောက်ထပ် အသင်းကတော့ Netherlands ဖြစ်လေ၏။ Germany လိုပဲ ၁-၁ သရေကျပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ ၂-၃ ဖြင့် ရှုံးနိမ့်ကာ အိမ်ပြန်ခဲ့ရလေ၏။ ၇၂ မိနစ်မှာ Netherlands တို့ ဦးဆောင်ဂိုး သွင်း၏။ ၉၀+၁ မိနစ်မှာ Morocco က ချေပဂိုး ပြန်လည် သွင်းယူ၏။ အချိန်ပို ၁၅ မိနစ် နှစ်ပိုင်း ကစားပြီးချိန်မှာလည်း ဘယ်အသင်းမှ ဂိုးထပ် မသွင်းနိုင်ခဲ့ကြပေ။ နာမည်ကြီး အသင်း ၂ သင်း အနေဖြင့် ခပ်စောစော နှုတ်ဆက် လှည့်ပြန် သွားရလေတော့၏။

မနေ့ည ၁၁ နာရီခွဲမှာ ကစားသည့် Ivory Coast vs Norway ပွဲစဉ်မှာတော့ Norway အသင်းက ၁-၂ ဖြင့် အနိုင်ရပြီး ၁၆ သင်း အဆင့်ကို တက်လှမ်း သွားခဲ့လေတော့၏။ ၃၉ မိနစ်မှာ Norway က ဦးဆောင်ဂိုး သွင်း၏။ ၇၄ မိနစ်မှာ Ivory Coast က ချေပဂိုး ပြန်လည် သွင်းယူ၏။ ၈၆ မိနစ်မှာ Norway က ဦးဆောင်ဂိုး သွင်းယူ၏။ အဆိုပါ ဦးဆောင်ဂိုးကို Haaland က သွင်းယူခဲ့ခြင်း ဖြစ်၏။ Haaland အနေဖြင့် လက်ရှိ ကမ္ဘာ့ဖလားမှာ သွင်းဂိုး ၅ ဂိုးဖြင့် Messi, Mbappe တို့နောက်မှာ ရပ်တည်နေ၏။

မနက် ၃ နာရီခွဲမှာ ကစားသည့် France vs Sweden ပွဲစဉ်မှာ France က ၃-၀ ဖြင့် အနိုင်ရသွားခဲ့၏။ France အတွက် ဂိုးတွေကို ၄၅၊ ၅၃ နှင့် ၇၄ မိနစ်တွေမှာ သွင်းယူ သွားခဲ့၏။ အဆိုပါ ၃ ဂိုးမှာ Mbappe က ၂ ဂိုး သွင်း၏။ ထို့ကြောင့် ဂိုးသွင်းအများဆုံး ကစားသမား စာရင်းမှာ ၆ ဂိုးဖြင့် Messi နဲ့အပြိုင် ရပ်တည်နေ၏။

Sweden အသင်းပါ ရှုံးနိမ့် သွားခဲ့ရသည်မို့ Group F ကနေ တက်လာသည့် ၃ သင်းလုံး ၃၂ သင်း အဆင့်ကနေတင် နောက်လှည့် ပြန်သွားကြရပြီ ဖြစ်၏။ Netherlands, Japan & Sweden တို့ ဖြစ်၏။ Group E က အသင်းတွေလည်း အခြေအနေ မကောင်းလှပေ။ Germany, Ivory Coast တို့ အနေဖြင့် ၃၂ သင်းအဆင့်မှာတင် ကျေနပ်ခဲ့ရပြီး ဖြစ်၏။ Ecuador အနေဖြင့် Mexico နှင့် ကစားရမည် ဖြစ်၏။ Ecuador သာ Mexico ကို ရှုံးနိမ့်ခဲ့ရင် Group E က အသင်းတွေ အနေဖြင့် ၃၂ သင်းအဆင့်နဲ့တင် ကျေနပ်ရပေလိမ့်မည်။

နောက်တဆင့် တက်မယ် ထင်ထားသည့် အသင်းတွေက မတက်ဘဲ မတက်ဘူး ထင်ထားသည့် အသင်းတွေက တက်နဲ့ ရှုံးထွက် ပွဲစဉ်တွေက အနည်းငယ် မှန်းဆရ ခက်လို့ နေခဲ့၏။ ဒါသည်ပင် ဘောလုံး၏ အနှစ်သာရပင် မဟုတ်ပါလား။ ထင်မှတ် မထားတာတွေ ဖြစ်တတ်တာလည်း လောကသဘာဝပင် မဟုတ်ပါလား။

(photos from FIFA World Cup)

Sort:  

Congratulations @donjaun! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You have been a buzzy bee and published a post every day of the month.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP

Check out our last posts:

Be ready for the July edition of the Hive Power Up Month!
Hive Power Up Day - July 1st 2026