အလောင်းတော်ကသပ ခရီးစဉ် (2)

in #myanmar6 years ago (edited)

ကုန်ကြမ်းရှာလာတာလေး တွေ အပီအပြင် ချရေးနေတာပါ 😁😁 ဒီနေ့ အတွက်တော့ အလောင်းတော်ကသပ ခရီးစဉ်ရဲ့ မပြီးသေးသော အပိုင်း 2ကို ဆက်လက်ရေး သား ပါ့မယ်
အပိုင်း 1မှာတော့ ဘောနက်ကြီးမြို့ famous မှာ ထင်းစားပြီး ကျမတို့ ဘုရားဖူး ကားလေး အဆက်မပျက် ခရီးဆက်ခဲ့ ရာ မန္တလေး မဟာမြတ်မုနိဘုရားကို မနက် 5:30 မှာ ရောက်ရှိခဲ့တယ် အရမ်းဖူးချင်နေတဲ့ဘုရားပါ ဖူးမယ်လို့ စိတ်ကူးတာ ရှိပြီး မရောက်ဖြစ်တာ တော်တော် ကြာပါပြီ မန္တလေး ရောက်ရောက်ချင်း မနက်စောစောမှာ ဖူးမြော် လိုက်ရတဲ့အတွက် တော်တော်လေး ကြည်နူးမိတယ် အများနဲ့ဆိုတော့ ဘုရားဖူးချိန် သိပ်မပေးတဲ့အတွက် ဘုရားအာရုံပြုရတာတော့ အကြာကြီး လုပ်လို့မရဘူးပေါ့ အကောင်းဆုံးကတော့ ကိုယ့် ကိုယ်ပိုင်ကားလေး နဲ့သွားတာ တော့ စိတ်ချမ်းသာရပါတယ် အဲ့လိုနဲ့ သုတ်သီးသုတ်ပြာ အပြေးအလွှားလေး ဘုရားဖူးခဲ့ရတယ် image
အဲ့ဒီကနေ မနက် 6နာရီ မှာ မဟာမြတ်မုနိဘုရားကြီးကနေ ထွက်လာခဲ့တယ်
နောက် ဘုရားတစ်ဆူဖြစ်တဲ့ ကျောက်စိမ်းဘုရား ကို ဆက်သွားခဲ့တယ် ကျောက်စိမ်းဘုရား ကတော့ ပထမဦးဆုံး အကြိမ်ရောက်ဖူးခြင်း ပါပဲ
TVမှာတွေ့ရတော့ အရမ်းဖူးချင်ခဲ့တယ် သူတို့ လိုက်ပို့ လိမ့်မယ်လည်း မထင်ဘူး ဒါပေမဲ့ ရောက်သွားခဲ့တယ် ဒါကတော့ ဖူးချင်တဲ့ စာရင်းထဲ မှာ ပါဝင်တဲ့ဘုရားပေါ့နော် image
ကျောက်စိမ်းဘုရားကို မနက် 7နာရီလောက်ရောက်တယ် မျက်နှာ မသစ်ရသေးတာနဲ့ ဘုရားမှာပဲ မျက်နှာ သစ်သွားတိုက်လုပ်ပြီး ဘုရားတက်ဖူး ဓာတ်ပုံရိုက်ကျပေါ့ မျက်နှာမှာ သနပ်ခါးမပါတဲ့ ပေစုတ်စုတ်ပုံတွေရိုက်ပေါ့ 😂😂 အဲ့ဒီမှာ ကားဆရာကြီး လာခေါ်တာကို မသိချင်ယောင်ဆောင်ပြီး မနက်စာ ခက်တည်တည်နဲ့ ဝင်စားနေလိုက်တယ် ကားပေါ်မှာ သူများတွေ ရောက်နေတဲ့ အချိန်ကျမတို့အဖွဲ့က မနက်စာ အေးဆေးစားနေတာ 😂😂😂 ကားသမား နောက်တစ်ခေါက်လာခေါ်မှ မှာထားတဲ့ အစားအသောက် ပူပူကြီးတွေ အသဲအသန် မြို ချပြီးပြေးကြတယ် ကားပေါ် ရောက်တော့ ကားသမားက ကိုယ်အဖွဲ့ကို နာမည်ပေးလိုက်တယ် ကျောက်စိမ်းအဖွဲ့တဲ့ နောက်ကျလို့ 😁😁
အဲ့ဒါနဲ့ ကျောက်စိမ်း ဘုရားကနေ ကားကြီးထွက်ပြီး ဗောဓိ တစ်ထောင် ဘုရားကို ရောက်ခဲ့တယ်
ဗောဓိတစ်ထောင် ဘုရားလည်း ကျမ အတွက် ပထမဦးဆုံး ဖူးရတဲ့ ဘုရားပါဘဲ အရင်တုန်းကတော့ ရပ်ကိုယ်တော် ပုံပဲထုထားတာ တွေ့ဖူးတယ် အခုတော့ ထိုင်ရပ်ကိုယ်တော်နဲ့ လဲလျောင်းလျက် ကိုယ်တော်တွေ ပါ ဆက်ပြီး တည်နေတာ တွေ့ခဲ့တယ် image
ဗောဓိတစ်ထောင် ရောက်တော့ ဆိုင်ကယ် ကယ်ရီနဲ့ သွားရမယ် လို့ပြောတယ် အဲ့ဒါနဲ့ ဌားမယ်ပေါ့
ဘုရားရောက်တော့ လမ်းတွေ ပြင်နေတဲ့ အတွက် ဆိုင်ကယ် ကယ်ရီ သွားမရဘူးတဲ့ အဲ့ဒီမှာ ပဲ ကားသမားက ပထမ နာရီဝက် အချိန်ပေးရာကနေ 1နာရီ အချိန်ပေးခဲ့တယ် ကုန်းကြောင်းတက်ရခဲ့ရတယ် ဘုရားပေါ်ရောက်ဖို့ အတော်ကြာတယ် အမြင့်ကြီးပဲ ဖြေးဖြေးချင်းတက်ရင်း ဘုရားပေါ်ရောက်သွားခဲ့တယ် ဘုရားပေါ်ရောက်တော့ သူတို့ပေးထားတဲ့ အချိန် 1နာရီပြည့်ဖို့ 15မိနစ်လောက်ပဲလိုတော့ တယ် ဘုရားအပေါ်ဆုံးထိ တက်မယ် စိတ်ကူးထားတာ မတက်ခဲ့ရဘူး အောက်နားတင် ဖူးပြီး ပြန်ဆင်း ခဲ့ရတယ်
ကားပေါ်ရောက်တော့ လူမစုံသေးလို့ 10မိနစ်လောက် စောင့်နေရသေးတယ် လုစုံတော့ ကားကြီးထွက် နေ့လည်စာ ထမင်းစားဖို့ ထမင်းဆိုင်ကို မောင်းခဲ့တယ် ပိုက်ဆံ 65000ပဲယူပြီး ထမင်းကျွေးတာ လည်း ကောင်းပါတယ် ကြိုက်တဲ့ဟင်း နှစ်မျိုးစားလို့ရတယ် တန်လည်းတန်ပါတယ် ထမင်းအားလုံးစားပြီး နောက် ဘုရားတွေကို သွားဖို့ ခရီးဆက်ခဲ့ ကြတယ် အပိုင်း (3)ကိုတော့ နောက် proမှ ဆက်ရေးပါတော့မယ်
အားလုံး ကျန်းမာပါစေ
MSC 231
@coralbright
image by thandar

Sort:  

ခရီးသွားရတာ လူပင်ပန်းပေမယ့်ပျော်စရာတော့ တကယ်ကောင်းတာရယ်

အိမ်း ကမ္ဘာပတ်ရှာဖွေးရေးအခန်းဆက်ဒေ စာအုပ်ထုတ်သင့်တယ် :-)

ခရီးထွက်​ချင်​လာပြီ။ရောက်​ဖူးဘူး။

သွားလေ အမ တန်းခိုကြီး ဘုရားတွေ သွားသင့်တယ် ဆုလည်းတောင်းပေါ့

ဖတ်လို့ကောင်းတယ်

You got a 27.65% upvote from @slimwhale courtesy of @myintlwinsoe!

Did you know you can make a passive income by simply delegating steem power?
@slimwhale offers the best return on your investment, sharing 100% of the bidding pool rewards, daily, proportional to your investment.
Let's grow together, start earning now by clicking the following links: 10SP, | 50SP | 500SP, | any amount |
For more information, see here or join me on Discord

ခရီးသွားဆောင်းပါးလေးက ဖတ်လို့ကောင်းတယ်။

ကျေးဇူး ချစ်မ

သြော်​ကုန်​ကြမ်း​တွေ ကုန်​ကြမ်း​တွေ

ဟားဟား

မရောက်ဖူးသေးဘူးသွားရဦးမယ်

ရောက်အောသ်သ်ားပါ ဦးမင်းရေ

အပိုင်းဘယ်​​လောက်​ထိရှိနိုင်​လဲ သိချင်​မိတယ်​ 😀😀😀

ဖက်လို့ကောင်းပါတယ်

ကျေးဇူးပါ

ကုန်ုကြမ်း​တွေရခဲ့တယ်​​ပေါ့

ဒါပေါ့ 😁😁

မရောက်ဖူးသေးဘူး၊

ဟုတ်

ကျွန်တော်လည်းခရီးထွက်ရတာကြိုက်လို့ ခရီးသွား review တွေပဲ ပတ်ရေးနေတာ..

👍👍👍👍

ခရီးသီားရတ​ပျေိာ​ကေည်ူးတယိ