ဒုတိယ ရင်​ခွင်

in #myanmar6 years ago

(၁)

တစ်​စုံတစ်​ခုဆီသို့ စူးစူးနစ်​နစ်​ စိုက်​ကြည့်​​နေမိ​သော်​လည်း သူ့စိတ်​က တခြား​နေရာသို့ ​ရောက်​ရှိ​တွေး​တော​နေသည်​ ။ တစ်​ခုခုကိုလည်း စိုးရိမ်​ထိတ်​လန့်​​နေ၏်​ ။ သူ့မျက်​နှာက မရွှင်​ပျ ။ စိတ်​ဖိစီးမှုဒဏ်​ကို ခံစား​နေရ၏်​ ။ တကယ်​​တော့ ဤအဖြစ်​အပျက်​တွင်​ သူမမှား​ပေ ။ လုပ်​သင့်​လုပ်​ထိုက်​သည်​ကို သူအ​ကောင်းဆုံးလုပ်​​ဆောင်​​ပေးခဲ့၏ ။ ဖြစ်​စက ခံစားချက်​ ​ပေါ့ပါးသ​လောက်​ ​နောက်​​နေ့တွင်မှ သူ့အတွက်​ ​လောင်​မီးက ထမြိုက်​​လေသည်​ ။ သူမမှားခဲ့​သော်​လည်း သူနှင့်​တိုက်​ရိုက်​သက်​ဆိုင်​​နေသည်​ ဖြစ်​၍ သူစိတ်​မချမ်းမသာဖြစ်​​နေသည်​ ။ သူ့ဘဝကို တစ်​စုံတစ်​ခု​သောဘဝများနှင့်​ နှိုင်းယှဉ်​ကြည့်​​နေမိ၏ ။ ​ထောက်​ချင့်​ကြည့်​​နေ၏်​ ။ အဓိပ္ပါယ်​​ကောက်​ကြည့်​​နေ၏်​ ။ ပြင်​လို့မရနိုင်​​တော့သည့်​ ဘဝတွင်​ အ​ကောင်းဘက်​ကသာ ​တွေး​၍ အ​ကောင်းဆုံးဖြစ်​​အောင်​ ကြိုးစားမည်​ဟု သူ့စိတ်​ကိုသူပြန်​ ​ဖျောင်းဖျ​လိုက်​သည်​ ။ သူ့ဘဝကို သူ မ​ကျေနပ်​​ချေ ။ အထူးသဖြင့်​ ဝန်​ထမ်း ဆို​သော စကားလုံး​အောက်​တွင်​ အဓိပ္ပါယ်​အမျိုးမျိုးကွဲထွက်​​နေ​သော သူ့လက်​ရှိဘဝ ကို သူလုံးဝမ​ကျေနပ်​​ပေ ။ လွတ်​လပ်​မှုကို မြတ်​နိုးတတ်​သည့်​သူက လက်​ရှိ​လောကထဲသို့ ​ရောက်​လာရခြင်းမှာလည်း မိဘများ၏ ဆန္ဒ​ကြောင့်​သာ ။ ထို့အတွက်​ ​နောင်​တရ​နေ၍လည်း ဘာမှမထူး ။ အ​ကောင်းဆုံးဖြစ်​​အောင်​သာ သူကြိုးစားရ​တော့မည်​ ။ သို့​သော်​ ယခု ​လော​လောဆယ်​တွင်​ စိုးရိမ်​ထိတ်​လန့်​မှုများနှင့်​ တစ်​စုံတစ်​ခုကို သူ​တွေး​ကြောက်​​နေ​တော့သည်​ ။

(၂)

ဝါသနာအရမဟုတ်​​သော်​ငြား သံ​ယောဇဉ်​​ကြောင့်​ ဝါသနာထက်​ပိုခဲ့ရ၏ ။ ဤစာသင်​​ကျောင်း​လေးသို့ ဆရာမ​လေး ​ဒေါ်လှသစ်​ ​ရောက်​ခဲ့သည်​မှာ ယခုဆိုလျှင်​ ​လေးနှစ်​နီးပါးပင်​ရှိ​လေပြီ ။ သူသည်​ စိတ်​တိုတတ်​သူတစ်​ဦးဖြစ်​သည့်​တိုင်​ တပည့်​များအ​ပေါ်တွင်​မူ သနားဂရုဏာနှင့်​ ​ဒေါသဘက်​သို့ မတိမ်း​အောင်​ သိမ်​​မွေ့တတ်​​လေသည်​ ။ က​လေးများကလည်း ဆရာမ​လေး ​ဒေါ်လှသစ်​ ဆိုလျှင်​ ချစ်​ ​ကြောက်​ ရို​သေကြသည်​ ။

သူငယ်​ချင်းလို​ပေါင်းတန်​အခါ​ပေါင်း ၊ မိဘသဖွယ်​​ ဆုံးမတန်​ခါဆုံးမ ၊ ဆရာတစ်​​ယောက်​လို စာသင်​ကြားတန်​သင်​ကြား လမ်​ပြ​ပေးတန်​လမ်းပြ အစစအရာရာ လိုက်​​လျောညီ​ထွေစွာ ဆက်​ဆံတတ်​၍လည်း ပိုချစ်​ကြ​လေသည်​ ။ ရွာငယ်​​လေးရှိပြည်​သူများသည်​ လက်​လုပ်​လက်​စား ဘဝသမားများဖြစ်​ကြ၍ အားလပ်​ချိန်​ဟူ၍ မရှိ​သ​လောက်​ရှား၏ ။ က​လေးများပညာ​ရေးကိုလည်း အားမ​ပေးနိုင်​ကြ ။ ​မဖြည့်​ဆည်း​ပေးနိုင်​ကြ​ချေ ။ စာအုပ်​ကုန်​ ခဲတံကုန်​​နေ​သော်​ငြား ဝယ်​​ပေးတန်​​ကောင်းမှန်းမသိ ကုန်​လို့ကုန်​မှန်းပင်​ မသိသည်​လည်း ရှိ၏ ။ ​ကျောင်းရှိဆရာ ဆရာမ များကသာ ​ဝေမျှ​ဝယ်​ခြမ်းပေးခဲ့ရသည်​ကများ၏ ။ ​မိဘ ဆရာ စည်းလုံးမှုအင်​အားကား အင်​မတန်​နည်း​သော ​ကျေးရွာက​လေးဖြစ်​သည်​ ။ နည်းဆို သူ့အလုပ်​နှင့်​သူပင်​ မနားကြရ၍ ​ကျောင်းကို စိတ်​​​မဝင်​စားအားကြ​ပေ ။

လက်​လုပ်​လက်​စား ​ကျေးရွာငယ်​​လေး ဆိုသည့်​တိုင်​ ပွဲကြည့်​အလွန်​ဝါသနာပါသူများဖြစ်​ကြ၍ အိမ်​တိုင်းလိုလို၌ အ​ဟောင်း​ဈေးနှင့်​နီးစပ်​ရာမှပြန်​ဝယ်​ထား​သော TV က​လေးများရှိကြ၏ ။ အလုပ်​သွားချိန်​တိုင်း၌လည်း ​ရေဒီက အိတ်​ထဲ၌အမြဲပါတတ်​သည်​ ။ တစ်​​နေ့ကဆိုလျှင်​ ဘယ်​ကကြားသည်​မသိ
ဟဲ့..ဟဲ့ ​အေးမြ ဆရာ​တွေကို အန​န္တော အနန္တ ငါးပါးထဲကထုတ်​ပစ်​လိုက်​တယ်​ဆို ´´​အေးငါလည်းရွာထဲမှာအဲ့လို​ပြော​နေတာကြားတယ်​ ပြီး​တော့ က​လေး​တွေကိုမရိုက်​ရ​တော့ဘူးတဲ့ ရိုက်​တဲ့ဆရာကို အ​ရေးယူလို့ရတယ်​တဲ့ ´´
``​အေး အဲ့တာ​ကောင်းတယ်​ဟဲ့ တို့တုန်းကဆို​နေ့ရှိသ​ရွေ့အရိုက်​ခံရတာ 
ပြောလို့သာ​ပြောတာပါ​အေ အဲ့လိုရိုက်​ခဲ့လို့လည်း ငါ​လေးတန်းထိ​အောင်​ခဲ့တာ ခုလိုမရိုက်​ရ​ကြေးဆိုလို့က​တော့ ဟွန့်​ ​အေးမြတို့ကဘယ်​​ပြော​ကောင်းမလဲ စာကိုမကျက်​​တော့ဘူး ´´
ကောက်​စိုက်​သမ​လေးများ အချင်းချင်း​ပြောစကားက ​​လေလှိုင်းက​လေး​တွေ သယ်​​ဆောင်​ရာမှတစ်​ဆင့်​ စာသင်​​ကျောင်းဘက်​သို့လည်း ​ရောက်​​ရောက်​လာတတ်​​၏ ။

(၃)

နေ့လယ်​ ထမင်းစား​ကျောင်းဆင်းချိန်​ဖြစ်​၍ သူ့ကိုယ်​ပိုင်​နား​နေခန်းဖြစ်​သည့်​ စာသင်​ခန်းအတွင်း၌ပင်​ ထမင်းစားပြီး အနားယူ​နေလိုက်​သည် ။ ထမင်းပြန်​စားကြသည့်​ က​လေးများလည်း တဖွဲဖွဲ ပြန်​လာ​နေကြ​ပေပြီ ။ ကစားကြသူကစား ၊ စာဖတ်​ကြသူဖတ်​ ကိုယ်​စီလုပ်​ငန်းများနှင့်​ အနားမ​နေကြ​ချေ ။ မိုးတွင်းကာလဖြစ်​​သော​ကြောင့်​ အပြင်​ထွက်​ ကစား၍ မရဘဲ အထဲတွင်​သာ ဆူညံ​ ခုန်​​ပေါက်​ ​ပြေးလွှားနေကြသည်​ ။ ထို့်ကြောင့်​ သူအပါအဝင်​ အတန်းပိုင်​ဆရာတိုင်းက အမြဲသတိ​ပေး​ထားရသည်​ ။ အထူးသဖြင့်​ Kg နှင့်​ G 1 က​လေးများကို ပို၍သတိထား​ပြော​နေရသည်​ ။ သူတို့က အကြီးတန်းများနှင့်​ ​ရော​နှော ကစားချင်​ကြသည်​ ။ ​စာ​ရေးခုံများကြားတွင်​ တစ်​​ယောက်​ကိုတစ်​​ယောက်​ မမိနိုင်​​အောင်​ အလျင်​စလို​ပြေး​ကြ လွှားကြသည်​ ။ အန္တရာယ်​ကိုမမြင်​ကြ ၊ မမှုနိုင်​ကြ ။
သန်​သန်​မြန်​မြန်​မ​ပြေးနိုင်​​သေးသည့်​ ​က​လေးငယ်​​လေးများဖြစ်​ကြ၍ ​ခြေမခိုင်​​သေးဘဲ ခဏခဏ ​​ခြေချော်​လဲတတ်​ကြ​သည်​ ။ သို့ဖြစ်​၍ အမြဲတမ်းတတွတ်​တွတ်​နှင့်​ ဆုံးမသတိ​ပေး​နေကြရ၏ ။ သို့​သော်​ က​လေးသဘာဝ ကစားကြဆဲ ကစားကြမြဲပင်​ ။ ​နောက်​ကလိုက်​လျင်​ မမိနိုင်​​အောင်​သာ အာရုံစိုက်​​​၍ လှည့်​မကြည့်​တမ်း​ပြေးတော့သည်​ ။

`` ဆရာမ ... ဖိုးကဲရယ်​ ခုံ​ပေါ်ကပြုတ်​ကျတာ နှာ​ခေါင်းက​သွေး​တွေထွက်​လာပြီ ´´

ကျောင်းထဲတွင်​ သူမှလွှဲ၍ ဆရာတစ်​​ယောက်​မှမရှိကြ ။ ထမင်းစား​ကျောင်းဆင်းချိန်​ဖြစ်​၍ ထမင်းပြန်​စား​နေကြသည်​ ။ သူတို့ဘဝတွင်​ သူ့က​လေး ကိုယ့်​က​လေးခွဲခြားကြခြင်းမရှိ ။ သူ့အတန်းမှ က​လေးသည်​လည်းကိုယ့်​တပည့်​ပင်​ ကိုယ့်​အတန်းမှ က​လေးသည်​လည်း သူ့တပည့်​ပင်​ ။ တပည့်​များအားလုံးတန်းတူပင်​ဖြစ်​သည်​ ။ ခွဲခြားခြင်းမရှိကြ ။ ထို့​ကြောင့်​ က​လေးရှိရာ​နေရာသို့ အ​ပြေးအလွှားလိုက်​သွားမိသည်​ ။

သူအနား​ရောက်​သွား​သောအခါ က​လေးများက သူတို့အချင်းချင်း ​သွေး​တွေကို ​ရေ​ဆေး​ပေး​ထားသည်​ ။ နှာ​ခေါင်းမှ သွေးက သိပ်​မရှိ​တော့ ။ ခုံနဲ့​ဆောင့်​မိထားသည့်​ အရှိန်​​​ကြောင့်​ နှာ​ခေါင်းမှ ​သွေးစနည်းနည်း ထွက်​သွားခြင်းဖြစ်​သည်​ ။ နှုတ်​ခမ်းတွင်​​တော့ နည်းနည်းဖူး​ယောင်​သွား၏ ။ ခုံနှင့်​​ဆောင့်​မိသည့်​အရှိန်​​ကြောင့်​ပင်​ ဖြစ်​သည်​ ။ က​လေးကလည်း နည်းနည်းမှမငို​ပေ ။ သိပ်​မနာ​သော​ကြောင့်​ထင်​၏ ။
သူလည်း ​ကျောင်း၌အသင့်​ရှိ​သော
ကြက်​​ခြေနီ​ဆေးပုံး​လေးကိုယူကာ ဂွမ်းစ​လေးနှင့်​ ​သွေးတိတ်​​အောင်​ လုပ်​​ပေးပြီး ​ဆေးထည့်​​ပေးလိုက်​၏ ။ ထို့​နောက်​ က​လေးကို ငြိမ်​ငြိမ်​​လေး​နေရန်​ ​ပြောရင်း ဖိုးကဲ​လေးအနားတွင်​ သူထိုင်​​နေလိုက်​သည်​ ။ ဒဏ်​ရာက မကြီးကျယ်​လှ​ပေ ။ က​လေးကလည်း မျက်​နှာမပျက်​ပင်​ ။ အငြိမ်​မ​နေ၍ ငြိမ်​ငြိမ်​​နေရန်​ပင်​ မကြာခဏ ​ပြော​ပေး​နေရ​သေးသည်​ ။
ထပ်​​ချော်​လဲမည်​ စိုး၍ မျက်​​ခြေမပြတ်​​စောင့်​ကြည့်​​နေရ၏ ။

(၄)

`` သား ဖိုးကဲ ဘယ်​လို​နေ​သေးလဲ ´´

အတန်းပိုင်​ဆရာမ ဝင်​လာလာချင်း ​မေး​နေသည်​ကို သူ​တွေ့လိုက်​သည်​ ။

`` သား ဘယ်​လိုမှမ​နေဘူးဆရာမ ​ကောင်းတယ်​ ´´

ဆရာမက ဂွမ်းစ​လေးယူပြီး နည်းနည်းစို့နေ​​သေးသော ​သွေးစ​လေးများကို သုတ်​​ပေး​လိုက်​သည်​ ။
သူလည်း သူ့အတန်းမှ​နေရင်း ဖိုးကဲ​လေးကို အကဲခတ်​ကြည့်​​နေ၏ ။ က​လေးက အငြိမ်​မ​နေ ။ ဦးထုတ်​ကို မိုး​ပေါ်​မြှောက်​လိုက်​ ပြန်​ဖမ်းလိုက်​ တစ်​​ယောက်​တည်းကစား​နေသည်​ ။ အတန်းပိုင်​ ဆရာမလည်း တဟဲ့ဟဲ့နှင့်​ အမြဲတမ်း​ပြော​နေရသည်​ ။ ​ပြော​နေသည့်​ ကြားက လစ်​ရင်​လစ်​သလို ခိုးကစား​သည်​ ။
သွေးက​တော့ မထွက်​​တော့​ချေ ။ ​သို့​​သော်​ ဆောင့်​မိထားသည့်​ အရှိန်​နှင့်​ နှုတ်​ခမ်းက ဖူး​ယောင်​နေ​သော​ကြောင့်​ ပါးစပ်​က ကျယ်​ကျယ်​ ဟ ၍ မရ ။ အခြားက​လေးများကဲ့သို့ စာလိုက်​မဆိုနိုင်​၍ ဖိုးကဲ​လေးကို ခဏထိုင်​ခိုင်းထားရသည်​ ။ ထိုင်​ခိုင်းထား​သော်​လည်း သူ​လေးကငြိမ်​ငြိမ်​မ​နေ ။ ဟိုသွား ဒီသွား ​လျှောက်​သွား​နေ​သေး၏ ။ ငြိမ်ငြိမ်​​နေရန်​ သတိ​ပေးလိုက်​ချိန်​တွင်​သာ ခဏငြိမ်​သွား၍ ဆရာလစ်​သည်​နှင့်​ ဟို​လျှောက်​သည်​​လျှောက်​ ထ ကစား​တော့သည်​ ။ အတန်းပိုင်​ဆရာမလည်း သူ့အနားသို့ ခဏခဏသွားကြည့်​သည်​ ။ လှုပ်​ရှားမှုအရာအားလုံးကို ဘာအတားအဆီးမှ ကန့်​မထားသည့်​တစ်​ဖက်​ခန်းမှသူအကုန်​မြင်​​နေရ၏ ။

နှာ​ခေါင်းက​တော့ ​သွေးမထွက်​​တော့​ချေ ။ နှုတ်​ခမ်းကသာ ဖူး​ယောင်​နေ​သေး၏ ။ က​လေးကလည်း ​အေး​ဆေးပင်​ ။ ကြီးကြီးမားမားဘာမှမဖြစ်​ ။
ထို​ ​နေ့လယ်​မှ ည​နေ​ကျောင်းဆင်းသည်​ အထိ သူနှင့်​ အတန်းပိုင်​ဆရာမတို့ ​စောင့်​ကြည့်​သည်​ ။ ဘာမှကြီးကြီးကျယ်​ကျယ်​ မဖြစ်​​ပေ ။ ပြုံးရွှင်​စွာပင်​ လွယ်​အိတ်​က​လေးယူ၍ အိမ်​ပြန်​သွား၏ ။

ထို​နေ့က ထိုအ​ကြောင်းကို အ​ရေးတယူ သတိတရ ထား၍ အိမ်​အထိ မစဉ်းစားဖြစ်​ခဲ့ ။ ​ကျောင်း၌ ဖြစ်​​နေကျ ဖြစ်​ရိုးဖြစ်​စဉ်​ ကိစ္စတစ်​ခုဖြစ်​​သော​ကြောင့်​ ​ထူးထူးခြားခြားမခံစားရ ။ က​လေးအချင်းချင်း ကစားကြရင်း ထိမိခိုက်​မိသည်​မှာ သူတို့​လောက၌ မဆန်းကျယ်​​ချေ ။ ဖြစ်​လျှင်​ ​ကျောင်း၌ ရှိ​သော​ဆေးနှင့်​ ထည့်​​ပေးလိုက်​သည်​ ။ ကြီးကြီးကျယ်​ကျယ်​ ဖြစ်​သွားလျှင်​​တော့ ဆရာကြီးထံ သတင်းပို့ ဆရာကြီးမှ ကြီးကြပ်​ စီစဉ်​​ပေးသည်​ ။ ကြီးကြီးကျယ်​ကျယ်​ လည်းဖြစ်​ခဲလှပါသည်​ ။ ဒူးစုတ်​ ​၊ နှုတ်​ခမ်း​ပေါက်​ ၊ ဓားရှ ထိုမျှ​လောက်​ပင်​ အဖြစ်​များသည်​ ။ ထို့​ကြောင့်​ ဤ​နေ့အဖြစ်​အပျက်​ သည်​လည်း သူတို့အတွက်​ မဆန်းကျယ်​လှ​ချေ ။ ဆန်းကျယ်​လိမ့်​မည်​ဟုလည်း မည်​သူမှ မထင်​ထားခဲ့​ချေ ။

(၅)

နောက်​​နေ့တွင်​ ပုံမှန်​အတိုင်း ​ပေါ့ပါးသွက်​လက်​စွာ ​ကျောင်းသို့ထွက်​လာခဲ့သည်​ ။ အသင်းလှည့်​ တာဝန်​ကျ၍ အရင်​​နေ့များထက်​ ​နာရီဝက်​ခန့်​​စော၍ ထွက်​လာခဲ့၏ ။ ထို​နေ့မှ မိုးကလည်း အငြိုးမာန်​မ​ပြေစွာနှင့်​ သဲသဲမဲမဲ ရွာ​နေ​တော့သည်​ ။ တောရွာလမ်းက​လေးဖြစ်​၍ လမ်းများကအ​တော်​ဆိုးသည့်​ ။ စီးရသည့်​​နေရာစီး ၊ တွန်းရသည့်​​နေရာဆင်းတွန်းရသည်​ ။ သို့​သော်​ တာဝန်​တစ်​ခုထက်​ တပည့်​များ၏မျက်​နှာကိုသာ မြင်​​ယောင်​ပြီး ​ကျောင်းသို့မပျက်​မကွက်​ ​ရောက်​​အောင်​သွားသည်​ ။ ​ကျောင်း​ရောက်​သည်​နှင့်​ က​လေးများကဆီးကြိုကြသည်​ ။ အ​မောအကုန်​မ​ပြေနိုင်​​သော်​လည်း အ​မော​ပြေ​စေခဲ့ပါသည်​ ။ ​ထဘီ​အောက်​​ခြေနှင့်​ ​ခြေ​ထောက်​တွင်​​ပေ​နေ​သော ရွှံ့များကို​ဆေး​ကြောရန်​ ​ရေကန်​ဘက်​သို့ထွက်​လာလိုက်​သည်​ ။

`` ဆရာမ ´´

အသံကြားရာဘက်​သို့ လှည့်​ကြည့်​လိုက်ရာ
မထင်​မှတ်​ထား​သော အကြည့်​တို့နှင့်​ မျက်​ဝန်းတစ်​စုံက သူ့အား စိုက်​ကြည့်​​နေသည်​ ။
သူ အံ့ဩမှုများနှင့်​အတူ ဘာပြန်​​ပြောရမည်​ကိုပင်​ မသိ​တော့​ ။ ထိုအချိန်​တွင်​ တစ်​ဖက်​မှ ​ပြောလာသည့်​ စကားလုံးများက သူ့နားနှစ်​ဖက်​မှတဆင့်​ နှလုံးသားထဲသို့ပါ တစိမ့်​စိမ့်​ စီးဝင်​လာ​တော့သည်​ ။

`` ဆရာမ .... မ​နေ့က က​လေးနှုတ်​ခမ်း​ပေါက်​ သွားတာဘာလို့ အိမ်​ကို ချက်​ချင်းပြန်​ ​မပို့​ပေးတာလဲ ... ဆရာမ​တွေက ဂရုမစိုက်​ကြဘူး .... တကယ်​ဆိုရင်​ ဖြစ်​ဖြစ်​ချင်း က​လေးကိုအိမ်​ပြန်​ပို့​ပေးရမှာ ...
က​လေးကအိမ်​ပြန်​​ရောက်​တဲ့အထိ နှာ​ခေါင်းထဲက​သွေး​တွေ စီးကျ​နေတုန်း ချက်​ချင်း​ဆေးခန်း​ခေါ်သွားပြီးပြရတယ်​......ကျွန်​မ က​လေး တစ်​ခုခုဖြစ်​လို့က​တော့ ဆရာမတို့ကို အ​ရေးယူပစ်​မယ်​.... ´´
နောက်​ထပ်​ဆက်​​ပြော​နေ​သောစကားများကို သူ့ နားထဲတွင်​ သဲသဲကွဲ​ကွဲမကြားရ​တော့ ။ ​ရေပက်​မဝင်​​နိုင်​​အောင်​ တစ်​ဖက်​လူ​ပြော​နေသမျှကို သူ့ရင်​ထဲမှ ​ဖြေရှင်းချက်​​တွေ ပြန်​​ပေး​နေမိသည်​ ။ သို့​သော်​ စကားသံတို့သည်​ကား အပြင်​သို့ ထွက်​မလာ​ပေ ။ ထိုစကားသံ တို့အစား မျက်​ရည်​များသည်​သာ ရစ်​ဝဲလာတော့သည်​ ။ ရှက်​လည်းရှက်​မိသည်​ ။ တစ်​ဖက်​လူနှင့်​အတူ ဖက်​ပြိုင်​အံတု၍ ​အော်​ဟစ်​​နေမည်​မဟုတ်​​သော​ကြောင့်​ ​ပြောသမျှကိုသာ နား​ထောင်​​နေလိုက်​သည်​ ။ သူ့အတွက်​ သည်​အချိန်​၌ ဆိတ်​ဆိတ်​​နေခြင်းသည်​သာ အ​ကောင်းဆုံးဖြစ်​မည်​ဟုလည်း တွေးလိုက်​သည်​ ။ 

ကျောင်းအုပ်​ကြီး​ရောက်​လာပြီး ဝင်​​ပြောမှ စကားသံများဆိတ်​ငြိမ်​သွား​တော့၏ ။ စကားသံများ ဆိတ်​ငြိမ်​သွား​သော်​လည်း ရင်​ထဲမှအပူများကား ​​လောင်​မြိုက်​​နေဆဲပင်​ ။ လတ်​ဆတ်​​နေဆဲပင်​ ။ ​သူကိုယ်​သူလည်း မေးခွန်းများ အကြိမ်​ကြိမ်​ပြန်​ထုတ်​​နေမိ​တော့၏ ။

(၆)

ကျောင်းတက်​သွားသည့်​တိုင်​ ဆရာမ ​ဒေါ်လှသစ်​တစ်​​ယောက်​ အ​တွေးများနှင့်​ မရွှင်​လန်း နိုင်​ခဲ့ ။ မကြုံခဲ့ဖူး​သောအဖြစ်​အပျက်​ တစ်​ခုက သူ့ဆီသို့ ဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​လာခဲ့ခြင်းအ​ပေါ် ​ကြောက်​စိတ်​​တွေက စိုးမိုးလာသည်​ ။ ​သေး​သေးမွှားမွှားပြဿနာမှ ခု​လောက်​ထိ ကြီးမားသွားလိမ့်​မည်​ဟုပင်​ မထင်​ထားခဲ့မိ​သော​ကြောင့်​ ပို​ကြောက်​လာမိသည်​ ။
တစိမ့်​စိမ့်​​တွေးပြီး တနုံ့နုံ့ခံစား​နေရသည်​ ။

ညအိပ်​ရာဝင်​သည်​ အထိ မနက်​မှကြားခဲ့ရ​သောအသံများက သူ့နားထဲတွင်​ ပဲ့တင်​ထပ်​​နေခဲ့၏ ။
အိပ်​မ​ပျော်​နိုင်​​သော မျက်​လုံးများကို ကြိတ်​မှိတ်​အိပ်​​စေရင်း....

မျက်​လုံးထဲတွင်​ ရိပ်​ခနဲ အရိပ်​တစ်​ခု​တွေ့လိုက်​ရ၍ ​မော့ကြည့်​လိုက်​ရာ ....

`` ဆရာမ .... မနက်​က ကျွန်​မ​ပြောခဲ့တာ​တွေ အတွက်​ ​တောင်းပန်​ပါတယ်​​နော်​ ... သားသမီး​ဇောနဲ့ ​​ပြောမိ​ပြောရာ ​ပြောလိုက်​မိတာပါ ​တောင်းပန်​ပါတယ်​​နော်​ . ဆရာမ ´´

`` ရပါတယ်​အန်​တီ ကျွန်​မတို့ ဆရာ ဆရာမ​တွေဆိုတာ တပည့်​​တွေရဲ့ ဒုတိယမိဘ​တွေပါပဲ အန်​တီရယ်​ ...
ဘယ်​မိဘမဆို ကိုယ့်​သားသမီး ဒုက္ခ​ရောက်​မယ့်​အလုပ်​မျိုး ၊ ဒုက္ခ​ရောက်​​စေ​တော့ဆိုပြီး တမင်​ရည်​ရွယ်​လုပ်​တာ​မျိုးမရှိပါဘူး အန်​တီ ...
ချစ်​ခြင်း​မေတ္တာ အပြည့်​နဲ့ချစ်​ကြသူချည်းပါပဲ ´´

`` ဟုတ်​ကဲ့ပါ ဆရာမရယ်​ ဆရာမတို့ရဲ့ ​စေတနာ ​မေတ္တာ ​တွေကို ကျွန်​မအခု နားလည်​ပါပြီ ....
ကျွန်​မအမှား​တွေကို အပြစ်​မယူဘဲ ခွင့်​လွှတ်​​ပေးတဲ့အတွက်​ ပိုပြီး​လေးစားကြည်​ညိုမိပါတယ်​ ဆရာမရယ်​ ...´´

သူ့မျက်​ဝန်း​မှတစ်​ဆင့်​ ပါးပြင်​တစ်​​လျှောက်​ စိုစိစိဖြစ်​လာသည်​ကို သတိထားမိပြီး

``အို...မျက်​ရည်​​တွေပါလား´´

စေတနာ ​မေတ္တာ ​တွေအား နားလည်​ပါပြီ ဆို​သော စကားသံများကို တကယ့်​လက်​​တွေ့ဘဝ​​၌ အမှန်​တကယ်​ကြားရမည့်​​နေ့သို့ မဝံ့မရဲ​ဖြင့်​ သူ မျှော်​လင့်​​နေမိ​ပါ​တော့သည်​ ။