အကယ်၍သာ...(ဇာတ်သိမ်းပိုင်း)

in #myanmar6 years ago (edited)

အပိုင်း ၁ ဖတ်ရန်

အပိုင်း ၂ ဖတ်ရန်

အပိုင်း ၃ ဖတ်ရန်

အပိုင်း ၄ ဖတ်ရန်

ကိုဇေယျမှ "ကျနော်က မွေးကတည်းက ခြေတစ်ဖက်မသန်တဲ့သူအဖြစ်မွေးဖွား
လာတာပါ။ငယ်ငယ်ကတည်းကသူငယ်ချင်း
အပေါင်းအသင်းတွေရဲ့ စတာနောက်တာ နှိမ်တာလည်းခံခဲ့ရတာပေါ့ဗျာ။အဲလိုနဲ့
ဘွဲ့ရပီး ပထမဆုံးအကြိမ်အလုပ်
သွားလျှောက်တော့လည်း ခြေထောက်
မသန်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့
အပယ်ခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာ ကျနော်လည်း စိတ်ဓာတ်တွေအရမ်းကျခဲ့ရတာပေါ့ဗျာ။
အဲ့လိုဖြစ်နေတဲ့အချိန်မှာပဲ စိတ်ဓာတ်မြှင့်တင်ရေးဟောပြောသူ
Nick Vujicicရဲ့သီချင်းလေးတစ်ပုဒ်ကို
နားထောင်ရင်းနဲ့ စိတ်ခွန်အားတွေ ပြန်လည်ရရှိခဲ့တယ်။တဆက်ထဲမှာပဲ ကျနော်ဝါသနာပါတဲ့အရာကို အောင်မြင်တဲ့အထိ တစိုက်မတ်မတ်လုပ်ဖို့ စဉ်းစားမိခဲ့တယ်။

Screenshot_2018-03-14-09-45-03_1521303791969.jpg
Photo credit - Facebook

အဲဒါက ဘာလဲဆိုတော့ ခဲပန်းချီဆွဲတာပါပဲ။
ကျနော်ဆွဲထားတဲ့ ခဲပန်းချီပုံလေးတွေကို
social media တွေမှာတင်တော့ အကောင့်ထဲကသူငယ်ချင်းတွေက တော်တော်လေးအားပေးကြတယ်ဗျ။
တချို့ကလည်းဝယ်ဖို့ကမ်းလှမ်းတာတွေ၊
ပုံတူဆွဲပေးဖို့ကမ်းလှမ်းလာကြတွေကို ကျနော်လက်ခံပီး ကြိုးစားခဲ့တယ်။
အဲဒီလိုနဲ့ ဒီလောကထဲမှာကျနော် တဖြည်းဖြည်း
နာမည်ရလာပါတယ်။တဖက်မှာလည်း ကျနော့်လိုပဲ ကိုယ်ခန္တာ မသန်စွမ်းပေမဲ့
အရည်အချင်းရှိသူတွေအနေနဲ့လည်း ကျနော့်ကို
ဆက်သွယ်လာကြပါတယ်။သူတို့နဲ့ချိတ်ဆက်ပြီး
အဖွဲ့လေးတခု ဖွဲ့စည်းခဲ့ပါတယ်။"

"အဲ့ဒီအဖွဲ့လေးကနေ တစ်ဆင့် နိုင်ငံအနှံ့မှာရှိတဲ့
မသန်စွမ်းသူတွေနဲ့ ချိတ်ဆက်ပြီး အကူအညီ
တွေ ပေးနိုင်ခဲ့ပါတယ်။အဲလိုနဲ့ အဖွဲ့ဝင်များရဲ့
ကျွမ်းကျင်ရာ နယ်ပယ်အလိုက် သင်တန်း
ကျောင်းတွေကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။
နှစ်အနည်းငယ်အတွင်းမှာပဲ တစ်နိုင်ငံလုံး
အတိုင်းအတာနဲ့ သင်တန်းကျောင်းများစွာ
ဖွင့်လှစ်နိုင်ခဲ့ပြီး မသန်စွမ်းသူများစွာကို
အလုပ်အကိုင် အခွင့်အလမ်းတွေအပြင်
စိတ်ဓာတ်မြှင့်တင်ပေးမှုတွေလည်း ပြုလုပ်
ပေးနိုင်ခဲ့ပါတယ်။အဲဒီလိုနဲ့ သင်တန်းကျောင်း
နဲ့ပတ်သတ်တဲ့ trainingတွေ၊စိတ်ဓာတ်မြှင့်တင်
ရေး ဟောပြောပွဲတွေကိုလည်း ဒေသတွင်း
အိမ်နီးချင်းနိုင်ငံတွေအထိ တိုးချဲ့ဆောင်ရွက်နိုင်
ခဲ့တာပေါ့ဗျာ။အားသွန်ခွန်စိုက် ကြိုးစားရင်း
ဒီနေ့လို အခြေအနေကိုရောက်လာတာပါပဲဗျာ။"

23-06-44-images.jpg
Photo credit - Google image

"ဒီနေရာကိုရောက်ဖို့ ကြိုးစားနေတဲ့အချိန်
အတောအတွင်းမှာ မသန်စွမ်းသူမို့ လူရာမသွင်းပဲ အထင်သေးခံရတာတွေ၊
အနှိမ်ခံရ၊အပယ်ခံရတာတွေ၊ဝေဖန်ကဲ့ရဲ့
ခံရတာတွေရော၊ စိတ်ညစ်စရာ၊
စိတ်ဓာတ်ကျစရာတွေ၊လက်လျှော့ အရှုံးပေးပြီး
လျှောက်နေတဲ့ လမ်းကြောင်းကနေ လှည့်ပြန်
ချင်လောက်အောင် မျှော်လင့်ချက်မဲ့ခဲ့ရတဲ့
နေ့ရက်တွေကလည်း အများကြီး တွေ့ကြုံခဲ့ရ
တာပေါ့ဗျာ။ဒါပေမဲ့ ဒီနေ့က ပျော်စရာနေ့လေး
ဖြစ်တာကြောင့် ကျနော်ကြုံတွေ့ခဲ့ရတဲ့ ခါးသီးတဲ့ ဖြစ်ရပ်တွေကို အသေးစိတ်မပြောတော့ပါဘူး။
ကျနော့်ရဲ့ ဘ၀ဇာတ်ကြောင်း အကျဉ်းချုပ်
ကတော့ ဒါပါပဲဗျာ...။"

ကိုဇေယျ၏ စကားအဆုံးမှာတော့ ပွဲတက်
ရောက်လာသူ ပရိသတ်များမှ
သောင်းသောင်းဖြဖြ လက်ခုပ်တီး၍အားပေး
ကြလေသည်။

23-06-16-images.jpg
Photo credit - Google image

ထို့နောက်တွင်မူ အခြားသော သတင်းထောက်
များမှလည်း မိမိတို့သိချင်သော မေးခွန်းများကို
အလှည့်ကျမေးမြန်း ကြလေသည်။နောက်ဆုံး
မေးခွန်းအဖြစ် သတင်းထောက်တစ်ဦးမှ
"ကိုဇေယျ ခင်ဗျာ..အကို့အနေနဲ့ ယခုလို အခြေအနေမျိုးမှာတောင် ဒီလောက်အထိ
အောင်မြင်အောင် ကြိုးစားနိုင်ခဲ့တယ်ပေါ့နော်။
အကယ်၍ အကိုသာ ကိုယ်လက်အင်္ဂါ
သန်စွမ်းတဲ့သူတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်
အကို အခုလက်ရှိအခြေအနေမှာ ဘယ်လောက်
အထိ အောင်မြင်နေမယ်လို့ထင်ပါသလဲ....
ကျေးဇူးပြု၍ ဖြေပေးပါခင်ဗျ " ဟုမေးလိုက်သော
မေးခွန်း၏အဆုံးတွင် ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်။အားလုံး၏
အကြည့်များက သူ့ထံသို့ ရောက်နေပြီး
ဘယ်လို ဖြေမလဲဟူသော အဖြေအတွက်
မျှော်လင့် စောင့်ကြည့်နေကြခြင်းဖြစ်သည်။

ကိုဇေယျက ချောင်းတချက် ဟန့်လိုက်ရင်း
" အကယ်၍သာ ကျနော်ဟာ ကိုယ်အင်္ဂါသန်စွမ်း
သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကျနော်ဟာ
အခုအချိန်မှာ ကုမ္ပဏီဝန်ထမ်းတစ်ယောက် ဖြစ်နေမှာပေါ့ဗျာ..."ဟူ၍ ဖြေကြားလိုက်သော
အဖြေ၏အဆုံးမှာတော့ ပရိသတ်များ၏ လက်ခုပ်တီးအားပေးသံ၊ချီးမွမ်းစကားပြောဆိုသံများက ခန်းမတစ်ခုလုံး ပြည့်လျှံသွားလေ
တော့သည်။

ကိုဇေယျကား စင်ပေါ်တွင် မျက်ရည်များဝဲကာ မိန့်မိန့်ကြီးပြုံးလျှက် အားလုံး၏ ချီးမွမ်းသြဘာ
သံများကို ခံယူလျှက် ရှိလေတော့သည်။

@htetwaihin

MSC - 039

Sort:  

မသန်ပေမယ့် စွမ်းကြတယ်ဆိုတာ ဒီလိုမျိုးပေါ့၊ အဓိကတော့ စိတ်ဓာတ် မကျဖို့ ပေါ့

ဟုတ်တယ်အကိုရေ။စိတ်ဓာတ်ခိုင်မာမှုကြောင့်အောင်မြင်မှုရခဲ့တာဆိုလည်းမမှားပါဘူး။

ဟုတ်တယ်ဗျ မသန်မစွမ်းသူတွေက တစ်ခုမဟုတ်တစ်ခုမှာ ထူးချွန်ကြတာကြီးပဲ့ သန်စွမ်းသူတွေပဲ့ များသောအားဖြင့်မထူးချွန်ကြတာ အဓိက ကတော့ စိတ်ဓာတ်ပေါ့ ဆာကီးရယ်

အမှန်ပါပဲဗျာ...စိတ်ဓာတ်ခိုင်မာစွာထားရှိဖို့လိုပါတယ်..

တကယ်​ဘဝနာတဲ့သူ​တွေက တကယ့်​ထိပ်​ကို​ရောက်​သွားကြတတ်​တာပဲဗျ .. သန်​စွမ်းသူ ကျွန်​​တော်​တို့​တွေ ပိုပြီးကြိုးစားဖို့ တွန်းအားတစ်​ခု​ပေးတာ ​ကျေးဇူးပါ အစ်​ကို​ရေ ..

နာစရာတွေကို သူတို့တိုးတက်စေဖို့ ခွန်အားအဖြစ်
ပြောင်းလဲ အသုံးချလိုက်တာပေါ့

You got a 33.52% upvote and resteem from @singing.beauty courtesy of @htetwaihin. Thank you for using the @singing.beauty UPVOTE and RESTEEM bot.

If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @singing.beauty by clicking on one of the ready to delegate links:
50SP | 100SP | 250SP | 500SP | 1000SP | 5000SP | Custom Amount

You will earn 80% of the voting bot's earnings based on your delegated SP's prorated share of the bot's SP pool at the end of EACH voting round! That is up to 38.5% APR! You can also undelegate at anytime.

ပိုင်သက်ကျော်တောင်ပြေးမြင်မိလိုက်တယ်။ှု

ဒီတိုင်းမြင်ယောင်လည်းရပါတယ် ကိုကြီး။
ပြေးမြင်တော့ မောတာပေါ့။ :D :P

ဘဝနာလိုက်တာ

နောက်ဆုံးတော့ အောင်မြင်မှု ရရှိခဲ့ပါတယ်။

ကို​ဇေယျစိတ်​ဓာတ်​က​တော့ ​လေးစားစရာဘဲ

ဟုတ်တယ် ကိုအောင်ကြီးရေ။အတုယူဖို့ကောင်းပါတယ်။

လေးစားမိပါ့ ကိုဇေယျရေ
ခက်တာက ကိုယ်ကသူနဲ့တူတဲ့နာမည်တစ်လုံးမှကိုပါမလာတာ...

တချိန်မှာ အောင်မြင်မှာချင်းတော့ တူပါတယ် အကိုရ။

ကိုယ်လက်မသန်စွမ်းသူတွေအပေါ် ကိုယ်ချင်းစာတရားအပြည့်နဲ့ ဖေးမသင့်ပါကြောင်း

အမှန်ပါပဲ အမရေ။ကိုယ်ချင်းစာတရား ထားရှိသင့်ပါတယ်။

ကြိုးစားမှု ရဲ့ရလာဒ်

ဟုတ်ပါ့ အမရေ။နောက်ဆုံးတော့ အောင်မြင်မှုရရှိခဲ့ပါတယ်။

ခဲပန်းချီနဲ့ မဟုတ်လည်း မည်းပါတယ် slရယ်

အောင်မြင်မှုကိုပဲကြည့်ပါ ဦးအင်း။ကျန်တာက
ပကာသနတေပါ။

[] ()
အပေါ်က ဝှိုက်ကွင်းနှစ်ခုကို နေရာချိန်းလိုက်ရင် linkကို စာပေါ်နှိပ်ရုံနဲ့ရတယ်ကိုထက်ရ
ဝှိုက်ကွင်းနှစ်ခုကြားမှာတော့ spaceမခြားမိစေနဲ့နော်

ပြောင်းလိုက်ပီ ကိုမိုးဇော်ရေ။ပြောပြပေးတာ ကျေးဇူးပါဗျာ။ 😁 😁

Photo credit ပေးတာတွေကို ဂရုစိုက်စေချင်ပါတယ်။
မင်နောင်းအဖွဲ့တွေကဆို google တို့ facebook တို့က
ပုံပိုင်ရှင် မဟုတ်သည့်အတွက် ၄င်းတို့ကို credit ပေးခြင်းမှာ
မှားယွင်းနေပါသည်တဲ့ဗျ။ ဟုတ်လည်း ဟုတ်တာပဲလေ
၎င်း google နှင့် facebook တို့မှာ image ရယူတဲ့နေရာသာ
ဖြစ်ပေတာကိုး။ ပုံပိုင်ရှင် အစစ်ကိုသာ credit ပေးသင့်ပါသည်။
နောင်တွင် ပြသနာတစ်ခု ဖြစ်လာနိုင်၍ သတိပေးခြင်းသာ ဖြစ်ပါသည်။
ကိုတင်ထွန်းနိုင်က ဆရာကျပြီးသားပါ။

ဟုတ်ကဲ့ပါ ကိုဟိန်းရေ..သတိပေးတာ ကျေးဇူးတင်ပါတယ်ဗျ။ပြင်လိုက်ပါမယ်။တခြားလိုအပ်တာ
လေးတွေရှိရင်လည်း ပြောပေးပါအုံးအကိုရေ။
ကျေးဇူးပါခင်ဗျ။

စိတ်ဓာတ်သည် အကောင်းမွန်ဆုံး ခွန်အားဖြစ်ပါ၏
Good အားပေးလျှက် bro

အားပေးတဲ့အတွက် ကျေးဇူးပါကိုညီရေ...

ဖြောင်း ဖြောင်း ဖြောင်း

စင်အောက်တွင်နားထောင်နေသောပရိတ်သတ်တစ်ယောက်အဖြစ် လက်ခုပ်ဝင်တီးသွားသည်။

ဝှီးချဲလေးနဲ့လား မမဟန်နီ.. 😝 😝

ဖတ် ဖတ်....လွဲပါစေ ဖယ်ပါစေ 😁

Great post!
Thanks for tasting the eden!

Thank you.

မလျှော့သောဇွဲပေါ့နော်။ချိုမြိန်ပါတယ်အာစိရေ။

ဟုတ်တယ် ကိုဇာရေ....ချိုမြိန်တဲ့ အောင်မြင်မှုပါပဲ။

@minnowfairy has given your post a 27.52% upvote! Follow @minnowfairy to stay updated on our latest programs and initiatives.

thank you..

You got a 8.19% upvote from @brupvoter courtesy of @htetwaihin!

You got a 33.33% Prime Upvote from @alphaprime courtesy of @htetwaihin!

All Upvoted posts are considered for additional Upvotes and Resteem based on quality content criteria chosen by our moderators in an effort to give something back to the community.

If you have any queries, want to send a feedback or interested in delegating SteemPower to us please join our discord channel.

Thank you..

You got a 28.57% upvote from @redwhale thanks to @htetwaihin!

Earn 85% earning payout by delegating SP to @redwhale
If you are looking to earn a passive no hassle return on your Steem Power, delegate your SP to @redwhale by clicking on one of the ready to delegate links:
25SP | 50SP | 75SP | 100SP | 250SP | 500SP | 1000SP | 2500SP | 5000SP Another Amount


You will earn 85% of the voting bot's earnings based on your delegated SP's prorated share of the bot's SP each day! You can also undelegate at anytime.
Our Discord Channel: https://discord.gg/ttaypWb

Thank you...

You got a 3.77% upvote from @dailyupvotes courtesy of @htetwaihin!

Please upvote this comment to support the service.

This post has received a 10.44% upvote from @lovejuice thanks to @htetwaihin. They love you, so does Aggroed. Please be sure to vote for Witnesses at https://steemit.com/~witnesses.

sneaky-ninja-sword-xs.jpg

Sneaky Ninja Attack! You have just been defended with a 2.70% upvote!
I was summoned by @htetwaihin. I have done their bidding and now I will vanish...


woosh

A portion of the proceeds from your bid was used in support of youarehope and tarc.


Abuse Policy
Rules
How to use Sneaky Ninja
How it works
Victim of grumpycat?

Great post! You've earned a 28.51% upvote from @dolphinbot