မှောင်မိုက်နေသောကျွန်တော်တို့မြို့

in HIVE-MYANMAR4 years ago

IMG_5549.HEIC
တစ်ခါတစ်လေတော့လည်းနိုင်ငံခြားတွေလိုဖြစ်ချင်လိုက်ပါပေတယ်။ကိုယ်နေတဲ့မြို့ဟာဆိုရင်ဖြင့် မီးပျက်မယ်ဆိုတာဘယ်ချိန်မှန်းမသိ၊မီးလာမဲ့အချိန်ဘယ်ချိန်မှန်မသိ တော်တော်ကိုဆိုးရွားလှပါတယ်။

တစ်ပတ်တစ်ခါသစ်ပင်ရှင်းလင်းရေးဆိုသည်မှာလဲလုပ်လုပ်တာ နှစ်နဲ့တောင်ချီနေပါပြီ။ စနေ၊တနင်္ဂနွေ ဆိုမီးဖျက်ကာ သစ်ပင်ခုတ်ခြင်းလုပ်ငန်းစတင်ပါတော့သည်။ဖျက်သည်ဆိုမှာလဲခဏလေးတော့မထင်လိုက်ပါနဲ့၊အကြီးကြီးမှားသွားပါ့မယ်။

လျှပ်စစ်မီးဖျက်တဲ့အချိန်ကမနက် ၈ နာရီလောက်ကစလို့ ညနေ ၄ နာရီလောက်ထိရှိပါတယ်။ပြောလိုက်ရမှာတော့တစ်နေကုန်ပေါ့ဗျာ။အလုပ်လုပ်ရတဲ့ဝန်ထမ်းတွေကိုတော့အားနာတာပေါ့ဗျာ။နည်းပညာမမြင့်တော့ တစ်ခုခုဆိုထိပ်ဆုံးကဖြစ်တာကတော့မီးပျက်တာပါပဲ။

တစ်ခြားတစ်ချို့သောန်ိုင်ငံတွေမှာ မုန်တိုင်း ၁ နာရီကိုမိုင်တစ်ရာ့ရှစ်ဆယ်နဲ့တိုက်နေပေမဲ့ မီးလုံးဝမပျက်ပါဘူး။ ဓာတ်တိုင်တောင်ခါရမ်းနေပေမဲ့မီးကတော့လာဆဲပါ။သူတို့ရဲ့အတွေးခေါ်ကောင်းတွေနဲ့မြေအောက်လျှပ်စစ်သွယ်တန်းမှုကြောင့် မီးမပျက်တာကိုအလွန်ပင်အံ့အားသင့်စရာပင်။

​ကျွန်တော်တို့ဆီမှာ မိုးလေးတစ်ပေါက်မကျနဲ့၊လေလေးတစ်ချက်မတိုက်မိပါစေနဲ့၊ မီးကအရင်ဆုံးစ၍ပျက်ပါပြီ။ စိတ်ပျက်မိပါတယ်။ဘာလို့လဲဆိုတော့နေ့တိုင်းတွေပြင်နေပေမဲ့အကျိုးထိရောက်တယ်လို့ကိုမခံစားရလို့ပါပဲ။

@mgzayyar