ကိုယ်လုပ်မှကိုယ်ဖြစ်မှာပါ

in HIVE-MYANMAR2 years ago

FB_IMG_1613374283641.jpg

၁၀တန်း ပထမနှစ်တုန်းကဆိုရင်တော့ ကိုကိုယ်ကိုသိပါတယ် ကျမယ်ဆိုတာကိုပေါ့။ စာလဲမလုပ်သလို အတန်းထဲမှာဆိုရင် အတန်းပိုင်ဆရာမအချိန်ကလွဲလို့ ကျန်တဲ့အချိန်ဆို နောက်တန်းမှာ ထိုင်ပြီးလုပ်ချင်တာလုပ်ခဲ့တယ်။

ပထမတစ်နှစ်လုံးလဲ စာလုံးဝကိုမလုပ်ခဲ့ဘူး။ဘာလို့လဲဆိုတာလဲမသိခဲ့ဘူး။စာလုပ်ချင်တဲ့စိတ်ကိုမရှိခဲ့တာ။အိမ်ကတော့ ပထမတစ်နှစ်မှာ ကိုယ်အတွက်အားထည့်ခဲ့တယ်။ကိုယ်ကတော့ အဲနှစ်မှာ စာကိုလုံးဝကို လုပ်ချင်စိတ်မရှိခဲ့ဘူး။

သူငယ်တန်းကနေ ၉တန်းထိ အပတ်စဥ်စာမေးပွဲတွေ လစဥ်စာမေးပွဲတွေ နှစ်လယ်စာမေးပွဲတွေမှာတော့ အကျမရှိခဲ့သလို အိမ်ကလဲ ကျောင်းကိုတစ်ခါမှအခေါ်မခံခဲ့ရဘူး။ကျောင်းလစ်ပြီးတော့လဲ ဟိုဟိုဒီဒီတွေလျှောက်မသွားခဲ့ဖူးဘူး။အတန်းထဲမှာ လတိုင်း Record အပြည့်နဲ့ကျောင်းတက်တယ် စာလုပ်တယ်။

၁၀တန်းပထမနှစ်မှပဲ ဘာတွေဘယ်လိုပြောင်းလဲသွားလဲဆိုတာ ကိုယ်ကိုမသိဘူး။၁၀တန်းစာမေးပွဲဖြေတော့မယ်ဆိုတော့ အိမ်က ကိုယ်အတွက်ယတ္တရာတွေရော် ဗေဒင်တွေရော်အစုံလုပ်ပေးခဲ့တယ်။ဗေဒင်တွေကလဲ အောင်မှာပါလို့ဟောခဲ့တယ်။ဒါပေမယ့် ယတ္တရာတော့ချေရမယ်ဆိုပြီးတော့ အိမ်ကချေပေးခဲ့တယ်။
ကိုယ်ကလဲ ကိုယ်အ​ခြေအနေကိုယ်သိနေတော့ အိမ်ကလုပ်စရာရှိတာတွေအကုန်ပေးမယ့်လဲ ဆယ်တန်းကျတာပဲ။ဒုတိယအကြိမ်ဖြေတော့ ကိုလဲအဲနှစ်မှာ စာကြိုးစားခဲ့တယ်၊အဲနှစ်မှာတော့ အိမ်ကလဲ ပထမနှစ်တုန်းကလို ဘာဗေဒင်ဘာယတ္တရာမှ ဘာတစ်ခုကိုမှမလုပ်ခဲ့ဘူး။ကိုယ်အခြေအနေကိုယ်သိတော့ အဲနှစ်အေးဆေးအောင်တယ်။

ပြောချင်တာကတော့ ကိုယ်လုပ်မှကိုယ်အောင်မြင်မှာ ကိုယ်ကြိုးစားမှကိုယ်ရမှာဆိုတာ သိစေချင်တာ။ဗေဒင်တွေ ယတ္တရာတွေကို မယုံတာလဲမဟုတ်သလို ယုံတယ်လို့လဲ မဆိုလိုပါဘူး။ဘယ်အရာကိုမှ အားကိုးပြီးတော့ အလုပ်မလုပ်စေချင်တာပါ။ဒါပါပဲ။

Sort:  

ဆယ်တန်းဖြေချိန် ကျောက်ဆည်အနီးက
ရွှေသိမ်တော်ဘုရား ယတြာချေတဲ့ အုန်းပွဲ
ငှက်ပျောပွဲတွေ အပြည့် မြင်ဖူးပ။
!LOL

Why did the king go to the dentist?
To get his teeth crowned.

Credit: reddit
@kaunglay2, I sent you an $LOLZ on behalf of @htwegyi

Delegate Hive Tokens to Farm $LOLZ and earn 110% Rewards. Learn more.
(3/6)

!MEME


Credit: cmmemes
Earn Crypto for your Memes @ hiveme.me!