ဟက်ကာတွေအများစုက ကုလားတွေဖြစ်

in HIVE-MYANMAR2 years ago

ဒီနေ့တော့ သတိထားသင့်တဲ့အကြောင်းအရာတွေ မျှဝေပေးပါမည်။ အခု ဟက်ကာအများစုဟာ facebook, gmail, crypto wallet တွေကို အဓိကထား ဟက်နေကြပါတယ်။ အများဆုံးဟက်နေတဲ့ နိုင်ငံကတော့ ပါကစ္စတန်ဖြစ်ပြီး၊ ဘင်္ဂလားဒေ့နှင့် မြောက်ကိုရီးယားတို့ပဲဖြစ်ပါတယ်။ အခြားသောနိုင်ငံတွေက ဟက်တာလည်းရှိသလို ဒီလောက်အထိမလုပ်ကြပါဘူး။ မိမိအကောင့်တွေလုံခြုံဖို့ 2 step ခံကြပါ။ 2 step ရှိတာတောင် မရမကဟက်နေတာတွေ့ရပါတယ်။ အကောင့်တိုင်းကိုတော့ မဟက်ကြဘူး။ facebook အတွက် page အားကောင်းတဲ့ အကောင့်တွေ ကိုအဓိကထား ဟက်တာတွေ့ရတယ်။ ဘာလို့ဟက်တာလဲ page တွေကို ပြန်ရောင်းစားလို့ရသလို instant articles, in steam ads နဲ့ ဝင်ငွေရှာနိုင်လို့ပါပဲ။ gmail ကို ဟက်တာကတော့ gmail အကောင့်တစ်ခုကိုရတာနဲ့ gmail နှင့် ချိတ်ဆက်ထားသည့် youtube, adsense, admob, google drive နှင့် အခြားချိတ်ဆက်ထားသည့် facebook, twitter အစရှိတဲ့ အကောင့်တွေများစွာကို ရရှိလို့ပါ။ အချို့သောလူတွေကို crypto wallet backup code တွေကို google drive ထဲမှာသိမ်းကြတယ်။ ဒါကြောင့် သူတို့က gmail ကိုအဓိကထား ဟက်ယူကြပါတယ်။ အကောင့်တိုင်းကို မဟက်ပါဘူး။ သူတို့ စစ်ထုတ်ပြီး ဝင်ငွေလမ်းကြောင်းရှိနိုင်တဲ့ အကောင့်တွေပဲ ဟက်ကြပါတယ်။ ဒါကြောင့် မိမိအကောင့်လုံခြုံဖို့ အသိပေးခြင်းပါ။

Sort:  

ကျွန်တော့် အကောင့် အဟက်ခံရတာလဲ အင်ဒိုကလို့ သံသယဖြစ်တယ်။ ဟိုက် အကောင့် အဟက်ခံရတာကတော့ phishing မိလို့ပါ။ ဟိုက်အကောင့် password တွေ ပြောင်းပြီးတာတောင် gmail ထဲ ဝင်ဖို့ကြိုးစားလာကြတယ်။ gmail မှာ login location ပြတာက တစ်နေရာက ဘရာဇီး၊ နောက်တစ်နေရာက အင်ဒိုဖြစ်နေတယ်။ တကယ်လို့ သူတို့က vpn ခံလို့ ဘရာဇီးလို နေရာက vpn server ရှိနိုင်ပေမယ်၊ အင်ဒိုလို နိုင်ငံ က vpn server ရှိတာမတွေ့ဖူးတော့ အင်ဒိုကို သံသယဖြစ်မိတာပါ။

gmail password က သူတို့ ဘယ်လို ဖြေလဲ မသိဘူး။ တော်သေးတယ် 2 steps ရှိနေလို့ အဲတုန်းက၊ နောက်ပိုင်း မသုံးတဲ့ ဟိုက် password အဟောင်းကို နဲနဲ ပြင်ပြီးထည့်လိုက်တယ်။

အ​ကောင့်တစ်ခု အဖိုးတန်လာ​လေ သတိထားရ​လေ​ပေါ့

ကိုယ်တွေတော့ ဘယ်လိုဟက်ခံရတယ် ဆိုတာကို မသိသေး။
ဘယလိုဟက်ခံရတဲ့အကြောင်း ရေးတင်ပေးပါအုံး။