စိတ်

in HIVE-MYANMARlast month

စိတ်သာ ရှင်စောဟု ရှင်တော်ဘုရားက ဟောကြားလို့ ထား၏။ လူမှာ စိတ်က အရေးကြီးလှပေ၏။ စိတ်ထောင်းတော့ ကိုယ်ကြေဆိုသည့် စကားအတိုင်း စိတ်ကျ စိတ်ပင်ပန်း နွမ်းနယ် စိတ်တက်ကြွမှု မရှိရင် ကိုယ်ခန္ဓာအပေါ် ဆိုးကျိုးတွေ သက်ရောက်နိုင်၏။ စိတ်‌ပျို ကိုယ်နု ဆိုသည့် စကားလည်း ရှိသေးသည် မဟုတ်လား။ ဥပမာတွေသာ ပုံဆောင်ပြနေရင် ဒီထက် ပေရှည် သွားနိုင်၏။ စိတ်သည် ရှေ့ဆောင်သာ ဖြစ်ပေ၏။

ဒီကာလကြီးမှာ စိတ်ပျော်သူ အတော်လေးရှာရခက်၊ ရှားပေလိမ့်မည်။ ဒီအတိုင်း အဆင်ပြေအောင် နေထိုင် ရှင်သန် ဖြတ်သန်းနေရသူတွေသာ များပေလိမ့်မည်။ အပူသည်တွေချည်းပင် မဟုတ်လား။ အပူသည် အကြီးစား၊ အပူသည် အသေးစား၊ အပူသည် အလတ်စား စသည်ဖြင့်သာ ကွာသွားမည် ထင်။

စိတ်မပျော်တော့ စိတ်တွေက လန်းဆန်းတွက်ကြွမှု မရှိနေပေ။ အကြည်ဓါတ်လေးတွေ ပျောက်လို့ အမှိုင်းဓါတ်တွေသာ လွှမ်းမိုးနေတော့၏။ စိတ်မကြည်တော့ အရာရာကို ကြည့်ရမြင်ရတာကအစ အဆင်မပြေပေ။ တော်ရုံကိစ္စလေးကိုတောင် သည်းခံနိုင်စွမ်း လျော့နည်းလာခဲ့ပြီး ဘာလား၊ ညာလားတွေ ထိပင်။ ဆတ်ဆတ်ထိ မခံအောင်ပင် စိတ်တွေက ကြွပ်ဆတ်လို့ နေ၏။

အသိ သတိနဲ့ ထိန်းချုပ်ပေမယ့် ယခင်လောက် control က မမြန်နေပေ။ စိတ်ဆင်ရိုင်းတို့က ကယ်ပေါက် ယိုပေါက် ရှာပြီး လွတ်လွတ်ထွက်သွားလေ့ ရှိ၏။ တအားကြီး နောက်မကျခင် ထိန်းချုပ်နိုင်လို့ တော်သေး၏။

ခုတလော ရသဖက် မလှည့်နိုင်ပေ။ ယခင်က စာတို၊ ကဗျာတိုလေးတွေ ရေးနိုင်၊ ရေးဖြစ် ပေမယ့် ခုတော့ မရေးဖြစ်ပေ။ စိတ်ထဲမှာ ဘာမှ မရှိနေပေ။ ဗလာကျင်း နေ၏။ ဘာမှ မရှိ ငြိမ်းချမ်းနေတာမျိုး မဟုတ်ပေ။ ငြိမ်းချမ်းမှု မရှိဘဲ ဗလာကျင်းနေခြင်း မျိုး ဖြစ်၏။ စိတ်ရှင်းနေတာမျိုး မဟုတ်ဘဲ စိတ်ရှုပ်နေတာ အရှင်းကြီး အသိသာကြီး ဆိုသည့် သဘောမျိုးပင်။

ရေးချင်တာပေါ့ အရင်လို စာတို ပေစ အလွမ်း အဆွေး အထေ့အငေါ့လေးတွေ။ ခုက သူများကို လွမ်းဖို့ ထက် အရင်က ကိုယ့်ကို ပြန်လွမ်းနေရ၏။ သူများကို ထေ့ငေါ့ဖို့ ကနောက် ကိုယ့်ကိုတောင် ထေ့ငေါ့ဖို့ နေနေသာသာ အားပေးချော့မော့နေရ၏။ ကဒွန်ရေ ဖိုက်တင်း မင်း တယောက်ထဲ မဟုတ်ဘူးဟ မင်းထက် ဆိုးနေတဲ့သူတွေတောင် ရှိသေး။ အဲ့လိုလေး ကိုယ်ချင်းစာ၊ သူတို့ အတွက်ပါ တွေးပေးရင်း အကောင်းဆုံး ကြိုးစား ဖြတ်သန်း။ မကြာခင် အဆိုးတွေ လွန်မြောက်သွားလိမ့်မယ်လို့ ယုံကြည်ရင်း ရင်ဆိုင်ဖြတ်သန်း ငါ့ကောင်ရေဟု ကိုယ့်ကို ပြန်ဆွဲတင်နေရ၏။

တချိန်တော့ ကိုယ့်ကိုလည်း ပြန်ရှာတွေ့၊ လိုချင် ရချင်သည့် ပတ်ဝန်းကျင်၊ အခြေအနေ၊ တိုင်းပြည် အနေအထားပြီး ပြန်လည် ရရှိ ရောက်ရှိနိုင်ပါစေ။

Sort:  

အမြန်ဆုံးပါဗျာ
တိုင်ပြည်ကြီးအေးချမ်းတဲ့ တနေ့
တောင်ကြီးမှာ အေးဆေး အလည်လာပြီး
ကိုဒွန်ရဲ့ ကြော်ငြာဆိုင်လေးတွေကို
လာစားချင်ပါသေးတယ်။
!PIZZA
!MEME

PIZZA!

$PIZZA slices delivered:
@htwegyi(2/10) tipped @donjaun

@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @donjaun gets !PIZZA from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

မရီနိုင်ပေမယ့် ဟဟ ပါပဲ။
!LOLZ 😆

Two men stole a calender
They each got six months.

Credit: vcclothing
@donjaun, I sent you an $LOLZ on behalf of walarhein

(1/10)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ