Hello everyone. Have a nice day.
အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ။ ကောင်းသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။
Yesterday evening, I went on a pilgrimage to Ma Shi Khana Pagoda near my house. The pagoda is built on top of a hill. Since it is evening, the sun is about to disappear in the west.
မနေ့ညနေတုံးက အိမ်အနီးအနားမှာရှိတဲ့ မရှိခဏစေတီတော်ကို ဘုရားဖူးရောက်ခဲ့တယ်။ မရှိခဏစေတီတော်က တောင်ကုန်းအပေါ်မှာတည်ထားပါတယ်။ ညနေအချိန်ဖြစ်တဲ့အတွက် နေလုံးက အနောက်ဖက်မှာကွယ်ပျောက်တော့မှာဖြစ်ပါတယ်။
There are only a few pilgrims on the pagoda. I also took some photos while looking around the pagoda. I can't get a clear photo because the light is weak. The pagoda is located on a rocky hill, so I can see some parts of Sagaing City Ward from above, as well as the Sagaing Hill. I can also see the upper side of Yatanarpon Bridge. The scenery I saw refreshed my mind.
စေတီတော်ပေါ်မှာ ဘုရားဖူးအနည်းငယ်သာရှိပါတယ်။ စေတီတော်ကိုလှည့်ပတ်ကြည့်ရင်းဓာတ်ပုံအချို့လည်းရိုက်ယူခဲ့တယ်။ အလင်းရောင်အားနည်းနေတဲ့အတွက် ကြည်လင်တဲ့ဓာတ်ပုံကောင်းတော့မရဘူး။ စေတီတော်က တောင်ကုန်းပေါ်မှာရှိတဲ့အတွက် စစ်ကိုင်းမြို့ရဲ့ ရပ်ကွက်အချို့ကို အပေါ်ကနေမြင်ရသလို စစ်ကိုင်းတောင်တန်းကိုလည်းမြင်နေရတယ်။ ရတပုံတံတားကြီးရဲ့အပေါ်ဖက်ကိုလည်း မြင်ရပါတယ်။ မြင်ရတဲ့ရှုခင်း ကျွန်တော့ရဲ့စိတ်ကို လန်းဆန်းစေခဲ့ပါတယ်။
The photo below is my entry photo for this week's Reflection Hunters Contest Round 205.
Reflection Huter Contest Round 205 အတွက် ကျွန်တော်ရဲ့ပြိုင်ပွဲဝင် ဓာတ်ပုံကို အောက်မှာ ဖော်ပြထားပါတယ်။
With all due respect -
အားလုံးကို လေးစားလျှက် -
Good afternoon dear friend @ansoe
It's great that you attended this pilgrimage and found these beautiful reflection shots
Beautiful photographs