တန့် ကြည့် တောင် စွယ် တော် ဘုရား ပေါ် မှ တွေ့ ရ တဲ့ နံ နက် ခင်း အလှ ( Julie Bawk)

in #life6 years ago (edited)

146.jpg

Steemit Platform ပေါ် မှာ ရောက် နေ တဲ့ မြန် မာ နိုင်ငံ သား များ အား လုံး ကို မင်္ဂလာ ပါ လို့ နူတ် ဆက် ပါ တယ်.

လွန် ခဲ့ တဲ့ လ က ဖေ ဖေ ၊ ညီ မလေး နဲ့ အ တူ မန္တလေး နဲ့ မေ မြို့ ကို အ လည် သွား ဖို့ တိုင် ပင် ကြ တယ်.... သွား ဖြစ် တော့ ပုဂံ ကို ရောက် ဖြစ် သွား ကြ တယ်... ကျွန် မ က မန္တလေး နဲ့ မေ မြို့ ကို တစ် ခါ မှ အ လည် မရောက် ဘူး လို့ သွား ခြင် ပေ မယ့် ပု ဂံ ကို လည်း ပထမ ဆုံး အ ကြိမ် ရောက် ဖြစ် တာ ဆို တော့ အ ရမ်း ကို ပျော် ရွှင် စရာ ကောင်း တဲ့ ခရီး ပါ ဘဲ ။

147.jpg

ကျွန် မ နဲ့ အ တူ ဖေဖေ နဲ့ ညီ မ လေး လည်း ပုဂံ ကို ပထမ ဆုံး ရောက် တဲ့ ခရီး လေး ပေါ့ ပုဂံ ကို ရောက် ဘူး တဲ့ ကျွန်မ တို့ အစ် မ ကြီး က သူ့ ရဲ့ မိတ် ဆွေ တွေ နဲ့ ပုဂံ ကို ရောက် တုန်း က ပုဂံ စွယ် တော် ဘုရား လေး ဆူ ကို နေ့ ချင်း ဖူး ခဲ့ ကြ တဲ့ အ ကြောင်း ပြော ပြ တော့ ကျွန် မ တို့ လည်း ပုဂံ ရောက် တော့ ကျွန် မ တို့ ရဲ့ tour guide ကို ပုဂံ စွယ် တော် ဘုရား လေး ဆူ ကို နေ့ ချင်း ဖူး ခြင် တဲ့ အ ကြောင်း ပြော ပြ တော့ စီ စဉ် ပေး လို့ ပုဂံ ရောက် တဲ့ နောက် တစ် ရက် မှာ စွယ် တော်ဘုရား လေး ဆူ ကို နေ့ ချင်း ဖူး ခဲ့ ရပါ တယ် ။

ကျွန် မ တို့ က ဗုဒ္ဓဘာ သာ ဝင် တွေ မ ဟုတ် ပေ မဲ့ ကျွန် မ တို့ ရဲ့ တိုင်း ရင်း သား ဗုဒ္ဓဘာ သာ ဝင် များ နည်း တူ ပုဂံ စွယ် တော် ဘုရား လေး ဆူ ကို နေ့ ချင်း ဖူး ခဲ့ ရတယ် လို့ တွေး ပြီး ကြည် နူး မိ ပါတယ် ။

143.jpg

စွယ် တော်ဘုရား လေး ဆူ ထဲ က ပထမ ဆုံး သွား ရောက် ဖူး ခဲ့ ကြ တဲ့ တန့် ကြည် တောင် ဘုရား ပေါ် ရောက် တော့ မနက် နေ ထွက် စ အ ချိန် ပါ...အ ရမ်း ကို လှ ပ တဲ့ တန့် ကြည် တောင် ရဲ့ တောက် စွယ် တောင် တန်း နဲ့ အ တူ ဧရာဝတီ မြစ် ကြီး ရဲ့ မ နက် ခင်း အလှ က မမေ့ နိုင် လောက် အောင် ပါဘဲ ။

ကျွန် မ တို့ တိုင်းပြည် ဟာ အ ရမ်း ကို သာယာလှ ပ တယ် လို့ ဝေငှ ရင်း ... အား လုံး ရွှင် လန်း ကြပါ စေ လို့ ဆန္ဒပြု လျှက်....

145.jpg

148.jpg

Julie Bawk ( Kachin)

Photos credit: By Me

Sort:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://myanmarapyarbooks.blogspot.com/2016/08/blog-post_8.html

I hope you like my photos.

ခရီးသွားရတာအလွန်ပျော်စရာကောင်းပါတယ်
ဘုရားဖူးရတာလာည်း ကြည်နှုးစရာကောင်းပါတယ်

ရှုခင်းကအရမ်းလှတယ်အမ