အဆက်မပြတ်ပါပဲ

in HIVE-MYANMARlast month

အားလုံး မင်္ဂလာပါ

ခုရက်တွေမှာ အတန်းတွေနဲ့ အဆိုင်းမန့်တွေနဲ့ ပြီးတော့ ရိပ်သာမှာလဲ သွားကူတာနဲ့ အားတဲ့ချိန်တောင်သိပ်မရှိနေပါဘူး။ အတန်းက တစ်ပတ် လေးချိန်၊ တစ်ချိန်ကို ၂ နာရီ ၄၅ မိနစ်၊ MBA အတန်း အဆိုင်းမန် ကလဲ တစ်ပါတ်ကို နှစ်ခု ရေးတင်ရတာမို့ အချိန်တွေက ကွတ်တိကျနေတယ်ဆိုတာထက် မလောက်တဲ့ဘက်ကို ရောက်လာပါတယ်။ ဒါနဲ့ ရိပ်သာအလုပ်ပေါ်လာရင် "လာပြန်ပြီဆိုပြီး" စိတ်ထဲ ဖြစ်မိတယ်။ နောက်မှပြန်တွေးမိတာက အဲလို တွေးမိရင် ကုသိုလ်မရပဲ အကုသိုလ် ဘက်ယိမ်းသွားမယ်ဆိုတာပါပဲ။ နှလုံးသွင်းမှန်မှ ကုသိုလ်အပြည့်ရနိုင်မှာ မဟုတ်ပါလား။ တစ်ချို့က ကုသိုလ်အလုပ်တော့လုပ်ပါတယ် - ဥပမာ မိဘကို လုပ်ကျွေးနေတာမျိုး။ ဒါပေမယ့် စိတ်မထားတတ်ပဲ (မိဘကို အလုပ်အကျွေးပြုရတာ "နဲတဲ့ ကုသလိုလ်မဟုတ်ပါလား၊ ပြုရခဲတဲ့ကုသိုလ်ပါလား" လို့ နှလုံးမသွင်းပဲ) "ငါအတော် ဝဋ်ကြီးတာပဲ၊ ဘယ်ဘဝက ဝဋ်ကျွေးဆပ်နေရလဲ မသိဘူးလို့ နှလုံးသွင်းရင်" ကိုယ်လှူတဲ့ ဆွမ်းထဲ ကြွက်ချေးပါသွားတာနဲ့ အတူတူပဲလို့ ဆိုရမယ်ထင်ပါတယ်။

Behaviour change (အမူအကျင့်ပြောင်းခြင်း)

အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်ဖို့ဆိုရင် ကိုယ့် အမူအကျင့်အချို့ကို ပြောင်းရမယ်လို့တွေးမိလာပါတယ်၊ Oxford ဆရာတော်တရားထဲမှာဆိုရင် ကိုယ့်ရဲ့ မကောင်းတဲ့ အကျင့်ကို ကောင်းတဲ့ အကျင့်နဲ့ အစားထိုးသင့်တယ်လို့ နာယူဖူးပါတယ်။ ဆရာတော်က မုဒိတာစိတ်နဲ့ ရှုကြည့်ဖို့သင်ကြားပေးပါတယ်။ ကျွန်တော်တို့ နေ့စဥ်ဘဝကို ကောင်းမွန်စွာ အသုံးချနေထိုင်နိုင်ဖို့ဆိုရင် ထိရောက်မှုမရှိတဲ့အကျင့်တွေကို ကောင်းမွန်တဲ့ အကျင့်တွေနဲ့ အစားထိုးဖို့ကြိုးစားသင့်တယ်ထင်ပါတယ်။

FB ကတွေ့မိနေတဲ့ NLP (Neuro-Linguistic Programming)တို့ဆိုရင် ဒီလို အမူအကျင့်တွေကို ပြောင်းဖို့ ကူညီပေးနိုင်တယ် ထင်ပါတယ်။ NLP ကို စဦး အသုံးချခဲ့သူတွေကတော့ အနောက်တိုင်းက Richard Bandler and John Grinder တို့ဖြစ်ပါတယ်။ ၁၉၇၀ နှစ်တွေလောက်ကဖြစ်ပါတယ်။ ကျွန်တော်တို့အရှေ့တိုင်းအနေနဲ့ရော ဒါမျိုးတွေမရှိဘူးလား? အပေါ်က ပြောခဲ့သလို oxford ဆရာတော်ဟောတဲ့ မုဒိတာနဲံ ရှုပွားတာနဲ့၊ ဝိပဿနာ ရှုတာတို့ ရှိတယ်လို့ ဖြေချင်ပါတယ်။

ဝိပဿနာက လူတစ်ဦးရဲ့ အမှုအကျင့်ကို ပြောင်းပေးနိုင်သလား? ဝိပဿနာက ကျွန်တော်တို့ရဲ့ စိတ်အတွင်းဆုံးအပိုင်းထိကို ဝင်ပြီး ပြောင်းလဲပေးနိုင်ပါတယ်။ ဆရာကြီး ဦဘခင်လက်ထက်က နိုင်ငံခြားသား တစ်ယောက်က သူ့ဆီမှာလာပြီး ဒီလို ဝေဒနာတွေရှုနေနဲ့ ပျော်ရွင်မှုနိုင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုပြီး ဆရာကြီးကို မေးခွန်းထုတ်ပါတယ်။ ဆရာကြီး ဦးဘခင်က ကိုယ်ကိုယ်တိုင်အရင်အားထုတ်ကြည့်ပါ၊ ပြီးမှ ဟုတ်မဟုတ်ဆုံးဖြတ်ပါလို့ဆိုတော့ အဲဒီနိုင်ငံခြားသားက သူ့ဆီမှာ (၁၀ ရက်လား ရက်၂၀လား မမှတ်မိတော့ပါ) တရားစခန်းဝင်ပြီးပြန်သွားပါတယ်။ ဒါနဲ့ တရားစခန်းအပြီးမှာ သူ့နိုင်ငံကို ပြန်သွားခဲ့ပါတယ်။ ဒါနဲ့ အဲဒီနိုင်ငံခြားသားက ဆရာကြီး ဦးဘခင်ဆီကို နောက် တစ်ကြိမ် ပြန်ရောက်လာပါတယ် (သုံလ လောက်ကြာပြီးထင်ပါတယ်)။ သူအိမ်ပြန်ပြီး‌တဲ့ နောက်မှာ သူ့ဝန်းကျင်နဲ့ဆက်ဆံပြောဆိုတဲ့အခါ ပိုပြီး အဆင်ပြေလာတယ်တယ်လို့ ဆရာကြီးကိုပြောပါတယ်။ အထူးသဖြင့် သူ့မိန်းမနဲ့ ရှေ့ပိုင်းက ပြောဆိုဆက်ဆံတာ အဆင်မပြေခဲ့တာ ဝိပဿနာတရားအားထုတ်သွားပြီးတဲ့နောက်မှာတော့ သူတို့ကြားဆက်ဆံရေးကောင်းမွန်အဆင်ပြေလာတယ်လို့ပြောပါတယ်။ အဲဒါနဲ့ အဲဒီနိုင်ငံခြားသားက ဆရာကြီးဆီမှာ ရက်ရှည်တရားစခန်း နောက်တစ်ကြိမ်ဝင်ပြီးပြန်သွားခဲ့ပါတယ်။ ဒါကတော့ သာဓကတစ်ခုပါ။

အခုတရားစခန်းမှာ ဝိပဿနာအားထုတ်ပြီး အမူအကျင့်ပြောင်းသွားသူတွေရှိကြပါတယ်။ ဆေးစွဲတာပျက်သွားတဲ့သူနဲ့၊ ကွမ်းယာစားနေကျသူက ကွမ်းယာစားတာနဲ့၊ ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားဖူးသူက အကျင့်ဟောင်းတွေပျောက်ပြီး ပျော်ရွင်လာတာနဲ့ စတဲ့ သာဓကတွေကို တွေ့ရပါတယ်။ ကျွန်တော့်အတွေ့အကြုံထဲကဆိုရင် အရင်က ကျွန်တော် ည ၂နာရီလောက် တစ်ရေးနိုးချိန်မှာ အထီးကျန်လွန်းတာကို ခံစားမိခဲ့ဖူးပါတယ်။ တစ်ကြိမ်မကဘူးထင်ပါတယ်။ တရားစခန်းဝင်ပြီး နည်းစနစ်တွေရလာအပြီး တစ်ည အဲလို ဖြစ်တော့ အဲဒီစိတ်ကို ပဲ တုန့်ပြန်မှုမပြုပဲ(ဝိပဿနာရှုသလို) ဥပက္ခါနဲ့ ရှုကြည့်လိုက်ပါတယ်။ ခံစားချက် စဖြစ်တာကနေ ပျောက်သွားတဲ့ အထိ တုန့်ပြန်မှု တစ်စုံတစ်ရာမလုပ်ပဲ ရှုကြည့်မိခဲ့တယ်ထင်ပါတယ်။ (တုန့်ပြန်မှုဆိုတာက အခြားအာရုံနဲ့အစားထိုးဖို့လုပ်တာ ဖြစ်ပါမယ်။) ထူးခြားတာက အဲလိုရှုဖူးလိုက်တဲ့နောက်ပိုင်းက စပြီး အဲလို ခံစားချက်မျိုးကို မခံစားရတော့ဘူးဆိုတာပါပဲ။ (ဒါနဲ့ပါတ်သတ်ပြီး ‌ဘာကြောင့်လဲဆိုတဲ့ အဖြေကို မရသေးပါ။ အနောက်တိုင်း စိတ်ပညာနဲ့ ရှင်းပြနိုင်မလားဆိုတာလည်းမသိပါ။)

ဒီလိုပဲ ရိပ်သာမှာ ဝိပဿနာ ရှုပြီး အကျင့်တင်မဟုတ်ပဲ ဘဝပါပြောင်းလဲသွားသူတွေလည်း ရှိပါသေးတယ်။ အခုလောလောဆယ်တော့ ဒီမှာပဲ ရပ်ပါရစေ။

အားလုံးကျန်းမာ ချမ်းသာကြပါစေ။

@princekham
22nd March 2014

Sort:  

@princekham, the HiQ Smart Bot has recognized your request (1/2) and will start the voting trail.

In addition, @princekham gets !LOL from @hiq.redaktion.

For further questions, check out https://hiq-hive.com or join our Discord. And don't forget to vote HiQs fucking Witness! 😻

OH NO!
You are out of jokes for the day!

@hiq.smartbot you can call @lolzbot a maximum of 8 times per day.
Level up by buying more $LOLZ so you can share more jokes per day!

Thanks for sharing the informative content!
!LUV
!PIZZA
!MEME

princekham, asterkame sent you LUV. 🙂 (1/10) tools | trade | connect | wiki | daily

Made with LUV by crrdlx.

Thank you!
!LUV !MEME !PIZZA

asterkame, princekham sent you LUV. 🙂 (1/10) tools | trade | connect | wiki | daily

Made with LUV by crrdlx.

PIZZA!

$PIZZA slices delivered:
@princekham(1/10) tipped @asterkame
asterkame tipped princekham