လောင်းရိပ်

in #myanmar6 years ago

လောင်းရိပ်
image
လောင်းရိပ် ဆိုတာ သူ့နေရာနဲ့သူ အမျိုးမျိုးရှိကြပါတယ်။ အပင်ငယ်တစ်ပင်ဟာ အဲဒီအရိပ်ထဲက ရုန်းထွက်နိုင်မှ ရှင်သန်ကြီးထွားနိုင်ပါတယ်။ လောင်းရိပ်မိတဲ့အပင်ဟာ ရှင်သန်နေရသော်လည်း မကြီးထွားနိုင်ပါဘူး။ ကျွန်တော်တို့ငယ်စဉ်မှာ မိဘတွေရှိတယ်၊ ဆွေမျိုးသားချင်းညီအကို မောင်နှမ၊ ပတ်ဝန်းကျင်ရှိတယ်၊ အလုပ်အကိုင်တွေရှိတယ် ဒါတွေအားလုံးဟာ ကျွန်တော်တို့ကို အဖက်ဖက်က သူ့နေရာနဲ့သူ ပြုစုပျိုးထောင်ပေးလာခဲ့လို့ ကျွန်တော်တို့မှာ အသိဥာဏ်၊ ဗီဇ၊ အကျင့်ကောင်းလေးတွေ တဖြည်းဖြည်းသိမြင်လာပြီး လူလားမြောက်ခဲ့ကြရတာဆိုရင် မှားမယ်မထင်ပါဘူး။ လူရယ်လို့ဖြစ်လာတာနဲ့ သမိုင်းပေးတာဝန်အရ ထမ်းဆောင်ရမှာသည် အချိန်တန်ရင် အိမ်ထောင်ပြုရမယ် သားသမီးမွေးရမယ် ဒါဟာ သတ္တဗေဒစနစ်အရ ပုံမှန်ပြုလုပ်နေကျအရာတွေပါ။ ကျွန်တ်ာတို့ကို ကျွန်တော်တို့ အုပ်ထိန်းသူတွေက ပြုစုပျိုးထောင်ပေးလို့ ကျွန်တော်လို့ ကြီးပြင်းလာရသလို ကျွန်တော်တို့ကလည်း တစ်ချိန်မှာ မိဘဆိုတဲ့နေရာကနေ မျိုးဆက်သစ်တွေကို ပြုစုပျိုးထောင်ပေးရမယ်ဆိုတဲ့ တာဝန်လည်းရှိသေးတာကို သတိပြုရပါမယ်။ ဘယ်သူပဲဖြစ်ဖြစ်အချိန်တန်ရင် ဒါတွေဟာ ကြုံတွေ့ရမယ့်အရာတွေပါ။ အဲဒီတော့ တစ်ခါတစ်လေမှာ ကိုယ့်ရဲ့အတ္တတစ်ခု၊ စိုးရိမ်စိတ်တစ်ခုကြောင့် ကိုယ့်ရဲ့မျိုးဆက်ကို လောင်းရိပ်ဖြစ်နိုင်စေတာကို သတိပြုရပါမယ်။
image
ကျွန်တော်ရန်ကုန်မှာတုန်းက သူငယ်ချင်းတစ်ယောက်ရှိတယ်ဗျ အားလုံးက သူ့ကို Gay လို့သတ်မှတ်ထားကြတယ်။ သူက နေပုံထိုင်ပုံကလည်း အတော်လေးနွဲ့တယ် ပေါင်းရင်လည်း မိန်းကလေးတွေနဲ့ ပဲပေါင်းတယ်။ ဘာကြောင့်လဲ တဖြည်းဖြည်းရင်းနှီးလာမှ သူ့အကြောင်းကိုပြောပြတယ်။ သူငယ်ငယ်ကကြီးပြင်းခဲ့တဲ့ပတ်ဝန်းကျင်အကြောင်းပေါ့ ။ သူ့မှာ အမတွေရှိတယ် ကလေးသဘာဝ ဆော့ရင်တောင် ထမင်းချက်တိုင်း၊ ဟင်းချက်တိုင်း မိန်းကလေးတွေနဲ့ပဲ ဆော့ခဲ့ရတယ်။ ပြီးတော့ သူ့အိမ်က ကလေးသဘာဝ ဘောလုံးကန်တာ၊ ဂျင်ပေါက်တာ၊ တာယာဂွေလိမ့်တာ အဲဒါတွေမဆော့ခိုင်းဘူး သားသမီးကို တစ်ခုခု ခိုက်မိမှာစိုးလို့တဲ့။ အပြင်သွားမယ်ဆိုရင် သူ့အမေက သူ့ကို မိတ်ကပ်အမြဲတမ်းလိမ်းပေးတဲ့အကျင့်လေးလုပ်ပေးတယ် ။ အဲဒါကိုပဲ သူက အရမ်းသဘောကျခဲ့တယ်။ သူ့ရဲ့ မသိစိတ်မှာ အိမ်ကနေ အပြင်သွားရင် မိတ်ကပ်လိမ်းရမယ်ဆိုတဲ့စိတ်ကြီး စွဲသွားတာ ဘယ်သူမှသတိမထားမိခဲ့ကြဘူး။ အကျင့်ကနေ အစွဲအလန်းဖြစ်လာတော့ သူ့ကိုသူ Gay ဖြစ်လို့ဖြစ်မှန်း မသိဖြစ်ခဲ့ရပြီ။ အရွယ်ရောက်လာတဲ့အချိန်မှာ သူငယ်ချင်းတွေနဲ့ သောက်စားတာတွေ၊ လဘက်ရည်ဆိုင်ထိုင်တာမျိုးတွေ ဖြစ်လာမှာစိုးလို့ သူငယ်ချင်းအိမ်တွေသွားလည်တာ၊ သူငယ်ချင်းကို အိမ်ခေါ်တာ၊ အထူးသဖြင့် ကစားဖော်ယောင်္ကျားလေးတွေနဲ့ ပေါင်းတာကိုတားမြစ်တယ် အဲဒီအစား ဘာလုပ်ခွင့်ရလဲဆိုတော့ ကိုးရီးယားကားတွေ စီးရီးလိုက်ဝယ်ပြီး အိမ်မှာကြည့်စေတယ်။ အခုတော့ K POP ပရိတ်သတ်တစ်ယောက်အဖြစ် ရူးသွပ်စွာနေတယ်။ သူရသမျှပိုက်ဆံအားလုံးဟာ K POP သီချင်း၊ ဇတ်ကား၊ မိတ်ကပ်ဖိုး၊ K POP ရှိုးပွဲလက်မှတ်ဖိုး အတွက်ပဲ အကုန်ကျခံတော့တယ်။ တစ်ခါတစ်ခါ အမျိုးသမီးအ၀တ်အစားတွေဝတ်လို့ မှန်ရှေ့မှာ အလှတွေပြင်ရင်းနေလေ့ရှိတယ်လို့လည်း သိခဲ့ရတယ်။
အဲဒီတော့ ကျွန်တော်တို့အလှည့်ရောက်လို့ မျိုးဆက်တွေကို ပြုစုပျိုးထောင်ပေးတဲ့နေရာမှာ ကျွန်တော်တို့က နေပူမှာစိုးလို့ အပေါ်ကနေ အရိပ်မိုးပေးလိုက်တယ် အဲဒီအရိပ်ကြီးက တစ်သက်လုံးပါသွားတာမျိုး မဖြစ်အောင် သတိပြုရပါမယ်။ တစ်ခါတစ်လေ ကိုယ်က ကောင်းစေချင်တဲ့စိတ်နဲ့ တားမြတ်တဲ့တစ်ချို့အရာတွေဟာ သားသမီးတွေအတွက် တစ်ချိန်မှာ လောင်းရိပ်ဆိုတာ ဖြစ်သွားနိုင်တယ်ဆိုတာကို သတိပြုရပါမယ်။ စည်းကမ်းရှိစေတာ ကောင်းပါတယ် ဒါပေမယ့် သူ့နေရာနဲ့သူ လွတ်လပ်ခွင့်ပေးရပါမယ် မလိုအပ်ပဲ တင်းကြပ်တာတွေလုပ်ရင် လောင်းရိပ်အောက်မှာ ညှိုးငယ်စွာနဲ့ရှင်သန်နေရပါလိမ့်မယ်။
ဒါဟာ ကျွန်တော်ထောက်ပြတဲ့ Message ကနည်းနည်းလေးပါ တစ်ချို့သော လောင်းရိပ်တွေလည်းအများကြီးရှိပါသေးတယ်။ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။
image
Author by
@htinyarsai (11:26 AM)
MSC_203

Sort:  

မိဘဖြစ်လာမဲ့သူတွေ သတိထားစရာပေါ့နော်။

ဟုတ်ကဲ့ တွေးမိတာလေးပါ ဗျာ

မိဘတွေတွေက လောင်းရိပ် မဖြစ်အောင် ပြုပြင်တတ်ဖိုအရေးကြီးတာပေါ့နော် bro

ဟုတ်တာပေါ့ကိုညီရေ ကျေးဇူးပါ

ကျွန်တော်လဲ k pop ပရိတ်သတ်တစ်ယောက်ပါ

Good ဘရို ကျွန်တော့်သူငယ်ချင်းကတော့ ညနေတိုင်း နားကြပ်ကြီးတပ်ပြီးအော်တော့တာပဲ ဘာတွေမှန်းတော့မသိဘူး ဟီး

က​လေးငယ်​စဉ်​ကတည်းက​ကောင်းမွန်​တဲ့ ​လောင်းရိပ်​​တွေဖန်​တီး​ပေးရမှာ​ပေါ့​နော်​ ဗဟုသုတ ရတယ်​bro

အကောင်းဆုံးပေါ့ ဗျာ

ပြုစုပျိုးထောင်မဲ့ သူတွေ မှတ်သားရမှာပေါ့

ဟုတ်ကဲ့ message လေးတစ်ခုရရင်ကျေနပ်ပါပီဗျာ

တစ်ချိန်မှာမိဘဖြစ်လာမည့်သူတွေအနေနဲ့ မိမိတို့ဟာ
သားသမီးတွေတစ်သက်လုံးခိုလုံစရာလောင်းရိပ်တစ်ခုမဟုတ်ကြောင်း ဒီလောင်းရိပ်အောက်က ရုန်းထွက်ပြီး သန်မာစွာရှင်သန်ကြီးထွားနိုင်စေဖို့
စိတ်ဓါတ်ခွန်းအားပေးရမယ်ဆိုတာ ဒီpostလေးကတစ်ဆင့်သိရှိစေနိုင်ပါတယ်ဗျာ

ကျေးဇူးပါဗျာ ဖတ်ရှုပေးတာ

လောင်းရိပ်မိရင်တော့ အပင်မထွားနိုင်တာ အမှန်ပဲ

ဟုတ်ပါတယ် bro ရေ

ငယ်စဉ်အခါမှာ လောင်းရိတ်ကျခဲ့ရင် လူညွန့်တုံးတာ များပ့တယ်ဗျား

တင်ပါ့ ဘုရား

ကျယ်နော်ကK pop fanဘာ😁😁😁

ဒူမကျာဟေ့ ဒုမကျဟေ့ ဒုဒု (ဟီး မှားတွားလို့) ကျေးဇူးပါဗျ

ဟုတ်တယ်ဗျအကို ပတ်ဝန်ကျင်က အဓိကကြပါတယ်လို
ကျွန်တေည်ထင်တယ်တယ်ဗျာ

ဟုတ်ပါတယ်အကို ရေ ကျွန်တော်လဲ အဲဒီလိုမြင်တယ်

ဖတ်လို့ကောင်းပါတယ် အစ်ကို

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

ကောင်းပါတယ် အားပေးနေပါတယ်

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

မှတ်သားစရာပါဘဲ့

ဟုတ်ကဲ့ကျေးဇူးပါ ခင်ဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by htinyarsai from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လမ်းမှားမှာစိုးရိမ်တာကနေ လမ်းလွဲသွားတက်တာပေါ့ဗျာ

ဟုတ်ပါတယ် bro ရေ ကိုယ့်အလှည့်ရောက်ခဲ့ရင်လို့ တွေးမိလိုက်လို့ပါ

က​လေး​တွေ ​ကောင်း​သော​လောင်းရိပ်​​ဖြစ်​​အောင်​လို့ ပြု ပြင်​​ပေးဖို့
အ​ရေးကြီးတယ်​ဗျ

ဟုတ်ပါတယ် Bro မှန်ပါတယ်

ပေးချင်တဲ့massageလေးအရမ်းသဘောကျပါတယ်

ကျေးဇူးပါဗျာ

တစ်ချို့ကျတော့လည်း ဝဋ်ကြွေးလို့ပြောရမလား
ပဲ Bro ရေ ။မွေးချင်းတွေအကုန်ယောက်ျားလေး တွေချည်းပဲ အဖက်ဖက်ကလည်း ပြည့်စုံ
တယ်။ ရာထူးရာခံလည်းရှိတယ် ။

ကောင်းတာပေါ့ဗျာ ဘဝပေးကံပေါ့

Good ဗျား

ကျေးဇူးပါဗျာ