စိတ်၏သဘာဝ
လူတစ်ယောက်၏စိတ်ဍ်ဆင်ခြင်တုံတရားရှိရန်အတွက်အသိတရားလိုအပ်ပေသည်။အသိတရား(သို့မဟုတ်)
အသိပညာအဘယ်ကြောင့်လိုအပ်ရသနည်း?အကြောင်းအအကျိုး အကောင်းအဆိုး အမှားအမှန်ကိုဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ရန်အတွက်အသိပညာမှန်ကန်မှသာတိကျမှန်ကန်စွာဆုံးဖြတ်နိုင်ပေသည။်ထိုအသိပညာကိုကျွန်ုပ်တို့အဘယ်နည်းဖြင့်ရယူနိုင်သနည်း?အကောင်းဆုံးနည်းလမ်းသည် စာဖတ်ခြင်းပင်ဖြစ်ပေသည်။ကာယကံ ဝစီကံ မနောကံဟူသော ကံသုံးပါးအားနေ့စဉ်နှင့်မျှကျွန်ုပ်တို့ပြုလုပ်နေမိပေသည်။ထိုသို့သောကံသုံးပါးမှကျွနုပ်တို့ကိုယ်တိုင်ပြုလုပ်ကျူးလွန်မိသောအတွေ့အကြုံမှအကောင်းအဆိုးဝေဖန်ပိုင်းခြားနိုင်ခြင်းဖြင့်လည်းအသိပညာကိုရယူနိုင်ပေသည်။သို့တည်းမဟုတ် သူတစ်ပါး၏အတွေ့အကြုံမှလည်း အသိပညာကောင်းများကိုမှတ်သားရယူနိုင်ပေသည်။လူတစ်ယောက်ခြင်းဆီ၏အောင်မြင်မှုသည် မိမိဍ်ရှိနေသည့်အသိပညာကောင်းများကိုလက်တွေ့ဘဝဍ်အသုံးချနိုင်ခြင်းပင်ဖြစ်ပေသည်။ ထိုသို့အသုံးချနိုင်ရန် သတိတရားနှင့် အသိပညာကိုပဲ့ကိုင်နိုင်ဖို့လိုပေသည်ဟု ကျွန်ုပ်ထင်မြင်ပေသည်။ဘဝအောင်မြင်မှုဍ်သတိတရားသည်အလွန်အရေးကြီးပေသည်။အသိပညာ(သို့မဟုတ်)အသိတရားရှိပြီးသော်ငြားလည်း သတိနှင့်လက်တွေ့ထိန်းချုပ်ဆောင်ရွက်နိုင်မှသာ မိမိတို့ဘဝ၏ကောင်းသောအကျိုးကျေးဇူးများကို ရယူနိုင်ပေသည်။အသိအားသတိနှင့်ထိန်းချုပ်နိုင်ရပေမည်။ "သတိမမူဂူမမြင် " ဟူသော မြန်မာစကားပုံရှိပေသည်။
ကျွန်ုပ်တို့လူသားတွေ၏စိတ်သဘာဝသည်အသိတရားမည်မျှပင်ရှိစေကာမူ သတိတရားနှင့်ထိန်းချုပ်နိုင်မှသာ ဘဝလမ်းမှန်သို့ရောက်နိုင်ပေသည်။ကျွန်တော့်အတွေးအမြင်ဖြင့်ရေးသားဖော်ပြခြင်းဍ် လိုအပ်ချက်များရှိခဲ့ပါလျင်ဖြည့်စွက်ဖတ်ရှုပေးပါဟု steemit မှမိတ်ဆွေအားလုံးကိုမေတ္တာရပ်ခံအပ်ပါသည်။အသိအားသတိနှင့်ယှဉှ်၍အသုံးချနိုင်စေရန် ကျွန်ုပ်၏အတွေ့အကြုံနှင့်ပေါင်းစပ်၍ စာဖတ်သူတို့၏အကျိုးကိုရှေးရှုကာ ရေးသားတင်ပြအပ်ပါသည်။
ထာဝစဉ်ကြိုးစားလျက်
@ayeminthein
ကျွန်တော်တို့တွေ့ ငိုးနေတာကိုတွေရင် လူတွေအားလုံးက ကြိတ်လှောင်း ရယ်မော ဟားနေပါလိမ့်မယ်။ကျွန်တော်တို့တွေကျရှုံးနေချိန်မှာ ဘယ်သူဘယ်သူ့ကိုမ
ဒူထောက်မိအောင် မလုပ်မီပါစေနေနော်။သူတို့ရှေမှာ ဒူထောက်ပြလိုက်ရင် သူတို့တွေက ကျွန်တော်တို့ကို နင်းချေသွားပါလိမ့်မည်
အကြောင်းအအကျိုး အကောင်းအဆိုး အမှားအမှန်ကိုဝေဖန်ပိုင်းခြားဆင်ခြင်နိုင်ရန်အတွက်အသိပညာမှန်ကန်မှသာတိကျမှန်ကန်စွာဆုံးဖြတ်နိုင်ပေသည။်
"သတိမမူဂူမမြင် " ဟူသော မြန်မာစကားပုံအတိုင်ပါဘဲဗျာ ကောင်းလှပါတယ် ဆက်လက်တင်ပြပါနော် အားပေးနေမယ် Ok