၁၅၀၀ plus ၅၂၈

in #myanmar6 years ago

download (5).jpeg
Image source
အချစ်​က၁၅၀၀​ ​မေတ္တာက ၅၂၈တဲ့
ကျွန်​​တော်​ သူများ​ပြောလို့လိုက်​​ပြော​နေတာ အဲ့ဒီအရာ​တွေကို ဘာ​ကြောင့်​​ပြောတာလဲ နားမလည်​ခဲ့ဘူး။ မိဘနဲ့သားသမီးကြားက အချစ်​ဆို ၅၂၈ ချစ်​သူချင်းချစ်​တဲ့အချစ်​ဆို ၁၅၀၀တဲ့။
ကျွန်​​တော်​လည်း သူများ​ယောင်​လို့ လိုက်​​ယောင်​ရင်း ၁၅၀၀ အချစ်​ကိုလည်း မြည်းခဲ့တယ်​။ ၅၂၈​မေတ္တာကိုလည်း ခံစားခဲ့တယ်​။ ကိုယ့်​ဘာသာ အမြင်​နဲ့​ပေါ့​လေ။
အခုမှ သိရတာက ၁၅၀၀ အချစ်​ဆိုတာ ကိ​လေသာမီး ​ထောင့်​ငါးရာကို အလွယ်​​ပြောတာတဲ့..
၅၂၈ဆိုတာက​တော့ သတ္တဝါများ ကျန်းမာကြပါေး ချမ်းသာကြပါ​စေဆိုတဲ့ ဘာ​မျှော်​လင့်​ချက်​မှမပါတဲ့ ​မေတ္တာတဲ့​ဗျာ။ တကယ်​ဆို မိဘ​တွေရဲ့အချစ်​​တောင်​ ၅၂၈ထဲမှာ မပါပါဘူးတဲ့။
ဟုတ်​​ပေ့ပဲ။
ကျွန်​​တော်​သိခဲ့ဖူးသမျှနဲ့ တက်​တက်​စင်​​အောင်​ လွှဲ​နေခဲ့တာကိုး။
ကျွန်​​တော်​​တွေး​နေမိတယ်​။
ဪ..ပူ​လောင်​ရခြင်းနဲ့တွယ်​ညှိတဲ့ ကိ​လေသာချစ်​က အချစ်​တဲ့..ဟုတ်​များ​နေမလားလို့ ​တွေးလိုက်​မိ​တော့ ကျွန်​​တော်​တို့ ငယ်​ငယ်​တုန်းက အတူကစားခဲ့ကြတဲ့ သူငယ်​ချင်းမတချို့ကို ပြန်​မြင်​​ယောင်​လိုက်​မိတယ်​။
အထက်​တန်းမှာတုန်းက ရုပ်​​ချောပြီး စာ​တော်​သလို သ​ဘောလည်း​ကောင်းတဲ့ ​မေဇင့်​ကို သတိရတယ်​။
အခုဆို ​မေဇင်​က အိမ်​​ထောင်​ကျ​နေခဲ့ပြီတဲ့။ သူ​ယောကျာ်းယူသွားပြီဆိုတဲ့ ​နေ့က ကျွန်​​တော့်​စိတ်​​တွေ သံရည်​ပူ​လောင်းမိသလို ရှပ်​ပြီးရှပ်​ပြာ ဖြစ်​ခဲ့ရ​သေးတာလည်း ဝန်​ခံရပါတယ်​။မေဇင်​က ချစ်​စရာ ​ကောင်းလွန်းတယ်​​လေ..။
ပြီး​တော့ ကျွန်​​တော့်​အစ်​ကိုရဲ့ သမီး​လေး ပုတ်​ပုတ်​​လေးကိုလည်း သွားသတိရမိတယ်​။ပုတ်​ပုတ်​​လေးက ဖြူဖြူ​ဖွေး​ဖွေး ဝဝတုတ်​တုတ်​​လေးနဲ့ ချစ်​စရာ သိပ်​​ကောင်းတာကိုး။သူတို့ ​ပြောင်းသွားကြ​တော့ ကျွန်​​တော်​ ရင်​ကွဲနာကျခဲ့ရ​သေးတယ်​​လေ။
images (1).jpeg
Image source
အချစ်​ဆိုတာ အခွဲအခွာကို ခံနိုင်​ရည်​ရှိဖို့ လိုအပ်​ပါလားလို့ ကျွန်​​တော်​ ​တွေး​နေမိတယ်​။အချစ်​ကချစ်​​နေတုန်းမှာ​တော့ ​ပျော်​စရာ​ကောင်းတယ်​။ ချစ်​ပြီးသွားရင်​​တော့ မုန်းရင်​မုန်းကြမယ်​။ ဒါမှမဟုတ်​ ခွဲရင်​လည်း ခွဲကြရမယ်​။အချစ်​ရဲ့အဆုံး​တွေက အနားသတ်​မလှတာ​တွေလည်း ရှိတာ​လေ​နော်​။
ဒါဆို ၁၅၀၀အချစ်​ထဲပါတဲ့ ကျွန်​​တော်​တို့မိဘ​တွေက ဘာလို့ တစ်​သက်​လုံးမပြတ်​ကြတာလဲ ဆို​တော့ သူတို့အချစ်​က အချစ်​​ရော ​မေတ္တာပါ ​ရော​နေတာတဲ့​လေ..ပြီး​တော့ သူတို့အချစ်​က ဗြဟ္မစိုရ်​တရား​တွေနဲ့ချစ်​တာတဲ့။မေတ္တာထားပြီးလည်းချစ်​တယ်​။ဂရုဏာထားပြီးလည်း ချစ်​တယ်​။မုဒိသာပွားပြီးလည်း ချစ်​တယ်​။ ဥပက္ခာထားပြီးလည်း ချစ်​တယ်​တဲ့။
ကျွန်​​တော်​တို့​တွေက လူတိုင်းအ​ပေါ် အဲ့ဒီတရား​တွေကို မထားနိုင်​လို့ ပူ​လောင်​​နေကြရတာ ၁၅၀၀ စစ်​စစ်​ကြီးနဲ့ချစ်​​နေကြတာတဲ့​ဗျာ..
ကျွန်​​တော်​တို့သိတဲ့ ၅၂၈ကျ​တော့ အဲ့ဒီဗြဟ္မစိုရ်​တရားရနံ့​တွေနဲ့ ​မေတ္တာမှ ​မေတ္တာစစ်​စစ်​ သန့်​သန့်​​လေးပါပဲတဲ့။
သတ္တဝါအ​ပေါင်းကျန်းမာကြပါ​စေ ချမ်းသာကြပါ​စေဆိုတဲ့ ​မေတ္တာပို့လို၊ ကိုယ်​နဲ့မသိတဲ့ လူတစ်​​ယောက်​ ထိခိုက်​နာကျင်​တဲ့အခါ ​ဪသနားစရာ​ကောင်းလိုက်​တာ ဆိုတဲ့ စိတ်​ကလွှဲရင်​ သူ့အတွက်​ ကျွန်​​တော်​ကို နာကျင်​မ​ပေးကြဘူး ကိုယ့်​လမ်းကိုယ်​​လျှောက်​သွားလိုက်​တာပဲ လိုက်​ခံစာပေးမ​နေ​တော့ဘူး..အဲ့ဒါ ​ဥပက္ခာတစ်​ခု ၅၂၈​မေတ္တာထဲက တစ်​ခုမို့ ကိုယ်​ကလိုက်​ခံစား​ပေးမ​နေ​တော့ လိုက်​ပြီး နာကျင်​မ​နေရ​တော့ဘူး​တဲ့​ဗျာ..
in-a-good-relationship.jpg
Image source
ဘာပဲ​ပြော​ပြော ကျွန်​​တော်​က​တော့ ၁၅၀၀ သမားပဲ ဖြစ်​​နေ​သေးတာ ​သေချာတယ်​​ဗျာ။ ပုထုစဉ်​လည်း ဟုတ်​တယ်​။အချစ်​ကလည်း ကြီးသူကိုး..
ကျွန်​​တော်​ မသိ​သေးတဲ့အရာ​တွေ ကျွန်​​တော်​ ခွဲခြားမတတ်​​သေးတဲ့အရာ​တွေထဲမှာ အချစ်​​တွေ​မေတ္တာ​တွေ ပါ​နေခဲ့တာ ကျွန်​​တော်​ကိုယ်​တိုင်​​တောင်​မသိခဲ့တာ ဝန်​ခံပါတယ်​​လေ..
ကျွန်​​တော်​က​တော့ ၁၅၀၀ အချစ်​သမားကြီး သက်​သက်​ အဖြစ်​နဲ့ အခုထိ ပူ​လောင်​​နေရတုန်း...

Writter @htetnainglin
Msc 188

Sort:  

ပူလောင်အချစ်ရဲ့အရသာကလည်းတမျိုးပေါ့ကွယ်

ဟုတ်ပါတယ်ဗျာ

အချစ်က ပူလောင်ပါတယ်ဗျာ

ဟုတ်တယ်ဗျာ

အားလုံးထဲမှာမိဘမေတ္တာက အအေးချမ်းဆုံးဘဲ

ဟုတ်တယ်ခဗျ

အယ်လဲ့ အချစ်ကြောင်းရေးတာ မမထက် သာပီဟေ့😊

ဟီး..မကြည် ကလဲ သာပါပုဗျာ

အလို အချစ်သမားစစ်ဆြာကြီး

အချစ်ဆိုတာ ပုလောင်တတ်တဲ့သဘော ရှိသည်

ဟုတ်တယ်နော်

ငယ်‌တုန်းချစ်‌ခွင့်‌ရတုန်း တစ်‌ဝကြီးချစ်‌ပစ်‌လိုက်‌စမ်းပါညီရာ။

ဟုတ်😁

528 လေးဘဲ ကောင်းပါတယ်

ဟုတ် အမ လူတိုင်း မလွန်ဆန်နိုကြဘူးလေ😁😁

မသိဘူး ၁၅၀၀ နဲ့ ချစ်မယ် 😆😆

ပူ​လောင်​တာကမ​ကောင်းပါဘူး​လေ...​အေးမြတာဘဲ​ကောင်းပါတယ်​...