ဂြိုဟ်များ၏ သိကောင်းစရာ (၂) Knowledge of the Planets (2)

in HIVE-MYANMARlast month

ဂြိုဟ်များအကြောင်းပြန်လည် ၍ပြောပြပေးပါမည်။
I will tell you about the planets again.

သောကြာဂြိုဟ်သည် သူ၏ဂြိုဟ်ပတ်လမ်းကြောင်းပေါ်တွင် ၂၂၅ရက်ကြာမှ နေ ကိုတပတ် ပတ်မိပါသည်။ ခန္ဓာကိုယ်အစိတ်အပိုင်းတို့မှာ မျက်စိ, လည်ချောင်း, ပါး, ကျောက်ကပ်, တို့ပါဝင်သည်။ အရောင်အနေဖြင့် နို့နှစ်ရောင်, ဆင်စွယ်ရောင်, အပြာရောင်, တို့ပါဝင်ပြီး အရသာအားဖြင့် ချိုသော သဘောရှိသည်။ ပုဂ္ဂိုလ်ရေးအရ လင်, မိန်းမ, ရည်းစား, ထမင်းချက်, ဖျော်ဖြေသူ တို့ကိုပြသည်။ ရတနာအနေဖြင့် ဥဿဖယား, ငွေ, စိန်, တို့က်ုညွှန်းသည်။ ကုန်ပစ္စည်းများမှာ အထည်အလိပ်, စားသောက်ကုန်, အလှပြင်ပစ္စည်းများ, တူရိယာများ, ကာမဂုဏ်နှင့်သက်ဆိုင်သောပစ္စည်းများ, အမွေးနံသာများ, မော်တော်ယာဥ်အမျိုမျိုး, ပါဝင်သည်။ ကျားသစ်, နွားမ, ဆိတ်, ခို, ဒေါင်း, တို့ပါဝင်သည်။ နေရာဌာနတို့မှာ အိပ်ခန်း, ဟိုတယ်, စားသောက်ဆိုင်, ရုပ်ရှင်ရုံ, သားဖွားခန်း, သယ်ယူပို့ဆောင်ရေးဌာန, များဖြစ်သည်။ ရုပ်သွင်အမူအရာမှာ ပြေပြစ်သောမျက်လုံး, ရုပ်သွင်ချောမော, အသိဥာဏ်ရှိ, ဂီတဆန်သောသူ, ဖြစ်သည်။ အိမ်ထောင်ရေး ကိုပြသသည်။

Venus takes 225 days to complete its orbit around the Sun. Body parts include eyes, throat, cheeks, kidneys. The color includes cream, ivory, and blue, and the taste is sweet. Personal shows husband, wife, girlfriend, cook, entertainer. As jewels, topaz, silver, diamonds, and copper are mentioned. Products include textiles, food, cosmetics, instruments, sensual goods, perfumes, and automobiles. Including leopard, cow, goat, pigeon, peacock. The locations are bedrooms, hotels, restaurants, movie theaters, maternity rooms, transportation centers, etc. Appearance: elegant eyes, handsome, intelligent, musical. Shows marriage.

စနေဂြိုဟ်သည် သူ၏ဂြိုဟ်ပတ်လမ်းကြောင်းတွင်၂၉.၅နှစ်လျှင် နေ ကို တပတ်ပတ်မိသည်။ အရိုး, ဆံပင်, နား, သွား, အကြောများ, တို့ကို ညွှန်းပြနေသည်။ ရတနာပစ္စည်းတို့မှာ နီလာ, မဟူရာ, အပြာရောင်ကျောက်များ ကိုဆိုလိုသည်။ အရသာမှာ ခါးသောအရသာဖြစ်ပြီး အရောင်မှာ အနက်ရောင် ဖြစ်သည်။ အစေခံ နှင့် သက်ကြီးရွယ်အိုများ ကိုဆိုလိုသည်။ ကုန်ပစ္စည်းများအနေဖြင့် ရှေးဟောင်းပစ္စည်းများ, ခဲ, ခဲမဖြူ, အနက်ရောင်ကုန်ပစ္စည်များ, သားရေများ, ကိုပြသည်။ သတ္တဝါများမှာ ဆိတ်, မြည်း, လား, တို့ဖြစ်၏။ နေဌာနမှာ စွန့်ပစ်ပစ္စည်းများ, သားရဲတွင်း, အိမ်အိုအိမ်ဟောင်းများ, ကတုတ်ကျင်း, ဆေးတိုက်, ကိုပြသသည်။ ပုံသဏ္ဍန်မှာ မျက်လုံးဝါ, အရပ်မြင့်, သွားကြီး, ဆံပင်မာကြော, ပျင်းရိ, စသောအမူအရာများပိုင်ဆိုင်သည်။ သီးခံခြင်း သဘာဝရှိသည်။

Saturn orbits the Sun once every 29.5 years. Bones, hair, ears, teeth, muscles are indicated. Jewelry means sapphire, mahura, blue stones. The taste is bitter and the color is black. It means servants and elders. The products include antiques, lead, tin, black goods, leather, etc. The animals are goats, donkeys, and deer. In the habitat, waste materials, animal dens, old houses, trenches, dispensaries, are shown. His appearance is yellow eyes, tall, big teeth, stiff hair, lazy, etc. It has a yielding nature.

ရာဟု နှင့် ကိတ် ဂြိုဟ်တို့သည် အရိပ်ဂြိုဟ် တို့ဖြစ်သည့်အားလျော်စွာ နေစကြာဝဠာအတွင်း၌ နာရီလက်တံပြောင်းပြန်လည်ပတ်နေသည်။ ပြောင်းပြန်လည်ပတ် နေသည့်ဟုမှတ်ယူကြသည်။ နေ နှင့် လ သွားရာလမ်းတလျှောက် ဆုံဆည်းရာမှဖြစ်ပေါ်လာသည်ဟု ယူဆကြပါသည်။ ရာဟု နှင့် ကိတ် တို့သည် သူတို့ရပ်တည်သည့် ရာသီခွင် ပိုင်သည့်ဂြိုဟ် ၏ သဘောကိုပြသည်။ ပုဂ္ဂိုလ်ရေးအရ, ရာဟုသည် အဖေ ဖက်မှ အဘိုးကို ညွှန်ပြပြီး ကိတ်သည် အမေ ဖက်မှ အဘိုးကိုပြသသည်။ ရာဟုသည် ပဲနောက် ဖြစ်၍ ကိတ် သည် ကုလားပဲ ဖြစ်၏။ ရတနာမှာ ရာဟု သည် ဂေါ်မုတ် ဖြစ်ပြီး ကိတ် မှာ ဝေဠုရိယ တို့ဖြစ်ပါသည်။အရပ်ဒေသတို့မှာ မှောင်မိုက်သောနေရာ, ဂူ, နှင့် လိုဏ်ခေါင်း တို့ကိုညွှန်းသည်။ တိရစ္ဆာန်တို့မှာ မြွေ, ဝံပုလွေ, ခြင်, ကြမ်းပိုး, အဆိပ်ရှိသောပိုးမွှားများ ကိုပြသည်။

Rahu and Kate are shadow planets, respectively, rotating counter-clockwise in the solar system. They are considered to be operating in reverse. It is believed that the sun and the moon meet along the way. Rahu and Kate show the signification of the planet in which they stand. Personally, Rahu indicates paternal grandfather and Kate indicates maternal grandfather. Rahu is the bean and Kate is the gram. Jewel is Rahu is Gomud and Kate is Valyurya. Places indicate dark places, caves, and tunnels. Animals include snakes, wolves, mosquitoes, bed bugs, and poisonous insects.

ယူရေးနပ်ဂြိုဟ် သည် သူ၏ဂြိုဟ်ပတ်လမ်းကြောင်းပေါ်တွင် ၈၄နှစ်ခန့်ကြာမှ နေကိုတပတ် ပတ်မိသည်။ ယူရေးနပ် သည် နှလုံး, ဦးနှောက်, နှင့် အာရုံကြောစနစ် ကို ထိန်းချုပ်သည်။ ထိုကြောင့် ဝက်ရူးပြန်သည့်ရောဂါများကို ပြသည်။ ရောင်ရမ်းခြင်းနှင့်ဆိုင်သော ရောဂါများဖြစ်တတ်၏။ ကုန်ပစ္စည်းအနေဖြင့် ရောစပ်ထားသော သတ္တုများ, နက္ခတ်ဗေဒဆိုင်ရာ ရေဒီယာ, ရေနွေးငွေ့ဖြင့်လည်သောစက်များ, ဓါတ်ငွေ့များ, နှင့်ပတ်သက်သည်။ နေရာဌာနတို့မှာ အလုပ်ရုံ, ဘဏ်တိုက်, ကျောက်မီးသွေးတွင်း, ရေကူးကန်, ငါးကန်, ဓါတ်ငွေ့ထုတ်စက်ရုံ, တို့ဖြစ်သည်။

Uranus takes about 84 years to complete its orbit around the Sun. Uranus rules the heart, brain, and nervous system. Therefore, epileptic diseases are shown. Diseases related to inflammation. Products include alloys, astronomical radiators, steam engines, gases, etc. The locations are a workshop, a bank building, a coal mine, a swimming pool, a fish tank, and a gas plant.

နက်ပကျွန်းဂြိုဟ်သည် သူ၏ဂြိုဟ်ပတ်လမ်းမတွင် ၁၄၇နှစ်ကြာမှ နေကို တပတ် ပတ်မိသည်။ အာရုံကြောစနစ်, မျက်ကြည်လွှာ, မျက်စိအာရုံကြော, ကျောရိုးခြင်ဆီ, တို့ကိုစိုးမိုးထားသည်။ ထို့ကြောင့် မျက်စိဒုက္ခပေးခြင်း, ရူးသွပ်ခြင်း, မေ့မြောခြင်း, တို့နှင့် ဆိုင်သောရောဂါများသည် နတ်ပကျွန်းဂြိုဟ်ဖြင့် ပတ်သက်သည်။ ကုန်ပစ္စည်းအနေဖြင့် မူးယစ်ဆေးဝါး, ဘိန်း, မေ့ဆေး, အိပ်ဆေး, တို့နှင့်ပတ်သက်သည်။ နေရာများမှာ အကျဥ်းထောင်, ဒုက္ခသည်စခန်း, စစ်ပြေးစခန်း တို့နှင့်လည်း ဆိုင်ပါသည်။

Neptune spends 147 years in its orbit around the Sun. The nervous system, cornea, optic nerve, and spinal cord are ruled. Therefore, diseases related to eye problems, insanity, and coma are related to the planet Neptune. As a product, it is related to drugs, opium, anesthesia, sleeping pills. The places are also related to prisons, refugee camps, and refugee camps.

ပလူတိုဂြိုဟ်သည် သူ၏ဂြိုဟ်ပတ်လမ်းကြောင်းပေါ်တွင် ၂၉၄နှစ်ခန့်ကြာမှ နေကိုတပတ် ပတ်မိသည်။ ပလူတို နှင့်ပတ်သက်သည့်အကြောင်းအရာ ဟုသတ်မှတ်ထားချက်မရှိသော်လည်း သူရပ်တည်နေသည့် နက္ခတ် ၏ သဘာဝကိုပြသည်ဟု မှတ်သားရပါသည်။

Pluto takes about 294 years to complete its orbit around the Sun. Pluto is not defined as a subject, but it is noted that it shows the nature of the star it stands in.

ကံ ဂြိုဟ် ကို ဖော်ကျူနား ဟုလည်းခေါ်တွင်သည်။ ထိုဂြိုဟ် သည် ဇာတာရှင်၏ ဘဝတွင် ထူးကဲစွာ ခံစားရမည့် အကြောင်းအရာများကို ဖော်ပြပါသည်။ "ဘယ်လို့သိနိုင်သလဲ" ဟုမေးစရာရှိပါသည်။ ဇာတာတွင်းရှိ မည်သည့် "ဘာဝ" တွင် ရပ်တည်နေသည် ကိုကြည့်ခြင်းဖြင့်သိနိုင်ပါသည်။ ထို "ဘာဝ" ဟူသောအကြောင်းအရာ ကိုနောက်ပိုင်းတွင် ဖော်ပြပေးသွားပါမည်။ ဂြိုဟ်များ၏ စွမ်းဆောင်မှု ကို သိပြီး မည်သည့် နေရာတွင် အသုံးပြုနိုင်သည်ကို နောက် post တွင်ရေးသားပေးပါမည်။ စာဖတ်မိတ်ဆွေ အားလုံး ပျော်ရွှင်သောဘဝများပိုင်ဆိုင်နိုင်ကြပါစေ။ မင်းဇော်

Karma planet is also called Fortune. That planet describes the things that will be experienced in the life of the horoscope. The question is, "How do you know?" You can know by looking at which "nature" you stand in the horoscope. The subject of "nature" will be described later. I will write about the performance of the planets and where they can be used in the next post. May all readers have a happy life. Min Zaw

Sort:  

ကျေးဇူးတင်ပါတယ်ရှင့်