ဂြိုဟ်များ၏ သိကောင်းစရာ (၁) Knowledge of the Planets (1)

in HIVE-MYANMARlast month

ကျွန်တော်တို့ ရာသီခွင် အကြောင်းသိပြီးဖြစ်သည်။ ယခု နက္ခဗေဒ၏ အရေးကြီးသောဂြိုဟ်များအကြောင်းကို လေ့လာကြပါစို့။ အဓိက ဂြိုဟ်ကြီး(၉)လုံးရှိပါသည်။ ထိုဂြိုဟ်တို့ ကောင်းကင်၌ တည်နေပုံကို ပြောပြပါမည်။ ဗေဒင်အယူအဆအရ ကမ္ဘာမှကြည့်လျှင် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ၊ တနင်္ဂနွေ၊ အင်္ဂါ၊ ကြာသပတေး၊ စနေ ဟူ၍ တည်ရှိကြသည်။ ထိုအထဲတွင် ဂြိုဟ် ၉လုံးပြည့်ရန် ရာဟု နှင့် ကိတ် ဂြိုဟ်တို့ကျန်နေပါသည်။ အမှန်မှာ ရာဟု နှင့် ကိတ် တို့သည် အရိပ်ဂြိုဟ်များ ဖြစ်ကြသည်။ ထို့ကြောင့် ဗုဒ္ဓဟူး နှင့် သောကြာ ကြားတွင် ကိတ် ကို၄င်း၊ အင်္ဂါ နှင့် ကြာသပတေး ကြားတွင် ရာဟု ကို၄င်း တည်ရှိသည်ဟု စိတ်မှန်းဖြင့် ပုံဖော်ထားကြသည်။ ထိုအပြင် ဂြိုဟ် ၉လုံး နောက်တွင် ယူရေးနပ်၊ နပ်ပကျွန်း၊ ပလူတို ဟူ၍ဂြိုဟ် ၃လုံး ထပ်မံတည်ရှိနေပါသည်။ လည်းကောင်းတို့အပြင် လူသိနည်းသောဂြိုဟ်တစ်လုံးရှိပါသည်။ ထိုဂြိုဟ်ကို ကံဂြိုဟ် ဟုခေါ်သည်။ ထို ကံဂြိုဟ် မှာတွက်ချက်ရခြင်းဖြစ်သည်။ တွက်ချက်ပုံမှာ "လဂ်"၏ ဒီဂရီ မိနစ် နှင့် တနင်္လာ၏ ဒီဂရီ မိနစ် ကို ပေါင်းပြီး တနင်္ဂနွေ၏ ဒီဂရီ မိနစ် ကိုနုတ်ခြင်းဖြင့် ကံဂြိုဟ်၏ ရပ်တည်သည့် ဒီဂရီ မိနစ် ကိုရရှိသည်။

We already know the zodiac. Now let's learn about the important planets in astrology. There are 9 major planets. You will need to know how the planets are located in the sky. If you look at the solar system from the Earth, the Moon, Mercury, Venus, Sun, Mars, Jupiter, and Saturn exist in that order. In that context, the planet Rahu, You will see that there is no Kate planet. Rahu and Kate are shadow planets. Therefore, it is thought that the Rahu planet is between Mars and Jupiter, and the Kate planet is between Mercury and Venus. The remaining planets are Uranus, Neptune, and Pluto, in order after Saturn. There is still a lesser-known planet. That planet is called Fortuna. That Fortuna planet is the planet to be calculated. The calculation method is to add the degree minutes of the "Lag" and the degree minutes of the position of the "Moon" and subtract the degree minutes of the "Sun".

တနင်္ဂနွေဂြိုဟ်သည် နေစကြာဝဠာ၏ ဗဟိုဖြစ်သည်။ ကမ္ဘာသည် နေကို နေပတ်လမ်းကြောင်းတစ်ပတ်လည်ပတ်ရန် တစ်နှစ်ကြာသည်။ တနင်္ဂနွေဂြိုဟ်သည် လူခန္ဓာ၏ ဦးခေါင်း, နှလုံး, ယောကျ်ား၏လက်ယာမျက်စိ, မိန်းမ၏လက်ဝဲမျက်စိ, ပါးစပ်, သရက်ရွက်, လည်ချောင်း, ဦးနှောက်အရိုး, တို့ကိုပြသသည်။ အရောင်မှာ လိမ္မော်ရောင်ဖြစ်ပြီး, အရသာမှာ ပူသော စပ်သော အရသာဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ ဖခင်, အကြီးအကဲ, ရှင်ဘုင် စသည်တို့ကိုညွှန်းပြသည်။ ရတနာပစ္စည်းများမှာ ရွှေ, ပုလဲ, သန္တာ, စိန်, ပတ္တမြား တို့ဖြစ်သည်။ ကုန်ပစ္စည်းအနေဖြင့် ဆန်စပါး, မြေပဲ, အုန်းသီး, ငရုပ်သီး, ငရုပ်ကောင်း, နံနွင်း တို့ပါဝင်သည်။ နေရာဌာနများမှာ ဘုရားကျောင်း, စေတီ, နတ်ကွန်း, အစိုးရအဆောက်အဦးများ, ဇရပ်, တို့ဖြစ်ကြသည်။ တိရစ္ဆာန်များအနေဖြင့် ခြင်္သေ့, မြင်း, ဝက်ထီး, မြွှေ, အသံသာယာသောငှက်များ, နှင့် ဘဲငန်းတို့ပါဝင်သည်။ ရုပ်သွင်အမူအရာများမှာ ပျားရည်ရောင်မျက်လုံး, လေးထောင့်ကျကျမျက်နှာ, တည်ကြည်ခန့်ငြား, အမျက်ဒေါသထွက်လွယ်, တို့နှင့် သက်ဆိုင်သည်။ အလုပ်အကိုင် ကိုပြသသည်။

The sun is the center of the universe. It takes the Earth one year to complete one orbit around the Sun. Sun planet shows the human body head, heart, right eye of male, left eye of female, mouth, spleen, throat, brain bone. The color is orange, and the taste is hot and spicy. Personal refers to father, chief, king, etc. The jewels are gold, pearls, coral, diamonds, and rubies. Products include rice, peanuts, coconuts, chilies, chilies, and coriander. The locations are temples, pagodas, shrines, government buildings, and shrines. Animals include lions, horses, wild boars, wild boars, melodious birds, and ducks. The physical features are related to honey-colored eyes, square face, firmness, and easily angered. Shows the job.

တနင်္လာဂြိုဟ်သည် ကမ္ဘာကို လပတ်လမ်းကြောင်းမှတစ်ပတ်ပတ်မိစေရန် ၂၇ရက်နှင့်၈နာရီ ကြာသည်။ လူ့ခန္ဓာကိုယ်၏ ယောကျ်ား၏လက်ဝဲမျက်စိ, မိန်းမ၏လက်ယာမျက်စိ, ရင်ဘတ်, ရင်သား, အစာအိမ်, သားအိမ်, ဆီးအိမ်, တို့ကိုစိုးမိုးသည်။ အရောင်မှာ အဖြူရောင်ဖြစ်ပြီး, အရသာ အားဖြင့် ချိုသောအရသာ ဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရ မိခင်, ခင်တွယ်မြတ်နိုးရသူ တို့ပါဝင်သည်။ ရတနာပစ္စည်းအနေဖြင့် ဥဿဖျား, စိန် တို့ဖြစ်သည်။ကုန်ပစ္စည်းများမှာ နွားနို့, ကြံ ကဲ့သို့သောအရည်သုံးဆောင်ရသည့် အသီးအရွက်များ, ငါး, ရေထွက်ပစ္စည်းများ ပါဝင်သည်။ တိရစ္ဆာန်များမှာ ကြောင်, ခွေး, ကြွက်, ဘဲ, တွားသွားသတ္တဝါများ, ရေနေသတ္တဝါများ, တို့ဖြစ်ကြသည်။ ဌာနအဆောက်အဦးအနေဖြင့် ဆေးရုံ, ဆီဆိုင်များ, ရေနှင့်ပတ်သက်သော အဆောက်အအုံများ, နို့ထွက်ပစ္စည်းစက်ရုံ, တို့ဖြစ်သည်။ အမူအရာမှာ ပြေပြစ်သောမျက်လုံး, ဝန်းဝိုင်းသောပုံ, မြင့်မားသောသုတရှိ, ကြွက်သားလျော့, စသည့်ပုံများဖြစ်ပါသည်။ စိတ်ဓါတ်ရေးရာကိုရည်ညွှန်းပြီး ငွေကြေးတို့နှင့်လည်းပတ်သက်ပါသည်။

Moon takes 27 days and 8 hours for the planet to orbit the Earth in one week. It rules the male's left eye, female's right eye, chest, breast, stomach, uterus, and bladder. The color is white, and the taste is sweet. On a personal level, it includes a mother, a loved one. The jewels are topaz and diamonds. The products include milk, sugarcane, vegetables, fish, and aquatic products. Animals are cats, dogs, mice, ducks, reptiles, and aquatic animals. Departmental buildings include hospitals, gas stations, water-related buildings, and dairy factories. The expressions are elegant eyes, round shape, high waist, lean muscles, etc. Referring to mental affairs, it is also related to money.

အင်္ဂါဂြိုဟ်သည် သူ၏ဂြိုဟ်ပတ်လမ်းကြောင်းမှနေကို ၆၈၇ ရက်ကြာမှတပတ် ပတ်မိသည်။ ခန္ဓာကိုယ်၏ လက်ယာဖက်နား, ကြွက်သား, ဆီးအိမ်, နှာခေါင်း, ကျောက်ကပ်, အင်္ဂါစပ်, စအို, အရိုးခြင်ဆီ, တို့ကို စိုးမိုးသည်။ အရောင်အားဖြင့် အနီရောင် နှင့် ကြက်သွေးရောင်တို့ဖြစ်ကြပြီး အရသာမှာ အငန် ဖြစ်သည်။ ပုဂ္ဂိုလ်ရေးရာအရ ညီအစ်ကို, မောင်နှမ, ဆွေမျိုးသားချင်း တို့ကိုပြဆိုသည်။ ရတနာပစ္စည်းများမှာ အန္တာကျောက်, ပတ္တမြား, ကျောက်နီ တို့ဖြစ်ကြသည်။ ကုန်ပစ္စည်းတို့မှာ သံ, သံမဏိ, မြေနှင့်ပြုလုပ်ထားသော လူသုံးကုန်ပစ္စည်းများ, အုတ်, သဲ, အသွေးအသားပါသည့်စားသောက်ကုန်များ, တို့နှင့်သက်ဆိုင်သည်။ တိရစ္ဆာန်များအနေဖြင့် ဝက်ဝံ, လူဝံ, ကျား, မြေခွေး, ဠင်းတ, သိန်းငှက်, ပဝင်သည်။ အမူအရာမှာ နီရဲရဲမျက်လုံး, အမျက်ဒေါသကြီး, အလယ်အလတ် ခန္ဓာကိုယ်, အလှူပြုတတ်, တို့ပါဝင်သည်။ နေရာဒေသများအနေဖြင့် စစ်နယ်မြေ, သားသတ်ရုံ, ပန်းပဲ, ပန်းတိမ် စက်မှုလုပ်သည့်စက်ရုံနယ်မြေများ,ဖြစ်သည်။ ရဲရင့်ခြင်း, သတ္တိရှိခြင်း, တို့ကိုလည်း ဖော်ပြလျှက်ရှိသည်။

Mars takes 687 days to complete its orbit around the Sun. The right side of the body governs the ear, muscles, bladder, nose, kidneys, vulva, anus, and bone marrow. They are red and crimson in color and salty in taste. In terms of personal matters, it shows brothers, sisters, and relatives. The jewels are amethyst, ruby, and red stone. Products include iron, steel, consumer products made of earth, bricks, sand, and food products with meat. Animals include bears, monkeys, tigers, foxes, lynxes, and thein malayas. Behaviors include red eyes, anger, medium body, giving. The locations are military areas, slaughterhouses, blacksmiths, and flower industry factories. Courage, bravery, are also described.

ဗုဒ္ဓဟူးဂြိုဟ် သည် သူ၏ဂြိုဟ်ပတ်လမ်းပေါ်မှ နေကို ၈၈ရက်ကြာမှတပတ်ပတ်မိသည်။ ခန္ဓာကိုတွင် အာရုံကြော, လျှာ, ဦးနောက်, အရေပြား တို့ကိုအုပ်စိုးသည်။ အရသာအားဖြင့် အဆိမ့်အရသာဖြစ်ပြီး အရောင်မှာ အစိမ်းရောင်ဖြစ်သည်။ ပုဂ္ဂိုလ်ရေးရာမှာ သားသမီး, တပည့်, မိဘများ၏ ညီအစ်ကိုမောင်နှမများ ပါဝင်သည်။ ရတနာအားဖြင့် ကျောက်စိမ်း, အစိမ်းရောင်ကျောက်များ, နှင့် မှတ်ကျောက် တိုဖြစ်သည်။ ကုန်ပစ္စည်းများမှာ စာအုပ်စာတမ်းများ, ဆက်သွယ်ရေးပစ္စည်းများ, တံဆိပ်အမျိုးမျိုး, ဇွန်း, ခရင်း, ပန်းကန်ခက်ယောက်, ပေတံ, စသည်တို့ဖြစ်ကြပါသည်။ နေရာဌာနတို့မှာ ဆက်သွယ်ရေးရုံး, စုံစမ်းစစ်ဆေးရေးရုံး, မှတ်ပုံတင်ရုံး, သတင်းစာတိုက်, ပြန်ကြားရေးရုံး, တို့ပါဝင်သည်။ တိရစ္ဆာန်တို့တွင် လမ်းပြသတ္တဝါများ နှင့် အစိမ်းရောင်ရှိသော သတ္တဝါများ ပါဝင်သည်။ ဆက်သွယ်မှု, ဥာဏ်, စကားပြောဆိုမှု, တု့လည်းပါဝင်သည်။

Mercury takes 88 days to complete its orbit around the Sun. In the body, it rules the nerves, tongue, back of the head, and skin. It is rich in taste and green in color. Personal matters include children, students, parents' brothers and sisters. The jewels are jade, green stones, and talismans. The products are books, communication materials, various labels, spoons, forks, cutlery, rulers, etc. The departments include the Communications Office, the Investigation Office, the Registration Office, the Press Office, and the Information Office. Animals include ungulates and green animals. Communication, understanding, conversation, etc.

ကြာသပတေးဂြိုဟ်သည် သူ၏ဂြိုဟ်ပတ်လမ်းကြောင်းမှနေကိုတပတ်ပတ်ရန် ၁၂နှစ်ကြာသည်။ ခန္ဓာကိုယ်၏ အသဲ, အဆီ, ပါး, ပါးစပ်, ရင်ဘတ်, နှလုံး, တို့နှင့် သက်ဆိုင်သည်။ အရောင်မှာ အဝါရောင် ဖြစ်ပြီး အရသာသည် ဆိမ့်သော အီသော အရသာဖြစ်သည်။ သူတော်စင်များ, ဆရာသမားများ, ဘုန်းကြီးရဟန်းများ, တို့သည် ပုဂ္ဂိုလ်ရေးရာများဖြစ်သည်။ ရတနာအနေဖြင့် ရွှေ, အဝါရောင်ကျောက်များပါဝင်သည်။ ကုန်ပစ္စည်းများမှာ ငွေလွဲလက်မှတ်, ချက်လက်မှတ်, ထောပတ်, ဒိန်ခဲ, အဆီအဆိမ့်များ, တို့ပါဝင်သည်။ နေရာဌာနတို့မှာ ဘုရား, တန်ဆောင်း, ဇရပ်, စာသင်ကျောင်း, ဘာသာရေးဆိုင်ရာဌာနများ, ပါဝင်ပါသည်။ မြင်း, ဆင်, နွားထီး, တို့ကိုလည်းအုပ်စိုးသည်။ ပညာရေး, ကျန်းမာရေး, ဂုဏ်သရေရှိမှု, ကြည်ညှိဖွယ်ကောင်းခြင်း, တို့နှင့်လည်း ပတ်သက်ပါသည်။

Jupiter takes 12 years to complete its orbit around the Sun. Related to the body's liver, fat, cheeks, mouth, chest, and heart. The color is yellow and the taste is sweet and sour. Saints, teachers, monks are personal affairs. Jewelry includes gold and yellow stones. Products include bills, checks, butter, cheese, and fatty foods. The facilities include temples, tansongs, churches, schools, and religious institutions. He also rules horses, elephants, and bulls. It is also related to education, health, honor, and harmony.

အပိုင်း(2)တွင် ဆက်လက်လေ့လာကြပါစို့။ မင်္ဂလာအပေါင်းနှင့်ခ​ညောင်းကြပါစေ။ မင်းဇော်

Let's continue to study in part (2). Good luck to all. Min Zaw