မနေ့က Hive ဈေး 0.251 မှာ ကျွန်တော်သည်
HBD များကို Hive သို့ပြောင်းလိုက်သည်။
ကံကောင်းသည့်ဟု ပြောရမည်။ ယနေ့ မနက်မှာ
Hive ဈေးက 0.2771 ဖြစ်နေသည်။ သို့နှင့်
ကျွန်တော်သည် HBD မှ Hive သို့ပြောင်းထားသော
Hive များကို တခါ HBD သို့ ပြန်ပြောင်း
လိုက်ပြန်ပါသည်။ သို့နှင့် ယခင်က HBD
22 ရှိခဲ့ရာ ဟိုက်ဈေး အတက်အကျမှာ
ထရိတ်ခဲ့ခြင်းကြောင့် HBD 24 ရရှိခဲ့သည်။
နှစ်ရက်အတွင်းမှာ 2HBD အမြတ်ရခဲ့သည်။
အခြားသူများအတွက် 2HBD သည် မပြောပလောက်ပေသိ။
ကိုယ်တွေအတွက်တော့ ဝမ်းသာ
စရာဖြစ်ပါသည်။ မနေ့ကနှင့် ယနေ့မှာပင်
ဟိုက်ဈေးပြောင်းလဲမှုကို တွေ့ရသဖြင့်လည်း
ကိုယ်တွေက ပို၍ သတိထားမိခြင်းဖြစ်ပေသည်။
ယခင်က Ecency မှာ HBD နှင့် Hive တို့ကို
ထရိတ်လုပ်ခဲ့သည်မှာ သာမန်ပင် ခရီးသွား
သလို ပြုလုပ်ခဲ့သည်။ မည်ရွေ့ မည်မျှ ကိုယ့်အတွက်
အမြတ်ကျန်သည်ကို သတိမထားခဲ့ပေ။
သတိထားမိရန်လည်း Hive ဈေးသည်က
အပြောင်းအလဲ များစွာမရှိပေ။ သို့ပေသိ
ယခုကဲ့သို့ ပွိုင့်နောက်မှ ဂဏန်းများ ဈေး
အတက်အကျသည်လည်း ကိုယ်မှာရှိသော
ဟိုက်အရေအတွက်ပေါ် မူတည်၍ အမြတ်ရ
နိုင်ပေသည်။ ကျွန်တော်သည်ကား Hive ဈေး
အတက်အကျကို သေချာစွာကြည့်နေသူလည်း
မဟုတ်ပေ။ သို့ပေသိ Hive ဈေးကို တနေ့မှာ
နှစ်ခါလောက်တော့ ကြည့်မိသည်။ ဒါကလည်း
Ecency မှာ HBD နှင့် Hive တို့ကို ခရီးသွား
ဟန်လွဲ ထရိတ်နေ၍ဖြစ်သည်။
ကိုယ့်လက်ဝယ် HBD နှင့် Hive တို့များများရှိပြီး
သေသေချာချာ အရောင်းအဝယ်ပြုလုပ်ပါလျှင်
ကိုယ့်အတွက် ပို၍ အကျိုးရှိမည်ဟုထင်ပါသည်။
သို့ပေသိ Crypto ဆိုသည်ကလည်း လောင်းကစား
တမျိုးဟု ဆိုကြ ပြောကြသည်။ ဒီတော့လည်း
ကိုယ်အတွက် ဝန်မလေးသော ငွေကြေးဖြင့်သာ
ပြုလုပ်သင့်သည်။ ကိုယ်တွေသာ စာရေးပိုစ့်တင်
၍ ရရှိလာသော HBD နှင့် Hive တို့ကို Ecency
မှာ အနည်းငယ် Trade ခြင်းဖြစ်သည်။
ကျွန်တော်သည်ပင် Ecency မှာ အနည်းငယ် Trade
ခြင်းဖြင့် အမြတ်အစွန်းလေး ရလာ၊
မြင်လာတော့ လူ့သဘာဝ လောဘတက်လာသည်။
သို့သော် ကိုယ်လောဘ တက်ချင်တိုင်း တက်၍
တော့မရပေ။ အဘယ်ကြောင့် ဆိုသော် ဟိုက်ဈေး
အတက်အကျ ရှိမှသာ အရောင်းအဝယ်လုပ်ရပေသည်။
ဟိုက်ဈေး အတက်အကျ မရှိပါပဲ ကိုယ်
အရောင်းအဝယ် လုပ်ချင်တိုင်း လုပ်မရပေ။
ဒီတခုကတော့ ကိုယ့်အတွက် အန္တရာယ်ကင်း
ပေသည်။ ကိုယ်က Hive တခုတည်းသာ
Trade ခြင်းဖြစ်၍ အန္တရာယ်ကင်းသည်ဟု
ပြောနိုင်ခြင်းဖြစ်ပေသည်။
အခြားသော Crypto များကို အခြားသော
Exchange များမှာ ရောင်းဝယ်ပြုမိပါမူ
အန္တရာယ်ကင်းချင်မှ ကင်းပေမည်။ လူ့လောဘ
ဆိုသည်ကလည်း ထိန်းသိမ်းရခက်သော အရာ
တခုဖြစ်သည်။ လောဘကို သတ်နိုင်ပါမူ
ဆုံးရှူံးမှုနည်းသလို၊ ရရှိမှုလည်း နည်းပေသည်။
သို့ပေသိ ကိုယ့်အတွက်လည်း အန္တရာယ်နည်း
ပါးသည်ကို ဖြစ်စေပြန်သည်။ သို့ပါသော
ကြောင့် မည်သည့်အရာမှ အလွန်းအကြူး
မပြုသည်က ကောင်းပေသည်။ သို့သော်
အလွန်းအကြူး ပြုသင့်သော အခြားအရာ
များလည်း ရှိပေအုံးမည်။ ထိုကြောင့်ပင်
ဥစ္စာ ကံစောင့်၊
အသက် ဉာဏ်စောင့် ဟု
ရှေးလူတို့ ပြောကြားခဲ့ခြင်း ဖြစ်ပေမည်။
@htwegyi
May 3, 2025
!LOLZ
!HUG
lolztoken.com
I decided to go for a wok.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of tin.aung.soe
(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP