ဗိဿနိုးမြို့ဟောင်း ( ၂ )

in #myanmar6 years ago (edited)

ဗိဿနိုးမြို့ဟောင်း ( ၂ )

IMG_20180118_001142.jpgဗိဿနိုးမြို့ဟောင်း အတွင်းတွင် ထူးခြားသော
ဖြစ်စဉ်များလည်း ရှိသေးသည်။
ဗိဿနိုး မြို့ဟောင်း အတွင်းရှိ ပေပင်များသည် နှစ်ပေါင်း အလွန်ကြာမြင့်သော်လည်း အပင်၏ အရပ်မှာ လူ့တစ်ရပ် သာသာခန့်သာရှိသည်..။
သမိုင်းကြောင်းအရ လိုက်ကြည့်မည်ဆိုလျှင်
ဒွိတပေါင်မင်းကြီးက ဗိဿနိုးမြို့ကို အောင်မြင်စွာ သိမ်းပိုက်ပြီး ပန်ထွာဘုရင်မအား လှည်း
တော်ဖြင့် ခေါ်ဆောင်သွားသောအခါ ဘုရင်မက ခေါ်ဆောင်သွားရာ လမ်းတလျောက် ပေသီးများကို လှည်းတော်၏ ဟိုတဖက် ဒီဖက်ကို ပတ်ကြဲကာ ”ငါ လာမှသီး...ငါလာမှကြီး”ဟု
ပြောဆို ဆုတောင်း ခဲ့တယ်လို့ကြားခဲ့ဖူးပါသည်...။ပန်ထွာဘုရင်မရဲ့ ဆုတောင်းအ
မှန်တကယ် ပြည့်ခဲ့လို့ ပေပင်များမကြီးထွားဘဲ ဒီအတိုင်းရှိနေခဲ့သည်ဟု ဆိုရိုးစကားရှိပါ
သည်..။ပေပင်တွေသာ ကြီးထွားလာရင် ပန်ထွာဘုရင်မလူ့လောကထဲပြန်လည် ရောက်ရှိလာပြီဟု ဆိုရမည်ထင်ပါသည်.......။

IMG_20180118_000850.jpgအလားတူနောက်ထပ်ဖြစ်ရပ်ဆန်းတခုလည်း ရှိ
နေပါသေးသည်။ ဗိဿနိုးမြို့တော်ကြီးကို တူး
ဖော်ခဲ့စဉ်က ဗိဿနိုးဘုရင်မရဲ့ ဝိညဉ်တော်ကို တွေရှိခဲ့ရသည်ဟု ကြားခဲ့ဖူးပါသည်။ဗိဿနိုးဘုရင်မရဲ့ ဝိညဉ်တော်ဟာ အရပ် ခုနှစ်ပေခန့်ရှိသည်ဆိုပါသည်...။ထိုဝိညဉ်နှင့်ဆက်ဆက်ပြီး တူးဖော်ခဲ့ရာမှ အရပ်ခုနှစ်ပေခန့်ရှိသော အရိုးစုကို တူးဖော်ရရှိခဲ့သည်ဟု ကြားဖူးပါသည်..။
ထိုအရိုးစုကို စစ်ဆေးဖော်ထုတ်ရာ နှစ်
၂၀၀၀ခန့် ရှိသည်ဟုလည်းဆိုပါသည်..။ထိုကြောင့် ဗိဿနိုးဘုရင်မ ၏ အရိုးစုဟု
ယူဆကြပါသည်..။

IMG_20180118_000454.jpgဗိဿနိုးမြို့တော်ကြီးသည် ဟိုးအရင်တချိန်က
ရန်ပယ် ချောင်းကိုအမှီပြု၍နေထိုင်ကြရပါ
သည်။ရန်ပယ်ချောင်း ဟုခေါ်ဝေါ်ခဲ့သည်မှာ ဗိဿနိုးပျူခေတ်ကတည်းက ခေါ်ဝေါ်ခဲ့ပုံပေါ်ပါသည်။ဗိဿနိုးမြို့ဟောင်းကြီး၏ တောင်ဘက် ၆ဖာလုံခန့်လောက်တွင် ရေကျသောချောင်းကြီးတစ်ချောင်းရှိသည်..။အခုအချိန်မှာတော့
့ချောင်း၏ဘေးပတ်ဝန်းကျင်ရွာများသည် သူတို့၏လယ်ယာများစိုက်ပျိုးရန် ထိုချောင်းကြီးကိုအမှီပြုကြရသည်...။မိုးတွင်းအချိန်တွင် ထို
ချောင်းကြီးမှကျ လာသော ရေကို ဆည်လုပ်
ဘောင်တုတ်ပြီး စိုက်ခင်းများသို့ ရေလွှတ်စိုက်ပျိုးကြသည်....။ဟိုးအရင် ဗိဿနိုးပျူခေတ်ကို မှန်းဆကြည့်လျှင် ထိုခေတ်ပျူလူမျိုးများ
သည်လည်း ထိုချောင်းကြီးကိုပင် အမှီပြုကာ
စိုက်ပျိုးလုပ်ကိုင်၍နေထိုင်ကြပုံ ပေါ်ပါ
သည်...။

IMG_20180118_000657.jpgထိုချောင်းကြီးကို ရန်ပယ်ချောင်းဟု အမည်
ပေးထားခြင်းအကြောင်းကို ကျွန်တော်သိသမျှ
ပြောပြချင်ပါသေးသည်...။ရန်ပယ်ချောင်းကြီး
သည် ဗိဿနိုးမြို့သူ မြို့သားများ၏ အားကိုးအားထားရာ ချောင်းကြီး ဖြစ်ခဲ့ပုံပေါ်ပါသည်...။သရေခေတ္တရာ (အခုခေတ်အ
ခေါ်-ပြည်မြို့) မှ စစ်သည်တော်များသည်ဗိဿနိုးမြို့တော်ကြီးအား လာတိုက်တဲ့အခါ ရန်ပယ်ချောင်းကိုဖြတ်ပြီးလာကြရသည်ဟုဆိုပါ
သည်..။ထိုသို့လာကျူးကျော်လာသူများ ရန်
ပယ်ချောင်းသို့ဖြတ်လာပြီဆိုသည်နှင့် ဗိဿနိုးဘုရင်မ ကစည်တော်ကြီး (ဗုံ အကြီးစား) ကိုတီးလိုက်လျှင် ချောင်းမှ ရေများ တဝေါဝေါစီးဆင်းလာပြီး ကျူးကျော်လာသူများ ရေနောက်
မျောပါသေဆုံးသွားကြသည်ဟုဆိုပါသည်..။
ရန်ပယ်ချောင်းကြီးသည် ဗိဿနိုးမြို့တော်ကြီး အတွက်အင်မတန် အားကိုးရသောစစ်သည်
တော်တစ်ယောက်ဟုဆိုရပေမည်..။ထို့သို့ ရန်သူများဝင်ရောက်ကျူးကျော်လာတိုင်း ရေများစီးဆင်းလာကာ ဖယ်ရှားသုတ်သင်ပေးသော
ကြောင့် ”ရန်ပယ်ချောင်း”ဟု အမည်တွင်ခဲ့ခြင်း
ဖြစ်သည် ဟုဆိုပါသည်...။

IMG_20180118_000217.jpg

(ပုဏ္ဏဝတီမဂ္ဂဇင်း ၊တောင်တွင်းကြီး သမိုင်း
စာအုပ်များမှ ကိုးကားထားပါသည်)
အပိုင်း (၃) ဆက်ရန်
written by,@htetlinaungg
Photo credit, google
MSC,078

Sort:  

အားပေးသွားပါတယ်ညီ

ကျေးဇူးပါ bro

ဗဟုသုတ ရပါတယ်​ဗျ
အပိုင်း၃​မျှော်​ ​နေတယ်​ bro

ဟုတ် ကျေးဇူးပါ bro

မသိ​သေးတာ​တွေ သိရတာ ​ကျေးဇူးပါဗျ
နောက်​အပိုင်း ​စောင့်​​နေပါ့မယ်​ဗျ

ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ bro
ကြိုးစားပါအုံးမယ်

နောက်တပိုင်းမျှော်နေတယ် မောင်လေး
ဗဟုသုတတိုးစေတဲ့အတွက် ကျေးဇူးပါ

ဟုတ်ကဲ့ပါ အမ
ျွန်တော့်ရဲ့ post လေးကိုဖတ်ပေးတဲ့အတွက် ကျေးဇူးပါအမ

စိတ်ဝင်စားဖွယ် သမိုင်းကြောင်းတွေအတွက် ကျေးဇူးတင်ပါတယ်ဗျ

ဟုတ် bro
ဆက်တင်ပေးပါမယ် bro

မျှော်ရပြန်ပြီပေါ့ စိတ်ဝင်စားတယ် ပန်ထွာဘုရင်မအကြောင်းနဲ့ ဗိသနိုးမြို့ဟောင်းအကြောင်းကို

တင်ပါ့ဘုရား
ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ ဦးစဉ်း

မှီငြမ်း၊ကိုးကားများ ထည့်ပေးပါ။
နောက်ဆုံးမှာ @စာရေးသူအမည် ထည့်ပေးပါ..

ဟုတ်အကို ထည့်ပီးပါပီ bro

စိတ်ဝင်စားဖွယ်ရာတွေပါညီ…

ဟုတ်ကျေးဇူးပါ bro

ရန်
ပယ်ချောင်းသို့ဖြတ်လာပြီဆိုသည်နှင့် ဗိဿနိုးဘုရင်မ ကစည်တော်ကြီး (ဗုံ အကြီးစား) ကိုတီးလိုက်လျှင် ချောင်းမှ ရေများ တဝေါဝေါစီးဆင်းလာပြီး ကျူးကျော်လာသူများ ရေနောက်
မျောပါသေဆုံးသွားကြသည်ဟုဆိုပါသည်..
ငယ်​စဉ်​ကစွဲလမ်းခဲ့သည့်​အ​ကြောင်းများပ

ဟုတ်ကဲ့ပါခင်ဗျာ

သမိုင်းကြောင်းသိရလို့ ဗဟုသုတရပါတယ် ကျေးဇူပါ

ဖတ်ပေးတဲ့အတွက်ကျေးဇူးပါ bro

ဗဟုသုတရတယ် အကိုရေ

ရောက်​ဖူးချင်​ပါဘိ

thank for sharing

Thank you @htetlinaungg for making a transfer to me for an upvote of 0.61% on this post! Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem! The other half helps holders of Steem power earn about 60% APR on a delegation to me! For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily? To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

Thank for your vote.

ကောင်းတယ်ဗျာသမိုင်းကြောင်းကို စိတ်ဝင်စားတယ်။

ဟုတ် အကို ကျေးဇူးပါခင်ဗျာ