မုသားနဲ့ ဖြောင့်မတ်သော ကတိသစ္စာ
in #myanmar6 years ago (edited)
IMG_20180116_021118.jpg
ကျွန်တော်တို့ လူ့လောကမှာ များစွာသောလူတွေဟာ စကားဆိုတဲ့အရာနဲ့ နေ့တိုင်းနေ့တိုင်း မပြောမဖြစ် ပြောဆိုဆက် သွယ်နေ ကြရပါတယ် ။ အဲ့ဒီလို များစွာသောလူများထဲတွင် စကားရည်ရှိသူ
များရှိသလို စကားရေမရှိသူများလည်း တွေကြုံဖူးကြမှာပါ ။ စကား
ဆိုတဲ့အရာက ပြောတတ်တိုင်းလည်း ကိုယ်ပြောလိုက်တဲ့စကားက မ
လိမ္မာ ၊ မပါးနပ် တတ်ပါဘူး ။ စကားပြောရာမှာ လိမ္မာပါးနပ်တိုင်းလည်း သူပြောတဲ့စကားအမှန်ပဲလို့ ယူဆမရနိုင်ပါဘူး ။ တစ်ချို့သူတွေဆိုရင်လူတစ်ယောက် ဘယ်လောက်ပဲကောင်းနေပါစေ အဲ့ဒီလူကိုမကျေနပ်ဘူးဆိုရင် ကောင်းကွက်လေးတစ်ခုမရှိသလိုမျိုး သူတစ်ပါးထင်မြင်အောင်ပြောဆိုတတ်ကြတယ် ။ အရင်တုန်းကစကားပုံအရဆိုလျှင် "ကြမ်းပိုးကို လိပ်ဖြစ်အောင်ပြော "ဆိုသလိုပါ ။ အဲ့ဒီသူကို အကောင်းမြင်ပြီး ချီးမွှမ်းချင်တဲ့သူဆိုလျှင်တော့ အပြစ်လေးပြောစရာ တစ်ကွက်လေး မရှိသလိုမျိုး ပြောဆိုတတ်ကြပါတယ် ။
FB_IMG_1516564887057.jpg
         လူဆိုတာက စကားပြောရင် များသောအားဖြင့်မုသား
လေးပါလိုက်မှ ပြောတတ်ကြတယ် ။ ပြောသူနှင့် ကြားနာသူတို့
အကြား ပိုမိုထိတွေ့စေသော ကြားခံတစ်ခုသဖွယ် ဖြစ်နေလိမ့်မယ်
လို့ ကျွန်တော် ထင်ပါတယ် ။ ထို့ကြောင့်သာ " မုသားမပါ လင်္ကာ
မချော " ဟူသော စကားပုံ ပေါ်ထွက်လာခဲ့ခြင်းဖြစ်ပါလိမ့်မယ် ။
မုသားဆိုတာ ပြောတိုင်းကောင်းသည့် အရာမဟုတ်ပါ ။မုသားသုံး
တဲ့သူတွေဟာ စကားမပီ ၊ သွားမညီ ၊ ခံတွင်းပုတ်လို့ ချွေးနံ့ညှီ စတဲ့ အကျိုးအပြစ်တွေကို ယခုဘဝမှာမဟုတ်တောင် နောင်သံသရာမှာ ပြန်လည်ခံစားရမှာပါ ။ အဲ့ဒါကြာင့် လူတွေဟာ မုသားကို ကာကွယ်ဖို့ သီလတွေစောင့် သစ္စာအဓိဋ္ဌာန်တွေပြုကြ
တာပါ ။ စကားဆိုတဲ့အရာဟာ အပေါ်ယံ ပြောကြတာထက် သစ္စာအ
ဓိဋ္ဌာန်ပြုပြီးမှ ပြောရင်ပို ပြီး လေးနက် တန်ဖိုးရှိပါတယ် ။ သစ္စာ
စောင့်သိကြတယ် ၊ သစ္စာကို တန်ဖိုးထားတယ်ဆိုတာက စိတ်ဓာကြံ့ခိုင်သူ စိတ်ထားမှန်သူတွေကပဲ လုပ်နိုင်တဲ့အလုပ်တစ်ခုပါ ။ စိတ်ထားမမှန် မုသားပြောဆိုဖို့ ဝန်မလေးတဲ့သူတွေ အတွက်တော့ သစ္စာ အဓိဌာန်ဟာ ဘယ်လိုမှမသက်ဆိုင်ပါဘူး ။
FB_IMG_1516560146610.jpg
         စိတ်ထားမှန်ကန်တည်ကြည်တဲ့သူတွေဟာ မှန်ကန်ဖြောင့်
မတ်တဲ့ စကားကို ပြောနိုင် ၊ ပြောရဲကြသလို သစ္စာစကားကိုလည်း
ပြောဖို့ဝန်လေးသူတွေ မဟုတ်ပါဘူး ။ သစ္စာဆိုတာ ပြောတော့ လွယ်
လွယ်လေးပါပဲ ။ သေသေချာချာတွေးကြည့်မယ်ဆိုရင်တော့ တော်
တော်ကိုလေးနက်တဲ့ စကားပါ ။ ယခုခေတ်မှာတော့ သစ္စာတရားကို
စောင့်သိပြီး လိုက်နာ ကျင့်သုံးတဲ့သူတွေက တော်တော်ကို ရှားပါး
ကောင်းတစ်ယောက်ဖြစ်မှ အလုပ်ရှင်ကောင်းတစ်ယောက် ဖြစ်လာ
မှာပါ ။
FB_IMG_1516560038884.jpg
    လူ့လောကမှာ ဆင်းရဲတာကို အထင်သေးခံရတာကတော် ပါသေးတယ် ။ ဆင်းလဲဆင်းရဲတယ် သစ္စာမရှိ ၊ ကတိလည်းမ
တည်ရင်တော့ လူတစ်ယောက်ဖြစ်လာပြီး တော်တော်ကိုရှက်ဖို့
ကောင်းလှပါတယ် ။ ဆင်းရဲတဲ့သူဆိုရင်လည်း အဲ့ဒီလို အလုပ်သမား
မျိုးကို ဘယ်အလုပ်ရှင်ကမှ အလုပ်ပေးမှာ မဟုတ်ပါဘူး ။များသော
အားဖြင့် အောင်မြင် ချမ်းသာနေကြတဲ့သူတွေ ဟာ ကတိသစ္စာရှိ
ကြပါတယ် ။ ဘယ်လိုအခြေအနေမျိုးမှာပဲရောက်ရောက် မိမိပေး
ထားတဲ့ ကတိကို တည်ကြတယ် (တစ်ချို့ သောသူများကိုမဆိုလို
ပါ ) ။ အဲ့ဒါကြောင့် ကျွန်တော်တို့ လူဘဝခဏတာ ရှင်သန်နေထိုင်
ခွင့်ရစဉ်မှာ သစ္စာရနံ့သင်းပျံ့နေတဲ့ လူ့ဘဝကိုဖန်တီးယူကြမှာပါ ။
ဆင်းရဲရဲချမ်းသာသာ ဘယ်သူမဆို ကတိသစ္စာရှိပြီး မှန်ကန်တည်
ကြည်တဲ့စကားကို ပြောဆိုကြမယ်ဆိုရင် လူ့လောကကြီးဟာ အေး
ချမ်းသာယာ နေမှာပါ ။
FB_IMG_1516564735827.jpg
Photo credit - facebook.
@henryba
MSC- 056
22 / 1/2018
Sort:  
ကတိသစ္စာ တည်သောခါဝယ်
နွယ် မြက် သစ်ပင် ဆေးဖက်ဝင်၏ တဲ့
ဟုတ်တယ်ကိုမိုးရေ။
ဘယ်​သူ့ကိုမှမလိမ်​ပဲကတိ​ပေးထားတဲ့အတိုင်းတည်​ရင်​အ​ကောင်းဆုံးပါဗျာ
လောကြီးအေးချမ်းနေမှာBro။😊
သွားပါပြီဗျာ နည်းနည်း​လေးမုသားသုံးမိထားတယ်​ဗျ
လူ့ လောကြီးမှာ ရှင်သန်နေသရွေ့ တော့ အနည်းနဲ့အများ မုသားကသူံးနေရအုံးမှာ ပါပဲလေ......😁😁
လူမှာကတိ မင်းမှာသစ္စာပါတဲ့ဗျာ
ဟုတ်ပါတယ် အစ်ကိုရေ ။
စကားစကား ပြောပါများ စကားထဲက ဇာတိပြ၏
စကားနောက်တရားပါ
ဟုတ်ကဲ့အကို ကျေးဇူး။
ကတိသစ္စာက အရေးကြီးတဲ့အရာပါ
အဲ့ဒီလို သာဆိုရင် လောကြီး အေးချမ်းနေမှာဗျာ။
အတွေးသစ် အမြင်သစ်တွေရရှိပါတယ်
အစ်ကို
လူကြီးတွေ ပြောတာကြားဖူးနားဝ နဲ့  ရောက်တတ်ရာရာတွေးပြီး ရေးထားရတာပါ Broရေ ။ကျေးဇူးအစ်ကို။
အရမ်းကောင်းပါတယ် အားပေးနေပါမယ်ခင်ဗျာ
ဟုတ်ကဲ့ ကျေးဇူးပါအစ်ကိုရေ ။
မင်းမှာသစ္စာလူမှာကတိတဲ့ဗျ အကိုရေ
ဟုတ်ပါတယ် အစ်ကို ။
မုသားကိုချိုသာစွာတောင်မှ မသုံးသင့်မပြောသင့်ပါဘူး။
ဟုတ်ပါတယ် အစ်ကိုရေ။ ဒါပေမယ့်လည်း လူ့ လောကမှာ ရှင်သန်နေထိုင်ရင်တော့ အနည့်းအများ သုံးနေရတာပဲBroရေ။😁😁
လိမ်တာကို မထိန်းနိုင်ရင်တောင် ကိုယ်ပြောတဲ့အတိုင်း လုပ်တဲ့အကျင့်ကတော့ ရှိသင့်ပါတယ်
ဟုတ်ပါတယ် အစ်ကို။
မုသားဆိုလျှင် ဟာသပင်မဆိုပီး
ဘုရားဟောတယ်လို့ကြားဖူးတယ်
ဟုတ်ပါတယ်အစ်ကို မုသားဆိုတာ သူများအတွက်လည်းမကောင်း ကို ယ့်အတွက်လည်း မကောင်းတဲ့အရာပါ ။
မုသားမပါလကာင်္မ​ချော တစ်​ခါတစ်​ခါ​ပြောမိသား
ဟုတေbroရေ 😁😁
"သစ္စာမရှိသူတွေကို ကိုယ်တိုင်က သစ္စာရဲ့အနက်အဓိပ္ပာယ် တန်ဖိုးကိုနားလည်တဲ့သူပီသစွာနဲ့ အကြိမ်ကြိမ် ဆက်ဆံကြည့်ပါ အဲ့ဒီအခါ ကိုယ့်ရဲ့ မှန်ကန်တဲ့ စိတ်ထားနဲ့ သစ္စာတရားက အဲ့ဒီလူကို ရှက်ရွံစေပြီး ပြုပြင်လာစေမှာပါ "
အဲ့စကားလေး အရမ်းသဘောကျတယ်ဗျာ
လောကကြီးမှာ အသက်ရှင်သန်နေသမျှတော့ မုသားနဲ့ လုံးဝကင်းနိုင်ဖို့ရန်မလွယ်
ကင်းနိုင်မျှ ကင်းအောင် ကြိုးစားနိုင်ကြပါစေ
လူ့ ဘဝမှာ အသက်ရှင် နေထိုင် နေသရွေ့ တော့ အနည်းနဲ့ အများ သုံးေ နကြ တာပဲ Bro ရေ ။အတတ်နိုင်ဆုံး မုသားမပါအောင် သုံးရ
မှာက လူတိုင်း ကိုယ်စီရဲ့ တာဝန်ပါ ။
လူတိုင်းသာ သစ္စာရနံ့တွေနဲ့ထုံမွမ်းနေရင် ဘယ်လောက်ကောင်းမလဲဗျာ
လောကြီး အေးချမ်းနေမှာ ပါအစ်ကိုရေ။
ကတိတည်​ဖို့ရယ်​ ကိုယ်​ကျင့်​တရား ​ကောင်းဖို့လိုပါတယ်​ဗျာ
အမှန်ပါပဲ အစ်ကိုရေ ။
လူဆိုတာအ​ပြောနဲ့အလုပ်​ညီရမှာ​ပေါ့👏
ဟုတ်ပါတယ် အစ်ကို။
တကယ်ကောင်းပါတယ် ကော်မန့်မန့်တာလည်းမုသားကင်းပါတယ်
ဟုတ်ကဲ့ ကျေးဇူးပါအစ်ကိုရေ။😊