Happy Birthday for My Mom

in HIVE-MYANMAR4 years ago

ဘာလိုလိုနဲ့ အမေရဲ့ နှစ် ( ၅၀ ) ပြည့်
ရွှေရတု မွေးနေ့တောင် ရောက်ခဲ့ပြီ

အသက်အရွယ်နဲ့ မလိုက်အောင်
လောကဓံရဲ့ အထုအထောင်း ခံရသူ အမေ👵👵👵

ဂုတ်ကျီးပေါင်းတတ်တဲ့အထိ သားသမီးတွေကို
ရှာဖွေ ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့အမေ👵👵👵

မှတ်မိပါသေးတယ် မနက် ၃ နာရီလောက်
အမေနဲ့အတူ သီရိမဂ်လာစျေးမှာ ( စျေးဟောင်း )
ကုန်စိမ်းကြိုခဲ့ရတဲ့နေ့ရက်တွေ

လူကြီးနှစ်ယောက်ထမ်းတင်ရတဲ့ ကုန်စိမ်းထုပ်ကို
သားအတွက် မုန့်ဖိုးကျန်အောင် အထမ်းမငှားပဲ
ကိုယ်တိုင်ရွက်ခဲ့တဲ့အမေ👵👵👵

တစ်ခါတစ်လေ ဆီပူလောင်ခံပြီး
အကြော်ရောင်းကျွေးခဲ့တဲ့ အမေ👵👵👵

လူမှန်းမသိတတ်ခင် ကတည်းက
ကျရာဇာတ်ရုပ် အမြဲမရွေးတဲ့အမေ
ဝက်သားသည် အမေ
လမ်းဘေးစျေးသည် အမေ
ကုန်စိမ်းသည် အမေ
အမေ . . . အမေ . . . အမေ👵👵👵

လူလောကအလယ် တင့်တယ်ပါစေဆိုတဲ့ စိတ်နဲ့
သားသမီးတွေကို ပညာရေး သူများအောက်မကျအောင်
အိမ်ရောင်းပြီး ကျောင်းထားပေးခဲ့တဲ့ အမေ

သားသမီးသာ နံပါတ်တစ်
သားသမီးသာ နှစ်ပါတ်နှစ်
သားသမီးသာ နံပါတ်သုံး

သားသမီးတွေ အတွက်ပဲ
ရှေးရှု ကြည့်တတ်တဲ့အမေမေတ္တာကို
ဒီစာစုလေးနဲ့သာ ပူဇော်ပါရစေ🙏🙏🙏

FB_IMG_1586275939531.jpg

Sort:  

အရှင်ဘုရား စာတွေ မဖတ်ရတာကြာပြီ ဘုရာ့။ Hive မှာ ဓမ္မ စာပေလေးတွေ ရေးစေချင် ပါတယ်ဘုရာ့။ ပြီးတော့ ခရီးသွား ဆောင်းပါးလေးတွေပေါ့ ဓါတ်ပုံ တွေနဲ့ ဝေဝေဆာဆာ ဗဟုသုတ ရစရာတွေပေါ့။ တပြည့်တော်တို့ မရောက်ဖူးလည်း အရှင်ဘုရား ဆောင်းပါးဖတ်ရတော့ ကိုယ်တိုင်ရောက်သွားသလိုပေါ့။

ရင်ထဲကိုထိပါတယ် ဘုရား