ဘာရယ်ဟုတ်ပါဘူး။ နေပူပူမှာ ဟိုတွေး
ဒီတွေး၊ တောင်တွေး မြောက်တွေးမိသည်။
ကုန်လွန်ခဲ့သော အတိတ်ကာလများဆီကို
ပြန်လည်သတိရမိသည်ပေါ့။ ဟိုးလွန်ခဲ့သော
အတိတ်များဆီက ယခုလို ကိုယ်ပိုင်ဖုန်းတလုံး
ကိုင်ဖို့ဆိုတာ စိတ်ကူးပင် မကူးမိပါ။ ဖုန်းကိုင်
သည်ဆိုရာဝယ် လူချမ်းသာများ အလုပ်ဟု
မှတ်ယူထားသည်။
ကျွန်တော်တို့လို သာမန်လူတန်းစားအဖို့
ဖုန်းဆိုသည်က ပီစီအို ဟုသော ငွေပေး၍
ပြောရသော အများသုံးဖုန်းများ ရှိနေသည်ကပင်
အတော်ဟန်ကျနေသည်။ သို့ပေသိပေါ့လေ။
ငယ်ရွယ်စဉ်အခါက တနယ်စီဝေးသော
ချစ်သူရည်စားလေးဆီ စာလွှာပါးသောခေတ်
ကာလအချိန်ဖြစ်သည်။ ထိုအချိန် ထိုအဖြစ်
အခါကမူ ဖုန်းဆိုသည့် အရာလေးများ သူ့မှာရော
ကိုယ့်မှာပါရှိပါမူ အဆင်ပြေလိုက်မည်ဖြစ်ခြင်းဟု
အိပ်မက် မက်ဖူးသည်။
အများသုံး ပီစီအို ဆိုသည့်ဟာရှိသား။ အဲ့သဟာနဲ့
ပြောပေါ့ ဆိုပေမည်။ သို့ပေသိ သမီးရည်းစာ
စကားပြောပါတယ်ဆိုမှ ပီစီအို စောင့်သည့်
မိန်းမကြီး၏ မျက်စောင်းထိုးခံရမည်ဆိုပါမူ
မည်သို့ ဖီလင်ရှိပါမလဲလေ။ ဖုန်းဆက်ခ ငွေက
ပေးရသေး။ ကိုယ်တွေပြောသည့်စကားလည်း
သူက ဘေးက နားထောင်ရသေး။ ဖုန်းစောင့်သူ
ရှိတော့ ဖုန်းနဲ့စကားပြောရတာ မလွတ်လပ်ဖူးပေါ့။
ဖော်ပြပါ အဲ့သလို အဲ့သဟာ အကြောင်းအမျိုးမျိုး
ကြောင့် ဖုန်းလေးနဲ့ ဆက်သွယ်လို့ ရရင် ကောင်းသား
ဟုတွေးမိခြင်းဖြစ်ပေသည်။ နို့ပေသိ ဖုန်းမဆက်
ရပေသိ စာလေးတွေရေးပို့ရသည်ကလည်း
တမျိုးတော့ကောင်းသည်။ စာရေးခြင်းအတတ်
ပညာတခု တိုးတက်လာသည်။ ရင်ထဲမှာ ရှိသော
လူငယ်ဘဝ အနုအရွ အလှအပလေးများကို
ဖွဲ့နွဲ့ ဖြီးဖြန်းရေးနိုင်သပေါ့။
ယခုခေတ် လူငယ်တွေ ဖုန်းနဲ့ ကျူသလိုပ။
ထိုကြောင့်မို့ ဖြစ်ပေမည်။ ယခုခေတ် လူငယ်တွေ
မြန်မာစာ အရေးအသားများ အမှားအယွင်းများ
ဖြစ်ကြပေသည်။ ကိုယ်တွေလည်း ဖုန်းပွတ်
တာများ၊ စာမဖတ်တာကြာတော့ စာလုံးပေါင်း
များပင် မေ့ကာ မှားယွင်းကုန်သည်။ တနေ့က
ဗိုက်ကြီးသည့် ဆိုသည့် စကားလုံးကိုရေးဖို့
အတော် စဉ်းစားရသည်။ ဗိုက်ကြီးသည်ကို
ပါဠိလို မည်သို့ရေးရပါ။ သန္ဓေ ကိုတော့သိသည်။
ရှေ့ကစကားလုံးကို ရေးဖို့မေ့နေသည်။
စဉ်းစားသည် စဉ်းစားမရ။ ဖုန်းမှာ ရှာကြည့်၍
ရပေသိ လူက အတော်ခေါင်းမာသည်။
စဉ်းစားစမ်း အသံထွက်ကတော့ ပန်ဒိသန်ဒေ
ဟုတ်ပါတယ် ဘယ်လို စကားလုံးပါလိမ့်။
နောက်ဆုံး စဉ်းစားမရတော့ ပစ်ထားလိုက်သည်။
တနေ့ကမှ ထိုစကားလုံးကို တွေ့မြင်လိုက်သည်။
အော် ပဋိသန္ဓေ ဆိုတာ ဒီလိုပါလားဟု
မှတ်မိပါလေသည်။ ဖုန်းကို အကြည့်များ။
စာဖတ်ဖို့ အပျင်းထူတော့ ကိုယ့်မြန်မာစာ၊
မြန်မာစကားကိုပင် မေ့တေ့တေ့ရှိပါတော့သည်။
@htwegyi
March 20, 2025
!hiqvote
@htwegyi, the HiQ Smart Bot has recognized your request (1/1) and will start the voting trail.
In addition, @htwegyi gets !HUG from @hiq.redaktion.
For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻
ဘထွေး ငယ်စဉ်က ဖုန်း မကိုင်ခဲ့ရလို့ လူပျိုကြီး ဖြစ်ခဲ့ရတာပေါ့ ဟုတ်လား။
!LOLZ
!HUG
lolztoken.com
They can't see the red flags.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(2/10)
Farm LOLZ tokens when you Delegate Hive or Hive Tokens.
Click to delegate: 10 - 20 - 50 - 100 HP
အကြောင်းမသိသေးလို့။