ငါးက​လေး​တွေအ​ကြောင်း

in #myanmar6 years ago

IMG_20180418_171947.jpg
ငါး​လေးတစ်​​ကောင်​ဖြစ်​တည်​လာဖို့ အဆင်​၅ ဆင့်​ရှိပါတယ်​။ ပထမဆုံးအဆင့်​က​တော့ "ဥ" အဆင့်​ဖြစ်​ပါတယ်​။ ဥ က​လေး​တွေတိုင်းက​တော့ ငါးက​လေး​တွေ​ပေါက်​ဖွားနိုင်​ပါတယ်​။ဒါ​ပေမဲ့ ဥတိုင်းက​တော့ မ​ပေါက်​နိုင်​ပါဘူး။ "ဥ" က​နေ ငါးက​လေး​တွေမ​ပေါက်​​သေးခင်​အချိန်​မှာ​တော့ ရန်​သူ​တွေရဲ့ဒဏ်​​တွေ ​ရေထုရဲ့ အပူအ​အေး ​အောက်​စီဂျင်​ရရှိမှု​တွေက ​ကောင်းမ​ကောင်း​ပေါ်မူတည်​ပီး ဥ က​လေး​တွေ ပျက်​စီးကြရတာ​တွေလည်း ရှိပါတယ်​။ ရန်​သူ​တွေက ည​ရောက်​တိုက်​ခိုက်​ စား​သောက်​ရင်​လည်း ဥ က​လေး​တွေ ပျက်​စီးကြရပါတယ်​။ အ​ကောင်​မ​ပေါက်​နိုင်​​တော့ပါဘူး။

နောက်​တစ်​ဆင့်​က​တော့ သား​လောင်းအဆင့်​ဖြစ်​ပါတယ်​။ အန္တရာယ်​ ကင်းကင်းနဲ့ သား​လောင်း​ပေါက်​တဲ့အချိန်​ကို​ရောက်​လာရင်​​တော့ ဥ က​လေး​တွေက​နေ ငါး သား​လောင်း​လေး​တွေ ​ပေါက်​ဖွားလာပါတယ်​။ ငါးသား​လောင်း​လေး​တွေ အရွယ်​မှာလည်း အန္တရာယ်​​တွေရှိပါတယ်​။ သို့​ပေမဲ့ သွားလာကူးခတ်​လွတ်​​မြောက်​နိုင်​ပါတယ်​။ ဥ ​လေး​တွေတုန်းကလို ဘယ်​မှ မသွားနိုင်​မလာနိုင်​မဟုတ်​​တော့ပါဘူး။ သား​လောင်းအရွယ်​က​နေ​နောက်​တစ်​ဆင့်​တက်​ဖို့လည်း ကြိုးစားရှင်​သန်​ကြရပါတယ်​။

နောက်​တစ်​ဆင့်​က​တော့ သား​ပေါက်​အဆင့်​ဖြစ်​ပါတယ်​။ဒီအဆင့်​မှာ​တော့ မိမိတို့ကိုယ်​တိုင်​ အစားအစာ​လေး​တွေကို ရှာ​ဖွေစား​သောက်​နိုင်​ပါပီ။ ကြီးမားကျယ်​ပြန့်​တဲ့ ​ရေပြင်​ကို ဖြတ်​သန်းသွားလာကူးခတ်​ရင်းနဲ့ မိမိဝမ်းစာအတွက်​ အစာရှာ​ဖွေစား​သောက်​တတ်​တဲ့အရွယ်​ဖြစ်​ပါတယ်​။ အဲ့ဒီအရွယ်​မှာလည်း မိမိလိုပဲ အစာရှာ​ဖွေစား​သောက်​တဲ့ တစ်​ခြား မိမိကို အန္တရာယ်​ပြုမဲ့ ငါး​တွေလည်းရှိပါတယ်​။

နောက်​တစ်​ဆင့်​က​တော့ ပြည့်​ပြည့်​စုံစုံ ဖွံ့ဖြိုးတဲ့ အဆင့်​ဖြစ်​ပါတယ်​။ ပြည့်​ပြည့်​စုံစုံဖွံ့ဖြိုးလာပီဆိုရင်​​တော့ သူ့မှာ ရှိသင့်​ရှိထိုက်​တဲ့ အင်္ဂါအစိတ်​အပိုင်း​တွေ ဖွံ့ဖြိုးလာပါပီ။ မိမိ နဲ့ အင်​အားချင်းမျှတဲ့ ရန်​သူ​တွေကို ပြန်​လည်​ တိုက်​ခိုက်​နိုင်​ပါပီ။

နောက်​ဆုံးအဆင့်​က​တော့ အရွယ်​​ရောက်​တဲ့အဆင့်​ဖြစ်​ပါတယ်​။ သူ့ရဲ့ မျိုးရိုးအလိုက်​ ပြည့်​ပြည့်​စုံစုံဖွံ့ဖြိုးလာပီး​တော့ အရွယ်​ပမာဏလည်း ပြည့်​ပြည့်​စုံစုံ ဖွံ့ဖြိုးလာပီဆိုရင်​​တော့ အရွယ်​​ရောက်​တဲ့ ငါးတစ်​​ကောင်​ဖြစ်​ပါပီ။ အရွယ်​​ရောက်​ပီဆိုရင်​​တော့ အဖိုအမ ​ပေါင်းစပ်​ကြပီး​တော့ ငါးသား​ပေါက်​​လေး​တွေ ထပ်​ပီး ​မွေးထုတ်​လို့ရပါပီ။ တစ်​ချို့ငါး​တွေဆို နှစ်​​ပေါင်း ၈၀ က​နေ ၁၅၀ ထိ အသက်​ရှင်​နိုင်​ကြပါတယ်​။

ကျွန်​​တော်​တို့က ငါးဆိုရင်​ ငါးပဲ တန်းမြင်​​ပေမဲ့ ငါးမှာလည်း သူ့အဆင့်​နဲ့သူရှိပါ​သေးတယ်​ဗျ ။ ဗဟုသုတ အနည်းငယ်​ရမိလိမ့်​မယ်​လို့ထင်​မိပါတယ်​။ ​ကျေးဇူးတင်​ပါတယ်​ဗျ ။

Writer caesarsupaimin
MSC-025

Sort:  

ငါးသုတေသနပေါ့ဗျာ

ဟုတ်ကဲ့ ဥာဏ်မှီသလောက်လေးပါဗျ

ငါးတွေက အဲလောက်တောင် အသက်ရှည်တာလားဗျ

ဟုတ်​ကဲ့ သိရ​လောက်​ပါ

ရွှေငါးလေးတွေကျတော့ အကြမ်းမခံဘူးနော်

ဟုတ်တယ်အမ သူတို့က နုတယ်

Discovery channel တစ်ခုမှာ လူတွေလက်ချက်နဲ့မသေရင် အခြားအကောင်တွေရဲ့ ကိုက်ဖြတ်သတ်စားခြင်း မခံရရင် ဘယ်တော့မှ မသေနိုင်တဲ့ ငါးတွေအကြောင်း ကြည့်လိုက်မိတယ် မမှတ်မိတော့ဘူး....
ဥကနေစတာက အဆင့်ကျော်တာပဲ ဥက အလိုလိုဖြစ်လို့လားအေ လေဥဥတာလား ☺☺

ဥကနေစတာ အဆင့်မကျော်ပါဘူးဗျ။ ဥ ကနေ ဥ ဖြစ်လာတာပါဗျ။ ဟဲဟဲ

ငါးတွေထဲမှာတော့ whale လို့ ခေါ်တဲ့ ဝေလငါးအကြောင်းစိတ်ဝင်စားတယ် ပိုစ့်တင်ပြီး ရှင်းပြပေးပါလား စုပိုင်ရေ

ဟုတ်ကဲ့ပါဗျ။ ကြိုးစားပါမယ်ဗျ။

ကျွန်‌‌တော်‌ဆို steemitမှာ သား‌လောင်း အဆင့်‌လားဗျ။

ကျွန်တော်ရော သားလောင်းလေးပါပဲဗျ

အယ် ငါးအကြောင်းလည်း စာတစ်ပုဒ်ဖြစ်အောင်ရေးတာ ပညာသားပါလှပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါဗျ။

ဟယ်... ဥ မဖြစ်ခင် အဆင့်လည်း ပါဘူးကွယ်

ဥကအရင်ဖြစ်တာပါ ပီးတော့ ဥဖြစ်လာပါတယ်။ အဲ့ဒီဥကနေပဲ ဥထပ်ဖြစ်ပါတယ်ဗျ။

နောက်တစ်ခါ ရေသူမ အကြောင်းလေး ရေးပေးပါ ဘရို

ရေသူမကတော့ တော်တော်ကြိုးစားရမယ်ဗျ။ ကြိုးစားပါမယ်ဗျ

ငါးလေးတွေအကောင်ဖြစ်လာတဲ့အခါ နှစ်ပေါင်းရှစ်ဆယ်ဆို သူတို့တွေနေရတာအခက်တွေ့မှာစိုးတာနဲ့
ဟင်းအိုးထဲရောက်ကုန်ကြတော့တာပဲ😁😁
ငါးလေးသားပေါက်ဟင်း.. စားကောင်းတယ်😋😋😋

ငိငိ ဒါလည်း သူတို့ဝတ်ကျွတ်မြန်တာပေါ့အကိုရယ် ဟိဟိ

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ကိုစောက သုတေသနတွေ စုံလင်ပါတယ်ဗျာ

ဒီလိုပါပဲအကိုရယ် စုံအောင် ဖြည့်ရတာပေါ့

ငါးဥသက်ရှည်😂😂

ဟိဟိ ငါးသက်ရှည်ပါ

အစကတုန်းကငါးမွေးတယ်
သေရင်အိမ်ကညီမကငိုလို့ ခုမမွေးတော့ဘူး

အင်း ငါးတွေက တော်တော်နုတယ် ရေပူရင်လည်းမရဘူး

ငါး​မွေးစားလို့​တော့ရ​နေပြီ 😁😁