အောင်အောင်ရဲ့ လက်သုံးစကား

ကိုကိုက အောင်အောင်ဆီကို သွားကာ သူ ကားဝယ်ဖို့ စိတ်ကူးနေတယ်လို့ ပြောတယ်

ကိုကိုက I want to buy a Honda Insight. Do you think I can afford it?

ငါ ဟွန်ဒါ အင်းဆိုက် မော်ဒယ် တစ်စီး ဝယ်ချင်လို့။ ငါ့ ဘတ်ဂျက်နဲ့ တတ်နိုင်ပါ့မလား လို့ မေးလိုက်တယ်

ဒီတော့ စကားပြောရင် able ထည့်သုံးချင်တဲ့ အောင်အောင်က

Yes, it is not very expensive. It is affordable. တတ်နိုင်မှာပါ။ သူက ဈေးသိပ်မကြီးဘူး။ လူအများ တတ်နိုင်တဲ့ ဈေးပဲ ရှိပါတယ် လို့

ကိုကိုပြောတဲ့ afford တတ်နိုင်တယ်ဆိုတဲ့ verb ကို able ထည့်ပြီး ပြောလိုက်တယ်။

ဒီတော့ ကိုကိုက That Honda model is not very big. In fact it is very small. I adore it.

အဲဒီ Honda Insight မော်ဒယ်လေးက သိပ်မကြီးဘူး။ သေးသေးလေး။ ငါက ကား သေးသေးလေးတွေကို ချစ်တာ လို့ ပြောလိုက်တယ်။

ဒီတော့ အောင်အောင်က

Yes, it is adorable. အေး ဟုတ်တယ် အဲဒီမော်ဒယ်လေးက ချစ်စရာကောင်းတယ်လို့

ကိုကိုပြောတဲ့ adore ချစ်မြတ်နိုးတယ်ဆိုတဲ့ verb ကို able ထည့်ပြီး ပြောလိုက်ပြန်တယ်။

ဒီတော့ကိုကိုက The broker says it can be sold for 500 Lakh. Do you think I can negotiate the price?

ပွဲစားကတော့ အဲဒီကားလေးကို သိန်း ၅၀၀ ရရင် ရောင်းမယ်ပြောတယ်။ ငါ ဈေးညှိလို့ ရမလားမသိဘူး။

ဒီတော့ အောင်အောင်က That’s easy. Ask the broker if the price is negotiable? ဒါများ လွယ်လွယ်လေး ပွဲစားကို ဈေးက ညှိလို့ ရနိုင်သေးလား မေးလိုက်ပေါ့ လို့

ကိုကိုပြောတဲ့ negotiate ညှိနှိုင်းတယ်ဆိုတဲ့ verb ကို able ထည့်ပြီး ပြောလိုက်ပြန်တယ်။

ဒီတော့ ကိုကိုက You come along when I go buy that car. Maybe help me negotiate with the broker.

ငါ အဲဒီကား သွားဝယ်တဲ့အခါ မင်းလိုက်ခဲ့ကွာ။ ပွဲစားကို ဈေးကူညှိပေးပေါ့။

ဒီတော့ အောင်အောင်က Anytime, you can rely on me. Just call me when you go there.

အချိန်မရွေးပဲ မင်းငါ့ကို အားကိုးနိုင်တယ်။ မင်းသွားဝယ်တဲ့နေ့ ငါ့ကို ဖုန်းဆက်လိုက် လို့ပြောလိုက်တယ်။

ဒီတခါ အောင်အောင်ရဲ့ စကားမှာ able မပါတော့တာကို သတိထားမိပြီး အောင်အောင်ကို ခနဲတဲ့ လေသံနဲ့

You are such a reliable friend. မင်းက တော်တော် အားကိုးရတဲ့ သူငယ်ချင်းပဲနော်လို့ အောင်အောင် လက်သုံးစကားဖြစ်တဲ့ able ထည့်ပြီး ပြန်ပြောလိုက်ပါတော့တယ်။

Verb နဲ့ နောက်ကနေ suffix နောက်ဆက် အဖြစ် able ထည့်လိုက်ရင် အဲဒီverb လုပ်နိုင်‌သောဆိုတဲ့ adjective ဖြစ်သွားပါတယ်။

ဥပမာ

understand နားလည်သည်

understandable နားလည်နိုင်သော

believe ယုံကြည်သည်

believable ယုံကြည်နိုင်လောက်သော

use အသုံးပြုသည်

usable အသုံးပြုနိုင်လောက်သော

breathe အသက်ရှူသည်

breathable အသက်ရှူလို့ ရနိုင်သော (ရှူရှိုက်ဖို့ ဘေးကင်းတဲ့ လေ၊ သန့်ရှင်းသောလေ)

ဖတ်ရှုသူ အားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။