HBD ကနေ hive အဖြင့် ပြောင်းလဲထားသင့်

in HIVE-MYANMAR2 years ago

ကျွန်တော်တို့ နေ့စဉ် စာရေးခြင်းကြောင့် ရလာတဲ့ ထဲမှာ hive မပေးတာကြာပါပြီ။ သူပေးတာ HBD နဲ့ hive power ပဲပေးပါတယ်။ ယခုလိုအချိန်မျိုး hive ဈေးကျနေချိန် ကျွန်တော်တို့ ပါးနပ်ဖို့လိုပါတယ်။ ဒါကြောင့် မိမိတို့ပိုင်ဆိုင်ထားသော HBD တွေကို hive အဖြင့် ပြောင်းလဲထားသင့်ပါတယ်။ ဘာလို့လဲဆိုရင် HBD က တစ်ဒေါ်လာနဲ့ ညီမျှတယ်လို့ ထုတ်လုပ်ထားတယ်။ hive ကတော့ အဈေးအတက်အကျ ရှိတယ် အခုလို hive ဈေးကျချိန် ပြောင်းလဲလိုက်လျှင် hive ပမာဏ ပိုရလာမယ် ဈေးတက်လျှင် အမြတ်ထွက်လာလို့ပါ။ ကျွန်တော်လည်း တစ်ချိန်က steem တွေကို hive အဖြင့် ပြောင်းထားခဲ့ဖူးတယ်။ အဲအချိန်က hive ဈေး 1 hive = 0.24 $ လောက်နဲ့ပါ ကျွန်တော်ထုတ်ရောင်းလိုက်တဲ့အချိန်က 1 hive = 2.8 $ နဲ့ 1 hive = 3 $ တွေနဲ့ရောင်းလိုက်တော့ အမြတ်အစွန်းများပြီး မိန်းမအတွက် ပတ္တမြားနဲ့ နီလာ တစ်စင်စာ ဝယ်ပေးလိုက်နိုင်ခဲ့တယ်။ ကျွန်တော်ကတော့ အကြံပေးယုံပါ လုပ်တာမလုပ်တာတော့ ကိုယ်ပိုင်ဆုံးဖြတ်ကြပါလို့ ပြောကြားလိုပါတယ်။

Sort:  

ကျမက ရရင် ရသ​လောက် ​​ပြောင်းထား​တော့ ခုချိန် ပြောင်းစရာ သိပ်မရှိဘူး ​နောက်တစ်ခါ​စျေးတက်မှ စုပြီး ​ပြောင်းရမယ်​​ထင်တယ်​နော်