ပျော်ရွှင်စွာပေါင်းစည်း

in #myanmar7 years ago (edited)


မင်္ဂလာပါဗျ။ အစကတော့ တင်ဖို့ post တစ်ခုရေးနေပါတယ်။ ဒါပေမဲ့ အဲ့ဒီ post အစား အပြောင်းအလဲလေးကြောင့် ဒီpost လေးတင်ခြင်တဲ့အတွက် အသစ်ရေးခဲ့ပါတယ်။ 17.6.2018 နေ့မှာ ကျွန်တော်တို့ရဲ့ MSC meeting ကျင်းပဖြစ်ခဲ့ပါတယ်။ ကျွန်တော်အပါအဝင် အဖွဲ့ဝင်အချို့ တက်ရောက်ခဲ့ကြပါတယ်။ Meeting အဓိက အကြောင်းအရင်းကတော့ Gathering အတွက်ဖြစ်ပါတယ်။ ဘယ်မှာ Gathering လုပ်ကြမယ်။ ဘယ်မှာဆုံကြမယ်။ ဘယ်သူတွေလိုက်ဖြစ်မလည်း မလိုက်ဖြစ်ဘူးလည်း စသဖြင့် ဆွေးနွေးခဲ့ကြပါတယ်။ လိုက်ပါမဲ့ညီအစ်ကိုမောင်နှမများရှိသလို အကြောင်းအမျိုးမျိုးကြောင့် မအားလပ်ပဲ မလိုက်ပါလာရတဲ့ ညီအစ်ကိုမောင်နှမများလည်း ရှိကြပါတယ်။ ကျွန်တော်ကတော့ ရောက်အောင်သွားပါမယ်။ ကျွန်တော့်အတွက် MSC သို့ဝင်ရောက်ပီး ကိုဟင် ပထမဆုံး မန္တလေးကိုရောက်လာချိန်မှာ သွားတွေ့ဖို့မအားလပ်ခဲ့ပါဘူး။ ရုံးက အချိန်ပိုဆင်းရတဲ့အတွက် ကိုဟင်နဲ့မတွေ့ဆုံခဲ့ရပါဘူး။ အဲ့ဒီတုန်းက ကိုသက်လည်းကျွန်တော့်ကိုလှမ်းခေါ်ပါတယ်။ ကိုဟိန်းလည်း လှမ်းခေါ်ပါတယ်။ ကျွန်တော့်ကို တကူးတက လှမ်းခေါ်ကြတဲ့အကိုတွေကို အားလည်းနာပါတယ်ဗျ။ ကျွန်တော်လည်း တကယ်မအားလပ်တဲ့အတွက် မလာရောက်နိုင်ခဲ့တာပါ။ ဒီတစ်ခါတော့ ရောက်အောင်လာခဲ့ပါ့မယ်။

နောက်တစ်ခုအနေနဲ့ ကျွန်တော်တို့ တွေ GP 4 ခုခွဲထားတာကိုမှ GP 1 နဲ့ GP 2 တို့ ကို ပေါင်းစည်းပီး GP 1 အဖြစ်သတ်မှတ်လိုက်ပါတယ်။ GP 1 နဲ့ GP 2 မှာ Active မဖြစ်သူ အချို့ရှိနေတာကြောင့် ယခုလို နှစ်ဖွဲ့ပေါင်းစည်းလိုက်ပီး GP တစ်ခုအနေနဲ့သတ်မှတ်လိုက်ပါတယ်။ အဲ့လိုသတ်မှတ်လိုက်တဲ့အတွက် Active ဖြစ်သူဦးရေများလာသလို MSC member များအားလုံးအတွက်လည်း အခွင့်အရေးတွေ ပိုများလာခဲ့ပါတယ်။ Pro တင်တဲ့ရက် တွေ ပိုရလာကြမှာဖြစ်ပါတယ်။ ယခုလိုသတ်မှတ်ပေးဖို့ စဉ်းစား စီစဉ်ခဲ့တဲ့ Adminများနဲ့ Leader ကိုဟင်ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ။ နောက်ပီး ကျွန်တော်ဝမ်းသာတဲ့ကိစ္စလေးတစ်ခု ပြောပြချင်ပါသေးတယ်ဗျ။ ကျွန်တော့်အနေနဲ့ MSC သင်ကြားရေးမှာ ကြီးကြပ်အဖြစ် တာဝန်ခန့်အပ်ခံရပါတယ်။ အဲ့လိုတာဝန် ယူနေချိန်အတွင်းမှာ သင်တန်းသားများကို စိစစ်ရွေးချယ် သတ်မှတ် ဆုံးဖြတ်ရတဲ့အချိန်ရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ သင်တန်းလာရောက်လျှောက်ထားသူ သင်တန်းသားများကို ၄င်းတို့ရဲ့ facebook account မှန် မမှန်၊ ရုပ်ပုံမှန်မမှန်ကို စစ်ဆေးရပါတယ်ဗျ။ အထူးသဖြင့် ရုပ်ပုံကိုစစ်ဆေးရတာပါ။ အဲ့ဒီထဲကမှ စစ်ဆေးပေးခဲ့တဲ့ အချို့ အကိုတွေ အမတွေကို ယခု GP 1 နဲ့ GP 2 ပေါင်းလိုက်တဲ့အချိန်မှာ ပြန်လည်တွေ့ဆုံရလို့ အင်မတန်ဝမ်းသာမိပါတယ်။ ဒါကကျွန်တော်ဝမ်းသာမိတဲ့အကြောင်းပါ အခြားသူတွေဘယ်လိုတွေးမလည်းတော့ ကျွန်တော် ထည့်မစဉ်းစားတော့ပါဘူး။ ကျွန်တော့စိတ်ထဲခံစား ဖြစ်ပေါ်လာတာကို ရေးပြခြင်းဖြစ်ပါတယ်။ အဲ့ဒီ အကိုတွေ အမတွေနဲ့ တစ်ဖွဲ့တည်းကျလို့ ဝမ်းသာပီး အခြားသော GP များကို မကြိုဆိုတာလည်းမဟုတ်ရပါ။ ကျွန်တော့်ပျော်ရွှင်မှုလေးကို ပြောပြချင်ရုံပါ။ အခြား GP များမှာလည်း ကျွန်တော်နဲ့ V call ပြောဖူးသူများ ရှိကြပါလိမ့်မယ်ဗျ။ အားလုံးကို လည်း တွေ့ရတာဝမ်းသာပါတယ်ဗျ။

နောက်ပီး ယခုလို MSC ရဲ့ ပေါင်းစည်းပေးမှုကြောင့် ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ ခင်မင်ခွင့်ရခဲ့ပါတယ်။ Steemit ဆိုတဲ့ platform ပေါ်မှာ အတူတူလျှောက်လှမ်းသူအချင်းချင်းအနေနဲ့ ခင်မင်ခွင့်ရခဲ့ကြပါတယ်။ ယခုဆိုရင် Gathering အစီအစဉ်လေးမှာပါ တွေ့ဆုံခွင့်ရကြမှာဖြစ်လို့ အရမ်းလည်း စိတ်လှုပ်ရှားပျော်ရွှင်မိပါတယ်။ ညီအစ်ကိုမောင်နှမတွေ Chat Group ထဲ ခင်ခင်မင်မင်ပြောဆိုတာတွေ အသိပညာ ဗဟုသုတတွေ မျှဝေကြတာတွေကို အပြင်မှာပါ လုပ်ဆောင်နိုင်တော့မှာဖြစ်တာကြောင့် ပျော်ရွှင်မိပါတယ်ဗျာ။ အချိန်မအားလပ်တဲ့ကြားကနေမှ ကျွန်တော်တို့လို အဖွဲ့သားနဲ့ Admin များကို တွေ့ဆုံဖို့အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင် စီစဉ်ပီး လာရောက်မဲ့ ကျွန်တော်တို့ရဲ့ Leader ကိုဟင်ကိုလည်း ကျေးဇူးတင်ရင်း စောင့်မျှော်နေပါတယ်ဗျာ။

ဒီကြားထဲ ကျွန်တော့ရဲ့ အဆင်မပြေမှုတစ်ချို့ကြောင့် MSC မှ ထွက်ခွာဖို့ ဖြစ်ခဲ့ရပါသေးတယ်။ ဒါပေမဲ့လည်း အကိုများရဲ့အားပေးမှု ဖေးမမှုနဲ့ မထွက်ဖြစ်ခဲ့ပါဘူး။ အခက်အခဲကို အခြားနည်းလမ်းနဲ့ ဖြေရှင်းခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ MSC ကို ဒီ့ထက် ပိုပီး တိုးတက်ကောင်းမွန်အောင် နေရာစုံထောင့်စုံမှ အတူတူကြိုးစားကြဖို့ အကြံပြုချင်ပါတယ်။ ကျွန်တော့်အနေနဲ့ နည်းပညာတစ်ချို့ကို လေ့လာ အောင်မြင်မှုရှိခဲ့ပါတယ်။ အဲ့ဒီ နည်းပညာနဲ့ MSC ကို ဘယ်လိုတိုးတက်အောင်လုပ်ဆောင်ကြမလည်းဆိုတာကို အတူတူဆွေးနွေးချင်ပါတယ်။ ခုဆိုရင် ကျွန်တော်တို့ရဲ့ Steemit အကောင့်ကို မိမိအနေနဲ့ ဘယ်လိုဘယ်ပုံ သိရှိချင်တာလည်းဆိုတာကို အားလုံးနီးပါး သိရှိနိုင်ကြပါပီ။ မိမိအကောင့်ကို ဘယ်သူတွေ vote လာပေးသလည်း။ မိမိရဲ့ SP ဘယ်လောက်ရှိသလည်း။ မိမိရဲ့ SP က ဘယ်အချိန်မှာ အပြည့်ပြန်ဖြစ်မလည်း၊ အချိန်ဘယ်လောက်စောင့်ရမလည်း။ စသဖြင့် ကျွန်တော့်တို့အကောင့်ရဲ့အခြေအနေကို ကြည့်ရှုနိုင်ပါပီ။ နောက်ထပ်လည်း နည်းလမ်းသစ်များရှိရင် မျှဝေပေးချင်ပါတယ်ဗျ။ အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ။


avatar.png
Writer caesarsupaimin
MSC-025

Sort:  

This post has received a 0.78 % upvote from @drotto thanks to: @caesarsupaimin.

ဒါနဲ့ စကားမစပ် သင်တန်းက ရှိသေးလား

သင်​တန်း gp ရှိ​သေးတယ်​ ဗျ သင်​တန်​​တော့ ထပ်​မသင်​​သေးဘူး

Congratulations! This post has been upvoted from the communal account, @minnowsupport, by caesarsupaimin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နည်းပညာအသစ်တွေဖြန့်ဝေမယ်ဆိုလို့စိတ်ဝင်စားပါတယ်

ဟုတ်ကဲ့ပါအကို ဖြန့်ဝေတယ်ဆိုတာထက် မျှဝေမှာပါဗျ။ ကိုယ့်ကျိုးအတွက်မဟုတ်ပဲ အားလုံးလည်း အကျိုးရှိရှိ အသုံးပြုလို့ရကြမှာပါ။ မိမိရဲ့အကောင့် အခြေအနေ သေးစိတ်တွေရော မိမိ ရှေ့ဆက်ပီး လုပ်ဆောင်ရင် ဘယ်လို အကျိုးကျေးဇူးတွေရမယ်ဆိုတာတွေရော ကျွန်တော် သိသလောက် မှတ်သလောက် မျှဝေပြောပြပေးမျာပါဗျ။

အစ်​မတို့လည်းပြန်​ဆုံရတာဝမ်းသာပါတယ်​။

ဟုတ်ကဲ့အမရေ ဝမ်းသာတယ်ဗျ

နည်းလမ်းလေးတွေ မျှဝေမှာဆိုတော့ ကောင်းတဲ့ အစီအစဉ်ပဲဗျ။ ဘာတွေများလဲနော်။

စုံလို့ပါပဲဗျာ။ ကော်ပီကူးတာတွေရော။ အယ်လေ။ ကော်ပီဆိုတာ application ကို ပွားတာကိုပြောတာပါ။ ကော်ပီ စာရေးတာကိုပြောတာဟုဘူးနော့်

မျှဝေပေးတာကျေးဇူးပါ

ဟုတ်ကဲ့ဗျ။ ကြိုးစားလျက်ပါ။

Postကိုဖတ်ရတာ နှစ်ထောင်းအားရ ရှိလှသကွယ့်ရောင်းရင်းရယ်..........
...
....ပြေးပီ😂😂😂🚴🚴🚴🚴🙉🙉

တိန် ။ Epic Legend reply ပါပဲဗျာ။ ကျေးဇူးတင်ပါတယ်ဗျ။

ဘယ်လိုနည်းပညာသစ်တွေများလည်း စိတ်အရမ်းဝင်းစားနေပြီ
မြန်မြန်ဝေမျှပါတော့ဗျို့😍😍😍

ဟုတ်ကဲ့ ဟုတ်ကဲ့ မကြာပါဘူးဗျ။ လာပါ့မယ်ဗျ။

ပေါင်းစည်းလိုက်​​တော့ ဝမ်းသာစရာပဲ​ပေါ့ဗျာ... 😊

ဟုတ်​ ပါတယ်​ အကို​ရေ

ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်ဗျ အဲတုန်းက V call ပြောမယ်ဆိုလို့ စောင့်နေတာ မင်းသားကမအားတာကြောင့် တော်တော်စောင့်လိုက်ရပါတယ် hee hee စတာနော် ခေးကို

ဟီးဟီး အကိုတို့ က စမယ်​ ဆိုတာကြီး ပဲ

Congratulations @caesarsupaimin! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard!


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

ဟုဟု နည်းလမ်းလေးတွေ များများရှယ်ပါဦးဗျာ့

ဟုတ်​ကဲ့ အကို များများ ရှယ်​ မယ်​ ဗျ

ကောင်းမွန်သော ခံစားချက် စာတစ်ပုဒ်ပါပဲဗျာ အားလုံးအတူ ကြိုးစားလို့ ဒီလို ဖြစ်လာတာပါ ... ဘုံအကောင့်က အဖွဲ့ဝင်တွေလည်း အခု တစ်စုတစ်စည်းတည်း ထပ်ဖြစ်သွားတာ ၀မ်းသာပါတယ်

ဟုတ်တယ်အကိုရေ ကျေးဇူးပါဗျ။

ဗဟုသုတတစ်ချို့ ရလိုက်သလိုပါပဲဖတ်ရတာက... ကျေးဇူးပါ😊

ဟုတ်ကဲ့ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ

လာပီးသား

ဘယ်ကိုလာ :D

အရမ်းကို ကောင်းမွန်လှ အားတက်လှပါတယ် ကိုစော

ဟုတ်ကဲ့ပါဗျကျေးဇူးတင်ပါတယ်ဗျ

နည်းလမ်းသစ်တွေဖြန့်ဝေမယ်ဆိုလို့ စိတ်ဝင်စားမိပါတယ်။

ငင့် မဟုတ်ရင်စိတ်မဝင်စားဘူးလားဟင်

ကောင်းတယ်ဗျာ ရင်ထဲကစကားသံလေးတွေပေါ့
နည်းပညာ များကို များများ ရှာဖွေနိုင်ပါစေ ညီ

ဟုတ်ကဲ့အကို ကျေးဇူးပါဗျ။ များများလည်းရှာပါ့မယ်ဗျ။

ရှေ့သို့လှမ်းချီ msc