
မနေ့က London Derby ပွဲစဉ်မှာ အိမ်ရှင် Arsenal က Tottenham Hotspur ကို 4-1 ဖြင့် ဂိုးပြတ် အနိုင်ကစားသွားခဲ့၏။ နောက်က ဖိအားပေးရမယ့် အသင်းတွေက ရှုံးပွံတွေ့နေချိန်မှာ Arsenal ကတော့ အနိုင်ယူပြီး သူ့ ခရီးသူ ဆက်နေခဲ့၏။ အနီးကပ် ဖိအားပေးနေသူ Man City အနေနဲ့ New Castle ကို 2-1 ဖြင့် ရှုံးကာ အဆင့် 2 ကနေ 3 သို့ ဆင်းပေးလိုက်ရ၏။
12 ပွဲ ကစားပြီးချိန်မှာ Arsenal က 29 မှတ်၊ Chelsea က 23 မှတ်၊ Man City က 22 မှတ် ရရှိထား၏။ Arsenal တို့ အဆင့် 2 ကို 6 မှတ်၊ အဆင့် 3 ကို 7 မှတ်ထိ ဖြတ်ထားခဲ့၏။ ရာသီဝက် ချန်ပီယံ ဖြစ်ပြီဟု ပြောဖို့ စောနေသေးပေမယ့် ဒီခြေစွမ်း ဒီအတိုင်းသာ ဆိုရင် ရာသီဝက် ချန်ပီယံ ဖြစ်ပြီဟု ပြောလို့ရ၏။ ပွဲကြပ် ကာလတွေမှာသာ ခြေမချော်ရင် ချန်ပီယံပါ ဖြစ်နိုင်၏။ ဒုတိယ နဲ့သာ ကျေနပ်ခဲ့ရတဲ့ ရာသီတွေကို အဆုံးသတ်နိုင်မည် ဖြစ်၏။

နက်ဖြန် မနက် 2 နာရီခွဲမှာတော့ Man United vs Everton တို့၏ ပွဲစဉ် ကစားသွားဖို့ ရှိနေပါသေး၏။ United အနေဖြင့် ခု ပွဲစဉ်ကိုသာ အနိုင်ရခဲ့မယ် ဆိုရင် အမှတ်ပေး ဇယား အဆင့် 4 သို့မဟုတ် 5 နေရာထိ တက်လှမ်း လာနိုင်မည် ဖြစ်၏။ ဒီရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်လေးတော့ လိုချင်သည်မို့ နောက်ပိုင်း ပွဲစဉ်တွေကို အာရုံစိုက်ဖို့တော့ လိုမည်။
တရေးနိုးချိန်နှင့် တိုက်နေရင်တော့ ကြည့်လိုက်ပါဦးမည်။ မနေ့က Al Nassr ပွဲ ကြည့် ဖြစ်လိုက်သေး၏။ Ronaldo ကို အားပေးရမယ် မလား။ ပထမပိုင်းမှာ Al Nassr တို့ 2 ဂိုးပြတ် ဖြင့် အနိုင်ရထား၏။ ဒုတိယပိုင်းမှည တဖက်အသင်းက 1 ဂိုး ပြန်လည် သွင်းယူ၏။ စိတ်တက်ကြွလာပြီး Al Nassr ကို ဖိအားပေး ကစားလာခဲ့၏။
Mane က Al Nassr အတွက် 3 ဂိုးမြောက်ဂိုးကို သွင်းယူပေး၏။ မနက် 12 နာရီ ပွဲကိုမှ Ronaldo ကြောင့် ကြည့်ပါတယ် ဆိုမှ Ronaldo ခမြာ ဂိုးကံ ခေနေခဲ့၏။ 90+6 မိနစ်မှာတော့ အလွန်လှပသည့် bicycle kick ဖြင့် 4 ဂိုးမြောက် အနိုင်ဂိုးကို သွင်းယူ သွားပေးခဲ့၏။ အသက် 40 အရွယ်မှ ဟုတ်ပါလေစ။ စောင့်ကြည့် အားပေးရတာ အတော်လေး တန်သွားခဲ့၏။
(photos from Premier League Page)