Nicegram

in HIVE-MYANMAR5 days ago

တနေ့က Nicegram app အကြောင်း ပိုစ့် တင် ဖြစ်၏။ ဒီနေ့ ဆက်ပြောကြရအောင်။ Telegram နဲ့ အတူတူပါပဲ။ မတူတာက သူက customize လုပ်လို့ရတာတွေ ပိုပါ၏။ အရင် ကျနော်သုံးဖူးသည့် Nagram နဲ့ အတော်လေး ဆင်တူ၏။ နို့ပေမယ့် Nagram က ပိုပြီး customize လုပ်လို့ရ၊ လုပ်ခွင့် ပေးထား၏။ Nicegram မှာ Nagram ထက် သာတာကတော့ build in wallet (sol wallet) ပါရှိခြင်း ဖြစ်၏။ နောက်တခုက Nicegram ရဲ့ native coins သဘောမျိုး ဖြစ်သည့် Attention Points ပေးခြင်း ဖြစ်၏။ Nicegram ကို သုံးနေရင်းကနေ အဆိုပါ ATT ကို ရမည် ဖြစ်၏။

နောက်တခုက Gems ဖြစ်၏။ ကြော်ငြာတွေ ကြည့်ရင်း၊ Daily check in ဝင်ရင်းကနေ Gems တွေ ရနိုင်၏။ အဆိုပါ Gems ကို ATT points အဖြစ်လည်း ပြောင်းလဲလို့ ရပြန်သေး၏။ ATT points က နောက်ပိုင်း ဘာ အတွက်၊ ဘယ်နေရာမှာ သုံးလို့ရမည်ကိုတော့ မသိသေးပေ။ Nicegram ( တနည်းအားဖြင့် Telegram) သုံးနေသရွေ့ အဆိုပါ points လေး ရနေမည် ဖြစ်၏။ သူငယ်ချင်းတွေ ဖိတ်ခေါ်ရင်းဖြင့်လည်း အဆိုပါ points တွေ ထပ်ရနိုင်ပါသေး၏။

Nicegram မှာ build in AI assistant လည်း ပါသေး၏။ တနည်းအားဖြင့် Bot ပေါ့လေ။ တမျိုးထဲ မဟုတ် သုံးမျိုး ဖြစ်၏။ ကျန်တာကတော့ Telegram နဲ့ ထူးထွေခြားနား နေတာမျိုး မရှိပေ။ Telegram Airdrop လုပ်လေ့ ရှိသူတွေအဖို့ Nicegram ပြောင်းသုံးကြည့်လိုက သုံးကြည့် နိုင်ပါတယ်။ ကျနော်ကတော့ ယခင် Nagram ထက်ကို ယခု Nicegram ကို ပိုပြီး သဘောကျမိနေပါတယ်။

ကျနော့် အချိန် အများစုက Facebook ထက် Telegram မှာ ပိုကုန်လေ့ ရှိတော့ ATT points ပိုပြီး စု ဖြစ်တာပေါ့လေ။ နောက်ပိုင်း ATT points နဲ့ တခုခု လုပ်လို့ ရတာမျိုးလည်း ရှိလာရင် ကောင်းတာပေါ့။ Official Telegram app ကို အခြေခံထားသည့် 3 rd party app တွေ အများကြီး ရှိပါသေးတယ်။ ကျနော်ကတော့ ၃ ခုပဲ သုံးဖူးပါသေးတယ်။ Auragram, Nagram & Nicegram တို့ ဖြစ်ပါတယ်။ Nicegram ကိုတော့ အချိန် ကြာကြာ အသုံးပြုဖြစ်နေဦးမယ် ထင်ပါတယ်။

Sort:  

3rd party app ဆိုတော့ Airdrop တိုင်း ကောက်လို့မရဘူး။
!LOLZ
!HUG

Why was it so easy for the scientist to learn how to make glass from lizards?
It was clear from the gecko.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of golden.future

(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP

ရနေပါတယ်ဗျ။ 3 rd ဆိုပေမယ့် Telegram base ကိုပဲ ယူထားတာပါဗျ။

!hiqvote