ချမ်းအေးတဲ့ဆောင်းမနက်ခင်း တခုမှာ
လက်ဖက်ရည်ဆိုင်လေးထဲ လှမ်းဝင်လိုက်တယ်ဆိုရင်ဘဲ။ စားပွဲထိုးလေးက လှမ်းမေးလိုက်တယ် " အကို ဘာသောက်မလည်း" ကျွန်တော်လည်းသူ့ကိုကြည့်ပြီး အပြုံးလေးနဲ့မှာလိုက်တယ်
် "အေးညီ ပုံမှန်တခွက်ကွာ" "မုန့်စားအုန်းမလားအကို"တဲ့ "တော်ပြီ မစားတော့ပါဘူး"ကို့အိပ်ကပ်ထဲက ပိုက်ဆံအခြေနေကိုသိတယ်လေ § § § စားပွဲထိုးလေးထွက်သွားပြီး မကြာပါဘူး ကျွန်တော်သူငယ်ချင်း
ပြောမနာဆိုမနာကောင်ရောက်လာပါရော
မျက်နှာက စပ်ဖြီးဖြီး နဲ့ လွတ်နေတဲ့ခုံကို ဆွဲယူထိုင်ပြီးကျွန်တော်ကိုလှမ်းပြောတယ်
"လက်ဖက်ရည်တိုက်အုန်း ဘောစိ" တဲ့ဗျာ
သိတယ်လေ ငယ်ပေါင်းသူငယ်ချင်းအရင်းကြီးဟာ ဒီကောင့်အကြောင်းမသိရှိပာ့မလား သူ့မှာပိုက်ဆံပါလည်း အာ့လိုပြောနေကျ
ကျွန်တော်လည်းခပ်တည်တည်ဘဲ ပြောလိုက်တယ် "မှာလေကွာ" ကျွန်တော်တို့စကားပြောနေတုန်းမှာဘဲ ကျွန်တော်မှာထားတဲလက်ဖက်ရည် လာချတယ် § § § ကျွန်တော်သူငယ်ချင်းကထပ်မှာတယ် "ညီလေး ဖန်ချို တခွက်လောက်"စားပွဲထိုးလေးက "ဟုတ်"ဆိုပြီး မကြာပါဘူး လာချပေးတယ်
ကျွန်တော်လည်း လက်ဖက်ရည်သောက်ရင်း အလုပ်သွားရမည့် ခရီးကို စဉ်းစားရင်းစိတ်မော မိတယ် § § § ဟုတ်တယ်လေ မမောရှိရောလား ပုသိမ်ကြီးကနေ စစ်ကိုင်းကို နေ့ချင်းပြန် အလုပ်ဆင်းရတာ ဆိုင်ကယ်နဲ့အမြန်မောင်းရင်တောင် ၁ နာရီကျော်တယ်
ဘေးကသူငယ်ချင်းက ကျွန်တော်ကိုကြည့်ပြီး မေးလိုက်တယ် "ဟေ့ကောင် ဘာတွေစဉ်းစားနေတာလည်းဟ" ကျွန်တော်လည်း ပြန်ဖြေလိုက်တယ်"အေးကွာ အလုပ်သွားရမယ့် လမ်းအကြောင်း စဉ်းစားနေတာ"အဲ့ကောင်ဇော်ထွန်းပြန်ပြောတာလည်းကြည့်လိုက်အုန်း"သူတောင်းစား စဉ်းစားမနေနဲ့ မြန်မြန်သောက်၈နာရီ ကျော်နေပီတဲ့"ပြောမနာဆိုမနာသူငယ်ချင်းတွေဆိုတော့ သူတောင်းစားပြောခံရတာတောင် နာရမှန်းလည်း ကျွန်တော်တို့တွေမသိကြတော့ပါဘူး ကျွန်တော်အကူညီလိုရင် သူကူညီပေးသလို သူအကူညီလိုရင်လည်း ကျွန်တော်ပေးလိုက်တာပါဘဲလေ § § § ကျွန်တော်လည်းဆိုင်က ချိတ်ထားတဲ့ နာရီကို လှည်းကြည့်မိတယ်
ဟုတ်တယ်ဗျ ၈နာရီကျော်နေပီ
စားပွဲထိုးလေး ကိုလှမ်းခေါ်လိုက်တယ်
"ပိုက်ဆံရှင်းမယ် ညီ" သူပိုက်ဆံတွက်တယ် လက်ဖက်ရည်၂ခွက်က ၅၀၀ ကွမ်း ၅၀၀ ဖိုးနဲ့ ၁၀၀၀ ကျတယ် § § § ကျွန်တော်လည်းဇော်ထွန်းကိုလှည်းကြည့်ပြီး ပြောလိုက်တယ်
"၁၀၀၀ ကျတယ်တဲ့ မင်းရှင်းလိုက်"သူ့ထုံးစံ အတိုင်း မေတ္တာ ပို့ပါလေရော အိပ်ကပ်ထဲနှိုက်ြပီး ၁၀၀၀တန်လေး ထုတ်ရှင်းလိုက်တယ်
ကို့ထမင်းချိုင့်လေးတွေကိုယ်ယူပြီး ဆိုင်ကယ် စုတ်လေးပေါ်တက်ခါ ကျွန်တော်တို့ရဲ့ တနေ့တာအတွက် လုပ်ငန်းသွားရပါတော့တယ်
ကျွန်တော်တို့ရဲ့မနက်ခင်း လက်ဖက်ရည် ဆိုင်ထိုင်တဲ့ပုံစံလေးပါ
ရေးသူ @aunggyi
MSc no 179
Steemit မှသူငယ်ချင်းမိတ်ဆွေများအားလုံး
သာယာချမ်းမြေ့သောနေ့လေးဖြစ်ပါစေ
စာရေးသားတဲ့နေရာမှာ၊ တယ်၊ ကွဲ့၊ ရဲ့၊ နဲ့၊ ဟုသောအသုံးအနှုံးများကို တိုက်ရိုက်ပြောစကားများနေရာတွင် မျက်တောင်အဖွင့်အပိတ်နှင့်သာ သုံးသင့်ပါသည်။ အသုံးအနှုံးများကိုဂရုစိုက်စေချင်ပါသည်။
https://steemit.com/myanmar/@tinhlaingoo/ellamwttha-sundefinedyatham-nnysannsundefined-tin-hlaing-oo ကိုဖတ်ရှု့စေလိုပါသည်။
ဟုတ်ဆရာ ဖတ်လည်းကြည့်ပါ့မယ်
ဂရုလည်းစိုက်ပါမယ်ဆရာ ကျေးဇူးတင်ပါတယ် ဆရာ
အကို ရေ ပုသိမ် ကြီး ကနေ စစ်ကိုင်းဘက်ကို သွားတဲ့ လမ်းမှ ရူခင်းလှလှလေးတွေ ရှိ ရင် post လေးမှ ထည့်ပေးပါလား အကို ကျွန်တော် မရောက်ဘူးလို့ ပါ စစ်ကိုင်းက ရူခင်းလေးတွေ လှတယ်လို့ ရောက်ဘူးတဲ့ လူတွေ ပြောတော့ မြင်ချင်လို့ ပါ။
ဟုတ် အကို
မနက်မိုးလင်းတာနဲ့ တာဝန်ဆိုတာကြီးကခေါင်းထဲရောက်ရောက်လာတယ်
တာဝန်သိတာကိုက လေးစားစရာပါ
တစ်ခန်းစာ ဇာတ်ကွက်လေးပေါ့နော်
ဟုတ် thank bro
upvoted you with 100 power,, @yousafharoonkhan
Thank you
fallow me if you not
Ok i follow