WOH Update

in HIVE-MYANMAR12 days ago

Screenshot_20240426-150125_WoH.png

ကလစ်ကာ လုပ်မည်ဟု တွေးထားပြီးနောက် တရက်မပျက် မှန်မှန်လေး ကလစ်ခဲ့၏။ click apps အများကြီး ရှိပေမယ့် တခုထဲကိုသာ ရွေးချယ်ပြီး ကလစ်ခဲ့၏။ War of Heroes (WOH) The PDF Game တခုထဲကိုသာ စွဲစွဲမြဲမြဲ ကလစ်ခဲ့၏။ အစောပိုင်း ကာလတွေ တုန်းကတော့ တခြား click apps တွေလည်း အလျဉ်းသင့်သလို ကလစ်ခဲ့၏။ သို့ပေမယ့် နောက်ပိုင်းမှာတော့ တခုထဲကိုပဲ အချိန်ပေးပြီး သေချာ ကလစ်မယ် ဆုံးဖြတ်ခဲ့ပြီးနော် WOH တခုထဲကိုသာ ကလစ်တော့၏။

WOH game ကလည်း တဖြည်းဖြည်း အဆင့်တွေ မြှင့်ပေးလာခဲ့၏။ ကြားထဲ ကြော်ငြာ အဓိက ဖြန့်ဝေပေးနေသည့် Google ကို ကျော်ခွဖို့နှင့် မေ့ဆေး ပေးနည်း အဖုံဖုံတွေ ထို့နောက်မှာတော့ Pro Clicker လက်စွဲကြမ်းတွေ ဘာတွေထိပါ မျှဝေ လမ်းပြပေးတာမျိုးတွေ လုပ်ပေးခဲ့၏။ ဒီရက်ပိုင်းမှာတော့ နောက်တခု ထွက်ပေါ်လာခဲ့ပြန်၏။ မိမိရဲ့ IP blacklist ထိနေ မထိနေကိုပေါ့။

WOH game ရဲ့ ဆော့ကစားသူ (ကလစ်သူ) အရေအတွက်ပေါ် မူတည်ပြီး ကြော်ငြာ ရငွေက အထိုက်အလျောက် များ၏။ ကြာတော့ Google ကလည်း ဒါကို ကြည့်လာ၊ သိလာ သဖြင့် စစ်တာတွေ ထိန်းတာတွေ လုပ်မှာပဲ။ ဘောင်ထဲက သွားနေသည် ဆိုပေမယ့်လည်း တခါတလေ ဘောင်ကျော်သွားတာမျိုးတွေလည်း ရှိမှာပင်။ WOH team ကလည်း ဒါကို အမြဲ သတိထား စောင်ါကြည့် အဖြေရှာနေခဲ့ပြီးသား။ ထို့ကြောင့်လည်း ယခု update version မှာ blacklist ထိနေ နိုင်သလားကို စစ်လို့ရတာမျိုး ဘာလာခဲ့ပြီ ဖြစ်၏။ အဆိုပါ IP address blacklist နှင့် ပတ်သက်လို့ အသေးစိတ် သိလိုပါက WOH ၏ Facebook page မှာ သွားရောက် ဖတ်ရှုနိုင်ပါ၏။

Screenshot_20240425-194844_WoH.png

Blacklist ဆိုရင် ‌ကြောက်နေပြီ ဖြစ်သော ကျနော်လည်း အပြေးလေး သွားစစ်ကြည့်တော့ ကလစ်နေကြ VPN က blacklist ထိနိုင်ချေ 100% တောင်ပြနေ၏။ ဗုဒ္ဓေါ ... ထို့ကြောင့် ဒီရက်ပိုင်း ကြော်ငြာ အရ နည်းနေသည်ကိုး။ ကျနော်က Outline VPN သုံး၏။ premium တော့ မဟုတ်ပေ။ အတိတ်ကို ပြန်ရရင် ဝေဒနာတွေ ပေးသွားခဲ့သည့် LOA ကနေ ရထားသည့် Outline key ကို သုံးခြင်း ဖြစ်၏။ ထိုစဉ်က Website မှာ စစ်ဆေးစရာ တခု ရှိသဖြင့် Admin နှင့် Moderator တွေ အတွက် Outline VPN keys တွေ ပေးခြင်း ဖြစ်၏။

ထို VPN သုံးပြီး ကလစ်လာခဲ့တာ နှစ်ပင် ပေါက်လာခဲ့ပြီ ဖြစ်၏။ အေးလေ location က တနှစ်ပတ်လုံး တခုထဲပဲ သုံးခဲ့လို့လားပေါ့။ ထားပါ တခြား အကြောင်းအရင်း တခုခုကြောင့်လည်း ပါမယ်ထင်ပါရဲ့။ သို့နှင့် တခြား VPN တွေနှင့် လိုက်ပြီး စမ်းရလေတော့၏။ 3,4 ခုလောက် စမ်းကြည့်ပြီးနောက်မှာတော့ တခုနဲ့ အဆင်ပြေသွား၏။ blacklist ထိနိုင်ချေ 0% သာ ရှိ၏။ အိုကေ သွားခဲ့ပြီ။ စိတ်လည်း သက်သာရာ ရသွားခဲ့၏။

ခက်တာပ ကိုယ်အဆင်ပြေသည့် VPN ကို မျှဝေလို့ မရပေ။ WOH team က ကိုတွက်ကလည်း မှာထားသည်ကိုး။ premium VPN တော့ မဟုတ်ပေ။ လိုရမယ်ရ premium VPN တခုလောက်တော့ ဝယ်တာပဲ ဖြစ်ဖြစ်၊ ကလစ်ကာ support page တွေနား သွားတောင်းတာပဲ ဖြစ်ဖြစ် လုပ်ထားဦးမှပါလေ။

အားလုံး အဆင်ပြေပြေ ကလစ်ရင်း ထောက်ပို့ နိုင်ကြပါစေ။

Sort:  

Fighting ဗျာ
!LUV
!HUG

donjaun, walarhein sent you LUV. 🙂 (2/10) tools | trade | connect | wiki | daily

Made with LUV by crrdlx.

ဟုတ်ဗျ။

Dear @donjaun, you just got hugged.
I sent 1.0 HUG on behalf of @walarhein.
(2/3)

@donjaun, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.

In addition, @donjaun gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

My neighbors listen to really good music.
Whether they like it or not.

Credit: reddit
@donjaun, I sent you an $LOLZ on behalf of hiq.smartbot

(4/8)
NEW: Join LOLZ's Daily Earn and Burn Contest and win $LOLZ

ကျနော်လဲ အကို့ရဲ့ ပိုစ့်ကိုတွေ့ပြီးကတည်းက နေ့တိုင်းဝင်ဖြစ်တယ်ဗျ မဆော့ဖြစ်ရင်တောင် ကြော်ငြာပေါ်လာတိုင်း ကြည့်နေတာ 8သောင်းကျော်တော့ ရပြီဗျ
ဒီရက်ပိုင်း ကြော်ငြာက သိပ်မတက်နေဘူး တစ်ခါတစ်လေ Vpnဖြုတ်ဝင်ရင် မြန်မာကဆိုပေမဲ့ ကြော်ငြာတော့တတ်တယ် ကျနော်က Psiphone Mod Versionနဲ့လုပ်တာဗျ