မင်္ဂလာပါ

in #myanmar7 years ago (edited)

MSC အဖွဲ့ သားများအားလုံးမင်္ဂပါခင်ဗျား
Pro က မနက်ဖြန်မှ တင်ရမယ်လို့ ထင်ထားတာ ဒီနေ့ တင်ရမှာဆိုတော့ စာရေးချိန် သိပ်မရှိတော့ ပါဘူး။အရင်တစ်ပတ်က ဘောလုံးပွဲ အောင်ရင် တွက်ချက်ဖို့ excel မှာ formula လေးရေးခဲ့ပါသည်။ သူ့ ဟာနဲ့  သူကတော့ အဆင်ပြေသွားခဲ့ပါသည်။အခု pro အတွက်လဲ အရင်တစ်ပတ်က ပို့ စ်မှာ အစ်မ စုလှိုင်က လုပ်သက်တွက်တဲ့ formula လေး ပြပါဗျို့  လို့  မန့် ထားတာလေး တွေ့ တယ်။ အခု pro အချိန် မှီအောင် လုပ်သက်တွက်တဲ့formula လေး လုပ်လိုက်ပါသည်။တကယ်တော့ လုပ်သက် တွက် တာက DATEDIF() Formula လေး ရရင် တွက်လို့ ရပါပြီ။DATEDIF() Formula က အခြား formula တွေလို =DATEDIF လို့ ရေးပြီး TAB Key နဲ့ သွားလို့  မရပါဘူး။ =DATEDIF( ဒီအထိ ရိုက်မှသာ Formula က အလုပ် လုပ်တာပါ။ဆရာတစ်ပါးတော့ မဟုတ်ပါဘူး။ မတ်မတ်စု အတွက်လဲ အဆင်ပြေ pro လဲ တင်ဖို့ အချိန်မှီ ဖြစ်အောင် လုပ်လိုက်ရတာပါ။
အောက်က Table လေးမှာ Name ရှိမယ်၊
အလုပ်စဝင်တဲ့ Date ရှိမယ်။
End Date ရှိမယ်။
End Date နေရာမှာ ကျွန်တော်ကတော့ =TODAY() လို့ ရေးပြီး Autofill ဆွဲချ ထားတာပါ။
DATEDIF() Formula သုံးပြီး
Year ကို လိုချင်ရင် "y"
Month ကိုလိုချင်ရင် "ym"
Day ကိုလိုချင်ရင် "md"
Double Quote " " ထဲမှာထည့်ရေးပေးလိုက်ပါတယ်။
အောက်ကTable မှာ အရောင်ခြယ်ထားတဲ့ အတိုင်း ကြည့် ရင် နားလည်မယ် ထင်ပါတယ်။
image
အောက်က Table မှာ ရရှိလာတဲ့ year,month,days လို့ ရရှိလာတဲ့ ဂဏန်း အရေအတွက် ရဲ့ နောက်မှာ 1 year, 1 month, 1 day တွဲမြင်လို့ ရအောင် concatenate ကို အသုံးပြုပြီး &" year "& ဆက်ရေးပေးလိုက်ပါသည်။
=DATEDIF(C11,D11,"y")&"Year"
=DATEDIF(C11,D11,"ym")&"Month"
=DATEDIF(C11,D11,"md")&"Day"
ပြီးရင် Enter ခေါက်လိုက်ရင် အဖြေထွက်လာမှာပါ။
ဥပမာ -1 Year , 1 Month, 1 Day လို ထွက်လာမှာပါ။
image
@aungsanlwin ကိုကြည့်မယ်ဆိုရင် Account က December လ 14 ရက်နေ့ က စတင်ခဲ့တာပါ။ အခုဆို 4 Month 12 Day ကြာခဲ့ပါပြီ
image
ဒီပုံမှာ End Date Column မထည့်ထားပါဘူး။ DATEDIF() ထဲမှာပဲ today() ကိုထည့်သုံးထားတာပါ။ Join Date တစ်ခု ထည့်ရင် ရပါပြီ။
=If(isblank(C32),"",
Join Date မှာ ဘာမှ မရိုက်ထည့်ရင် ဘာမှ မပေါ်ဘူး။ရိုက်ထည့် မယ်ဆိုရင်တော့ DATEDIF() Formula က အလုပ်လုပ်မှာပါ။အနီရောင်လေးနဲ့ ပြထားပါတယ်။

Result မှာ
1 Year , 1 Month , 1 Day
2 Years , 2 Months, 2 Days
လိုချင်တာက 1 ထက်ပိုရင် နောက် year,Month နှင့်  Day တို့ မှာ s ပါစေချင်တာပါ။
ဒါဆိုရင် နောက်ထပ် Nestedif formula သုံးပြီး ရေးကြည့် ကြရအောင်ပါ။
image
For Year
image
For Month
image
For Day
image
image
Space ခြားတာ မညီ တဲ့အတွက် Result မှာ Year , Month ,Day ဟာ ကြည့်ရတာ သိပ်အဆင်မပြေပါဘူး။
&" year "
&" Month "
&" Day "
တူညီစွာ space ခြားပေးမယ် ဆိုရင် ကြည့်ရတာ အဆင်ပြေစေမှာပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။
image
Author>>@aungsanlwin
Photo by @aungsanlwin
MSC-017

Sort:  

ကောင်းပါ့ဗျား .. လိုအပ်​​နေသူအတွက်​လည်းအကျိုးရှိ .. ဖတ်​ရတဲ့သူလည်း ဗဟုသုတ ရ​စေပါတယ်​ဗျာ ..

ကျေးဇူးပါဗျ

Aww, အဲ့ဂလိုကိုး 😁
Thanks.

ဟုတယ်

နည်းလမ်း​လေး​တွေမျှ​ဝေ​ပေးတာ ​ကျေးဇူးပါအ​​ကို

ဟုတ်ကဲ့ပါ ဒီ့ထက်မက မျှဝေပေးချင်တာပါ ကိုယ်တတ်သလောက်ပေါ့

ဗဟုသုတလေးတွေတိုးတယ် ကျေးဇူးပါဗျာ

ဟုတ်ကဲ့ပါဗျ

ကျေးဇူး
လုပ်ကြည့်လိုက်အုံးမယ်

ဟုတ်ကဲ့ လုပ်ကြည့်ပါ

ဗဟုသုတရပါတယ် လိုအပ်သူတွေအတွက်တကယ်ကိုအသုံးဝင်လှပါတယ်broရေ

ဟုတ်ကဲ့ ကျေးဇူးပါ

ကျေးဇူးပါ မောင်လေးရေ အဆင်ပြေသလား စမ်းကြည့်အုံးမယ်

ဟုတ်ကဲ့ စမ်းကြည့်ပါ ခင်ဗျ အဆင်မပြေရင် ပြောပါ

ကောင်းတယ် တော်တော် လေ့လာနိုင်တယ် နော်

@mamamyanmar တောင် ခြ တွေ လိုက်ကြည့်နိုင်သေးတာဘဲ

You got a 50% upvote from @aungzawhtwe courtesy of @aungsanlwin ! its cool fee free .

ကျေးဇူး ကိုထွေး

ဗဟုသုတရပါတယ်​ရှင်​။

ဟုတ် ကျေးဇူးပါ

Thanks for sharing bro...

ဟုဟု

လိုက်တော့ဖတ်တာပဲ မူးသွားတယ် 😁😁😁
လိုအပ်တဲ့အချိန်အသုံးဝင်လာမှာမို့ကျေးဇူးပါဗျာ

ဟုတ်ကဲ့ ကျေးဇူးပါ