တုံးကျော်မကြီး အမေ။

in HIVE-MYANMAR5 days ago

အညာနွေ ပူလွန်တယ်။
အညာနွေ နေ့တာရှည်လွန်တယ်။
အချိန်ကုန်စေမယ့် မင်း မရှိပြီလေ။
ကိုထီး ရဲ့ သီချင်းစာသားလေး ညည်းရပြီ။
နေ့တာရှည် နွေရက်တွေထဲ အပူသက်သာအောင်
အရိပ်ရ အပင်လေးတွေအောက် သွားနေရသည်။
ခြံအပြင်မှာ ဗာဒံနှင့် တမာ အပင်လေးများက
အရိပ်လေးတွေ အတော်ရနေသည်။ ခြံအတွင်း
မှာတော့ ပဲပင်ရဲ့ ပဲစင်ပေါ်ရှိ ပဲရွက်များက ဝါ၍
ခြောက်သွေ့သွားသည်။

ဒီတော့ ပဲစင်အောက်မှာ အရိပ်က ကောင်းစွာမရ။
အရိပ်ကျိုးတို့ ကျဲတယ်မှာ နေပျောက်ကထိုးသည်။
နွေနေပူဆိုတော့ ထို နေပျောက် တပျောက်ကပင်
အတော်ကို ပူတာကလား။ ဝါးထရံကာ၊ သွပ်မိုးအိမ်
သည်က ပူလွန်၍ နေ့လယ်ခင်းမှာ အိမ်ပေါ်မှာ
မနေနိုင်ပါ။ အိမ်ပေါ်သို့ ကျရောက်သော သစ်ပင်
ရိပ်မရှိသဖြင့် နေ့လယ်ခင်းမှာ အိမ်အတွင်း၌
နေမရပါ။ အိမ်အပြင်ထွက်ပြီး အိမ်အောက်သို့
နေရသလို။ ခြံအတွင်းရှိ အရိပ်ရသော အေးသော
နေရာများကို ရှာဖွေနေထိုင်ရသည်။

ကျန်းမာရေးမကောင်းသော အမေ့ကို
ဆယ်နာရီကျော်သည်နှင့် ရေချိုးပေးကာ
အိမ်အောက်သို့ခေါ်၍ အရိပ်ရအပင်လေးများ
အောက်သို့ ပြောင်းရွေ့ထားရသည်။ ယခင်
နွေရာသီတုန်းက အမေသည် အပူရှပ်ခြင်းခံခဲ့
ရသည်။ အမေ့တကိုယ်လုံးကို ရေခဲဖြင့် ပွတ်ပေး
ရသည်။ ဆရာဝန်ခေါ်ကာ ပြသပေးခဲ့ရသည်။
အမေသည်က အသက်ရှည်သူတဦးပင်ဖြစ်ပေသည်။

အသက်ကိုးဆယ်ကျော် အရွယ် အမေသည်
တုံးကျော်မ တစ်ဦးဖြစ်ပေသည်။ အမေ အသက်
ခြောက်ဆယ်ကျော်အရွယ်က အမျိုးသမီးများ
တွင်ဖြစ်သော သားအိမ်ကင်ဆာဖြစ်ခဲ့သည်။
ဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်း အစရှိသော
ဆေးဝါးများဖြင့် ကုသခဲ့ပြီး သေမင်းလက်မှ
လွတ်ခဲ့သည်။ ကင်ဆာဆေးကို တစ်လတခါ
ခြောက်လတိတိဆေးသွင်းကုသရသည်။
ဓာတ်ရောင်ခြည်ကုသခြင်းကိုလည်း တစ်လတိတိ
မန္တလေးပြည်သူ့ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာန
မှာ ကုသခဲ့ရသည်။

အမေ အသက်ခုနှစ်ဆယ်မှာ ချောင်းအလွန်ဆိုး၍
အဆုတ်ဆရာဝန်ကြီးနဲ့ ပြသကာ ကုခဲ့ရပြန်သေး
သည်။ အမေ့သွားများက အံကပ်များတပ်ထားသည်။
ထိုကြောင့် အမေသည် အစာ အစားများကို အချို၊ အချဉ်၊ အငံ၊ အခါး အကုန်စားသည်။ အစပ်
ကိုတော့ အမေက အနည်းငယ်သာစားသည်။
အထူးသဖြင့် မာပြီးကြွတ်ရွသော ဂျိုးဂျိုးဂျွတ်ဂျွတ်
အစာအစာများကို အမေက ပိုကြိုက်သည်။

ဒညင်းသီးကို အမေက အလွန်ကြိုက်သည်။
သရက်သီးလည်း အင်မတန်ကြိုက်သည်။
စိန်တလုံးသရက်သီးဆိုပါမူ အမေက လက်မလွတ်
တော့ပေ။ ထိုကြောင့်ပင် တနေ့မှာတော့
ဒညင်းသီးနှင့် လက်ဖက်သုပ်များကို အလွန်
အမင်းစားကာ လေဖြန်းပါလေတော့သည်။
လေဖြန်းပြီးပြီးချင်း ဆေးရုံကြီးကို မပို့ပဲ
မြန်မာဆရာဖြင့်ပြသသည်။ လေဖြန်းပါက
ဆေးရုံကြီးသို့ အမြန်ဆုံးပို့ပါမူ ယခုကဲ့သို့
အခြေအနေဖြစ်မည်မဟုတ်ပေ။ မန္တလေး
ပြည်သူ့ဆေးရုံကြီးနှင့် နီးပါလျှက် ဆေးရုံကြီး
သို့မပို့ပဲ ထားခဲ့သော ကျွန်တော်တို့၏ မိုက်မဲမှု
လည်းပါပေသည်။

အမေသည် လေဖြန်းလျှက်နှင့်ပင် ကိုဗစ်
ရောဂါကို အလူးအလဲခံစားခဲ့ရပါသေးသည်။
ကိုဗစ်ဖြစ်စဉ်ကလည်း အမေကို လက်လွတ်ရ
တော့မလားဟု ထင်မိသေးသည်။ အောင်စီဂျင်
တိုင်း စက်ကလေးဖြင် အမေရဲ့ အောက်စီဂျင်ကို
တိုင်းရင် ဆန်ပြုတ်များကျွေးရင်းဖြင့် ကိုဗစ်ကပ်
ကို အောင်မြင်စွာကျော်ဖြတ်ခဲ့ပြန်သည်။ ဒီနှစ်
နွေကိုလည်း အမေ ကျော်ဖြတ်ရပေအုံးမည်။
ယနေ့ထိတော့ အမေက တုံးကျော်မကြီး
ဖြစ်နေတုန်းပင်။

@htwegyi
April 25, 2025

Sort:  

!hiqvote

Congratulations @htwegyi! You have completed the following achievement on the Hive blockchain And have been rewarded with New badge(s)

You got more than 20500 replies.
Your next target is to reach 21000 replies.

You can view your badges on your board and compare yourself to others in the Ranking
If you no longer want to receive notifications, reply to this comment with the word STOP