သူငယ်ချင်း

in #myanmar6 years ago

သူငယ်ချင်း

သူငယ်ချင်းဆိုတာကတော့ ကိုယ့်အိမ်က မိသားစုပြီးရင် အရင်းအနှီးဆုံး သူတွေကတော့ ကိုယ့်ရဲ့ သူငယ်ချင်းတွေပါ ကိုယ့်အကြောင်းကို မိသားစုပြီးရင် အသိဆုံးက ကိုယ်ရဲ့သူငယ်ချင်း တွေပါ သူငယ်ချင်းဆိုတာ ကတော့ ကောင်းတာလည်း အတူတူ ဆိုးလည်းအတူတူ မျှဝေခံစားမှုတွေ ရှိတာ သူငယ်ချင်းပါ
သူငယ်ချင်းလို့ ဆိုတဲ့ အခါမှာ ကိုယ့်အပေါ်ကို သူကပဲ အသာစီး လိုချင်နေရင်တော့ အဲ့လို သူငယ်ချင်းမျိုးကို အောက်ကျခံပြီး ပေါင်းမနေပါနဲ့
ကိုယ့်အတွက် သူဟာ စိတ်ပျက် စရာတွေ ပဲ ဆောင် ကြဉ်း ပေးမှာပါ image
အတ္တကြီး တဲ့ သူတွေ လည်း သူငယ်ချင်း မလုပ်သင့်ပါဘူး ကိုယ်ဘာပြောပြော သူလုပ်တာမှအမှန် သူပြောတာမှ အကောင်း ဆို ရင်တော့ ဒီလို လူမျိုးကိုလည်း သူငယ်ချင်း အဖြစ်မပေါင်းအပ်ပါဘူး
သူငယ်ချင်း အပေါင်းအသင်းဆိုတာ ကိုယ်အခက်အခဲ ဖြစ်နေချိန်မှာ ကိုယ်အနားမှာ အမြဲ ဖေးမ ကူညီရမယ် သူ အခက်အခဲ ဖြစ်နေချိန်မှာလည်း ကိုယ်ကလည်း အပြန်အလှန် သဘောအရ ဖေးမကူညီမှုပေးရမယ်
ကိုယ်ရဲ့ စကားအခွန်း တိုင်းကို အမြဲ အထန ကောက်ပြီး စိတ်ကောက် စိတ်ဆိုး တက်တဲ့ သူတွေကိုလည်း သူငယ်ချင်း အဖြစ်မထားသင့်ပါဘူး ဘာကြောင့်လည်း ဆိုတော့ သူ့အတွက်နဲ့ ကိုယ်က အမြဲ stress တစ်ခု ဖြစ်နေရလို့ပါ image
စကားတစ်ခွန်းတောင် လွတ်လွတ်လပ်လပ်ပြောခွင့်မရှိလို့ပါ အဲ့လို သူငယ်ချင်းမျိုးကြတော့ အထအနကောက်တက်တဲ့ အမျိုးအစားထဲ ပါသွားပါပြီ ဒီလို သူငယ်ချင်းမျိုး ကိုလည်း မပေါင်းသင့်ပါဘူး
သူငယ်ချင်းဆိုတာ ကိုယ့် မိသားစုတွေ ကို ဖွင့်မပြော ဖြစ်တဲ့ စကားလုံးတွေကို တောင် သူတို့က ပိုပြီးသိရှိ နားလည်ပေးနေတာ ဖေးမပေးတာ အားပေးတာ လမ်းမှန်ကို လမ်းညွှန်ပေးတာ ကိုယ့်သူငယ်ချင်း ကောင်းစားနေရင် ပီတိဖြစ်ပြီး ကိုယ်ကိုယ်တိုင်လည်း ထပ်တူ ခံစားပျော်ရွှင် နေတာ အဲ့လို လူမျိုး ကို မှ သူငယ်ချင်းကောင်း လို့ ပြောလို့ ရပါတယ်
ကိုယ်ကောင်းစားမနာလို ကိုယ့်ကို အမြဲပြိုင် ကိုယ့်ရှေ့ကြ တမျိုး ကိုယ့်နောက်ကွယ်ကြတစ်မျိုး ကိုယ် ကောင်းစားရင် သူမှာ မေတ္တာမထားနိုင် အဲ့လိုသူငယ်ချင်းမျိုးတွေကိုတော့ ကိုယ်နဲ့ဘယ်လောက်ပဲ ရင်းနှီးနေပါစေ အတွင်းကျကျမပေါင်းသင့်ပါဘူး
ပြီးတော့ ကိုယ့်ကိုကိုယ် အမြဲအထင်ကြီးပြီး ဘဝင်မြင့်တက်တဲ့ သူတွေ ကိုလည်းမပေါင်းပါနဲ့ image
ဘာလို့လည်းဆို အဲ့လိုလူမျိုးတွေက သူတို့ကိုယ်သူတို့ အမြဲမှန်တယ် လို့ ထင်ပြီး နားထင်သွေး ရောက်နေတဲ့ သူတွေမို့ပါ သူတို့ အမှားလုပ်မိရင်လည်း သူတို့အမှားကို သူများကိုထိုးချတက်လို့ပါ အဲ့လိုလူမျိုးတွေကတော့ အဆိုးဆုံးပေါ့ သတိထားသင့်တဲ့ သူတွေပါ
သူငယ်ချင်း အပေါင်းအသင်း ကောင်းဆိုတာ ကောင်းတာလေးကိုလည်း မျှဝေခံစား မကောင်းတာလေးကိုလည်း ညှိုယူပြီး နားလည်မှုပေး နိုင်တယ်ဆိုတာ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းပါ
အားလုံးပဲ သူငယ်ချင်းကောင်း မိတ်ဆွေကောင်းနဲ့ တွေ့ပါစေ
Credit images google
By @coralbright
MSC 231

Sort:  

သူငယ်ချင်းဆိုရင် ကောင်းတဲ့လူနဲ့ပဲ ပေါင်းတာ စိတ်ချမ်းသာပါတယ်။

ဟုတ်တယ်

မမအတွက်0.01 vote

ဒါနဲ့ 
ညနေက ညီလေး ( မမမောင်လေး)
ကိုတောင် မုန့် မဝယ်ကျွေးလိုက်ရဝူး
နောက်ကြုံမှ ကျွေးတော့မယ်

ဟီး
သွားလက်ဦးမယ်နော်
ရေချိုးလက်ဦးမယ်

အေးအေး အသားလေးယူသွား အူး သလား

သူငယ်​ချင်းဆိုတ​ကောင်းတူဆိုးဖက်
...
ခုမရှိ​တော့ဘူး 

အမှန်ပဲ

သူငယ်ချင်းအစစ်မှန်ဆိုတာ လူတိုင်းအတွက်တကယ်ကိုလိုအပ်တာပါ

သူငယ်ချင်းကောင်းဆိုတာ အတော်ရှားသွာပြီ

အရေးအသားအရမ်းကောင်းပါတယ် sis

ကျေးဇူး

အရမ်းကောင်းတယ်အမ

ကျေးဇူးပါမောင်လေး

မိတ်ဆွေကောင်းရှိတာ တန်ဖိုးမဖြတ်နိုင်ဘူး

အမှန်ပဲ ဦးမင်းရေ

သူငယ်ချင်းဆိုတာ ဘုရားကပေးတဲ့ ဆုလဒ်ပါ

မိတ်ဆွေကောင်းဆိုတာလိုအပ်တယ်

အမှန်ပဲ ဆရာချစ်

Bff​တွေတကယ်​လိုအပ်​ပါတယ်

ဟုတ်တယ်အကို

တစ်ယောက်နဲ့တစ်ယောက်ရင်ဘတ်ခြင်းမတူဘူးဆိုရင်တော့ သူငယ်ချင်းမဖြစ်ချင်ဘူး စိတ်ညစ်ရလို့

ဟုတ်တယ်အကို

စိတ်တူကိုယ်တူသူငယ်ချင်းကောင်းဆိုရင်တော့အကောင်းဆုံးပေါ့
ညီမလေးရေpowerအားကျနေပြီမို့ vလည်းပြည့်နေပြီးဆိုတော့ mentပဲပေးခဲ့တော့တယ်နော်

ဟုတ်ကဲ့အမ

အရမ်း​ကောင်းတဲ. Post ပါဗျာ

best fri.gif

😍😍😍😍😍