မိုးက ကောင်းချက်။ မနေ့ညဆယ့်နှစ်နာရီကျော်သည်မှ
ယနေ့ တနေ့လုံး မိုးရွာသည်။ အိမ်ရှေ့ ကားလမ်းမပေါ်
ရေပြည့်သည်။ မိုးက သည်းလိုက်၊ ဖွဲလိုက်ဖြင့်
ရွာနေသည်။ မိုးရေများကြား ယနေ့ ဈေးသွားသည်။
မိုးရွာသည့်နေ့မှ အမေက မုန့်ဟင်းခါးဖတ်ဖြင့်
မုန့်တီသုပ်စားချင်သည်ဟု ပြောသည်။
မိုးအေးအေးမှာ မုန့်တီသုပ်စားသည်က အဆင်မပြေပေ။
သို့ပေသိ အမေ စိတ်ကျေနပ်ရန် စတိသဘော
ကျွေးသည်။ အမေက စားသည့်အခါမှာလည်း
အနည်းငယ်သာ စားသည်။ လူကြီးဆိုတော့
ဟိုဟာ ဒီဟာ အနည်းငယ်သာ စားသည်။
မုန့်တီသုပ်စားပြီး အချိန်အနည်းငယ် အကြာမှာ
ဗိုက်ဆာသည်ဆို၍ ကော်ဖီနှင့် မုန့်ကြွပ်အနည်းငယ်
ထပ်ကျွေးရသည်။

ယနေ့မိုးအေးအေးမှာ မြို့ထဲမှ အသိမိတ်ဆွေ
တဦးက အလည်ရောက်လာသည်။ တနင်္ဂနွေ
ဥပုသ်ဖြစ်ပြီး လမ်းကြုံ၍ ဝင်လာကာ အမေ့ကို
ကန်တော့သည်။ အဆိုပါ အသိမိတ်ဆွေက
ကုန်သည်တဦးဖြစ်သည်။ သူတို့က စစ်ကိုင်းတိုင်း
မှဖြစ်သည်။ စစ်ကိုင်းတိုင်း ဆိုပေသိ မန္တလေး
မှာ နေထိုင် အခြေချသည်။
ကုန်သယ်ရသည့် ဒေသက ဟိုဘက်၊ ဒီဘက်
အဖွဲ့များကို ဖြတ်ကျော်ရသည်။ အမေ့ကို
ကန်တော့ပြီး စကားပြောကြသည့်အခါ
သူတို့ လုပ်ငန်း လုပ်ကိုင်သည့် အကြောင်းအရာ
များကို မေးမြန်းမိသည်။ မန္တလေးမှ စားသောက်ကုန်
အနည်ငယ်ကို သယ်၍ တော်လှန်ရေးအဖွဲ့များ
ရှိရာ အရပ်သို့ သယ်ပို့ရသည်။

ထိုသို့ သယ်ယူရာတွင် တနေ့၌ သူတို့အား
အမည်များတပ်၍ ခေါ်စစ်ဆေးခြင်း ခံရသည်။
ငါးမျဉ်းစောင်းများဖြစ်ပြီး ကန့်ဘလူနယ်သားများ
ဖြစ်၍ ခေါ်ယူမေးမြန်းသည်။ သူတို့က အသက်အရွယ်
ခြောက်ဆယ်နီးပါးရှိသည့်
အပြင် အမျိုးသမီးများဖြစ်သည်။ မေးမြန်း
သည်ကိုလည်း အဆင်ပြေစွာ ဖြေဆိုနိုင်သဖြင့်
ပြဿနာမရှိပေ။
သို့ပေသိ သူရို့နှင့် အတူပါလာသူ သူရို့နယ်သား
လင်မယားနှစ်ဦးသည်က အနည်းငယ်ပြဿနာ
တက်သည်။ ထိုနှစ်ဦးက ဆေးကုသရန် လာသူ
များဖြစ်သည်။ သူတို့က အဆင်ပြေစွာ မပြောနိုင်သဖြင့် လက်နက်ကိုင် အဖွဲ့က သူတို့နှစ်ဦးကို
ပစ်သတ်နိုင်သည်ဟုပြောသည်။ လက်နက်ကိုင်
များက အမှန်တကယ်တော့ မပစ်ပေ။ နှုတ်က
ထိုသို့ပြောဆိုသည်။

ကားပေါ်သို့ အသီးသီးပြန်လည်တက်ရောက်လာ
ကြသည့်အခါမှာတော့။ ကားပေါ်ပါလာသူ ခရီးသည်များသည် အပြန်အလှန်ပြောဆိုကြသည်။
ငါတို့မှာလည်း လက်နက်ကိုင်အဖွဲ့ဆိုရင် ဟို့အဖွဲ့
ကြောက်ရ၊ ဒီအဖွဲ့ကြောက်ရ၊ ဘယ်သူ့အဖေ
ခေါ်ရမှန်းကို မသိတော့ပါဘူး။ မှန်ပါသည်
အမှန်တရားအတွက် ညီညာစွာ မရုန်းနိုင်သရွေ့
ထိုသို့သော အဖြစ်အပျက်များက နေရာအနှံ့
ရှိနေပေအုံးမည်။
@htwegyi
September 14, 2025
ဟုတ်ပါ့ ညကတည်းက နေ့ဝက်ကျော်ထိပဲ ရွာနေ စဲနေ။
!LOLZ
!HUG
lolztoken.com
Because they are so good at it.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of walarhein
(1/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
ဟုတ်သဗျို့။