ကိုယ်တွေရဲ့ ဇာတ်လိုက်ကြီး Hive သည်က
အနည်းငယ် တက်ရိပ်ပြ အစိမ်းရောင်သန်းပြီးသကာလ
အနီရောင်ပြကာ အောက်သို့ ပြုတ်ကျ
ပြန်သည်။ တစ်ရက်ခြား ပို့စ်များ မတင်ခဲ့ရသဖြင့်
ယခုအခါ နေ့စဉ် ပိုစ့်တင်ပြီး ယခင် ပိုစ့်မတင်ရသည့်
ရက်များအတွက် အစားထိုးနေရသည်။ ထရန့်နဲ့
ရှီဖျင့် တို့ရဲ့ ရန်စွယ်ငေါ့ငေါ့များကြား ကိုယ်တွေရဲ့
Crypto တွေက ရိုလာကိုစကာများ ဖြစ်နေသည်။
Hive ဈေးသည် မရောက်စဖူးသည့် ဈေးသို့
ဇောက်ထိုးရောက်ကျခဲ့သည်။ ထိုကျခဲ့သော
ဈေးကြောင့်ပင် ကိုယ်တွေလည်း မရေးစဖူး
နေ့စဉ် ပိုစ့်ရေးတင်သည်။ Hive ကပဲ ဈေးကျ
နိုင်မလား။ ကိုယ်တွေကပဲ ပိုစ့်ရေးနိုင်မလား
ဆိုတာ ကြည့်ရတာပ။ ကိုယ်တွေ မျှော်လင့်ထားသော
Hive ဈေးသည်က တစ်ဒေါ်လာ။ ဟော ယခု
ဖြစ်နေသည်က ဆယ်ပြားသို့ပင် ရောက်လုပြီ။
ဈေးကျချိန်မှာ Crypto များကို ဝယ်စုသင့်သည်ဟု
ပြောကြသည်။ ကိုယ်တွေကတော့ ထုတ်ရောင်းချင်သလို
ဖြစ်မိသည်။ ဒီလိုပါပဲ ကိုယ်တွေက အဲ့သလို
အရောင်းအဝယ်တော်ချင်တာ။ တနေ့ကလည်း
Hive ဈေးတစ်ဆယ့်လေးပြားမှာ HSD နှင့်
လဲလှယ်ခဲ့သည်။ ဟော့ ကိုယ်တွေ လဲပြီမကြာမှီ
တစ်ဆယ့်ငါးပြားသို့ ထိုးတက်သွားသည်။
အဲ့မှာ 6Hive ဆုံးရှုံးသွားသည်။ ယနေ့မှာတော့
တစ်ဆယ့်လေးသို့ ပြန်ကျသဖြင့် HSD မှ
Hive သို့ ပြန်ပြောင်းလိုက်သည်။ သုံးရက်အတွင်း 1.7Hive မြတ်သည်။ မဆိုးပါဘူးဟု ပြောရမည်။
ကိုယ်တွေ ပိုစ့်တင်ပါမူ 1Hive ရချင်မှ ရပေမည်။
ကိုယ်တွေက သုံးရက်မှာ 1.7Hive မြတ်သည်။
အချို့သော Trader သမားများ ထရန့်နဲ့
ရှီဖျင့် တို့ရဲ့ ရိုက်ချက်ကြောင့် အသက်ပင်ဆုံးပါး
သွားကြသည်ဟု သိရသည်။ လောဘဆိုသည်က
ထိန်းသိမ်းနိုင်ပါမှ တော်ရာကျပေမည်။
လောဘဆိုသည်ကလည်း အတော်မသတ်နိုင်သော
အရာလည်းဖြစ်နေပြန်သည်။ Crypto လောကကြီးမှာ
လောဘကြောင့် ဘဝပျက်ကြသူများသလို။
ကံအကြောင့်သင့်လို သူဌေးဖြစ်သူများလည်း
ရှိပေမည်။ အရာရာကို ချင့်ချိန်လုပ်ဆောင်ကြပါမှ
အတက် အကျမှာ သက်သာကြပေမည်။
@htwegyi
October 15, 2025
နှစ်သစ်မှာ ရောင်းနိုင်အောင် စုထားပါ။
!PIZZA
!LOLZ
ဟုတ်ကဲ့ပါဗျာ။
lolztoken.com
She is stunning.
Credit: reddit
@htwegyi, I sent you an $LOLZ on behalf of golden.future
(3/10)
$PIZZA slices delivered:
@golden.future(1/10) tipped @htwegyi
Come get MOONed!
Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)
Your next target is to reach 22000 replies.
You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word
STOP