ဖောင်ဒိုင်ကြီးနဲ့ ထမင်းစားခြင်း

in #myanmar3 years ago

image

ရေးစရာမရှိတော့ ကစ်ကို
အကြောင်း ရေးရပါအုံးမည်။
‌ကျွန်တာ့်ဇာတ်လိုက်ကျော် ကစ်ကိုက
ပုံပါအတိုင်း မျက်နှာက စပ်ဖြီးဖြီး။
အမူအရာ အမျိုးမျိုးလုပ်တတ်သူဖြစ်သည်။
မူကြိုမှတဆင့် ကျောင်းပို့ရမည့်အချိန်
နိုင်ငံရေး၊ ရောဂါဘေးများကြောင့်
ကစ်ကိုအရွယ် လေးငါးခြောက်နှစ်
ကလေးငယ်တို့က အိမ်မှာ သောင်တင်
နေကြရရှာသည်။

ကစ်ကိုတို့မြေးအဖွား အကြောင်း
ဆက်လက်ရေးပြပါအုံးမည်။
ကစ်ကိုအဖွားက သူမြေး ကစ်ကို ကို
ထမင်းကျွေးရာတွင်း ပုံပြင်ပြောကျွေးရသည်။

"ကစ်ကိုရေ ထမင်းစားရအောင်"

"ထမင်းစာရင် ပုံပြောပြမှာလား"

"အေးပါ ငါ့သားရယ် ပြောပြမှာပေါ့၊
ဘာပုံပြောရမလဲ"

"ဟိုလေ အဖွားပြောတယ်လေ
တိုက်ဂါးနဲ့ ရပ်ပစ်ပုံပြော"

"ဘာ တိုက်ဂါးနဲ့ ရပ်ပစ်ပုံလဲ ငါ့သားရဲ့"

img_0.021103130341227058.jpg

"ဟာ ဒီအဖွားကလည်း ဟွာလေ တိုက်ဂါးနဲ့
ရပ်ပစ်ပုံပါ ဆိုတာကြီးကို"

"အင်း ဘာပါလိမ့် တိုက်ဂါးဆိုတာ ကျား၊
ရပ်ပစ်ဆိုတာ ယုန်၊ အော် အဖွားသိပြီ
ရွှေယုန်နဲ့ ရွှေကျားပုံပြင်ကိုပြောတာလား
ငါ့သားရဲ့"

"ဟုတ်တယ်လေ အဖွားရဲ့
ဒီအဖွားကလည်း မေ့တာကြီး"

"ကဲ ငါ့မြေးလေး ထမင်းစားလိုက်ပါအုံး"

ထိုသို့ မြေးအဖွား ထမင်းစားစဉ်
အနီး၌ ကစ်ကို အရုပ်ပုံကြီးရှိသည်။

"အဖွား ခရိုကိုဒိုင်ကြီးက ဗိုက်ဆာနေလို့တဲ့
သူ့လည်းကျွေးလိုက်ပါအုံး"

ထိုအခါ အဖွားဖြစ်သူ

"ငါ့မြေကလည်း မင်း ဒိုင်ကြီး အဖွားမသိဘူး
ယူပေး အဖွားကျွေးမယ်"

"ဟင်း ဒီအဖွားကလည်း ခရိုကိုဒိုင်
ကိုတောင် မသိဘူး"

"ဟော့ အဖွား ဖောက်စ် ကလည်း
ဗိုက်ဆာလို့တဲ့ ကျွေးလိုက်ပါအုံ"

တခါခံထားရသူ အဖွားက ဒီတစ်ခါ
မသိဘူး မပြောတော့။

"ငါ့မြေးရယ် မင်း ဖောက်ကြီး အဖွားကမမှီဘူး
လှမ်းယူပေးပါအုံး"

"အော် အဖွားကလည်း ရော့ ရော့"

"ငါ့မြေးရေ မင်း ဒိုင်ကြီးနဲ့ ‌ဖောက်ကြီးက
ဗိုက်ဝပြီတဲ့ ဟ ပါအုံး ကစ်ကို ကို
အကုန်ကျွေးလိုက်တော့တဲ့ စား
ငါသား စား"

ဖော်ပြပါ အတိုင်း ကစ်ကိုတို့ မြေးအဖွား
ထမင်းစားခြင်း အစီအစဉ်က အောင်မြင်စွာ
ပြီဆုံးခဲ့သည်။

@htwegyi
12-8-21

Sort:  

ခေတ်ကလေးတွေများ လည်ချက်။ !PIZZA

@tin.aung.soe, ¡lo siento!

Puedes llamar al bot PIZZA un máximo de 10 veces al día.

ဟုတ်သဗျို့

ဖိုးရွှေလ ရေ......
ထမင်းဆီဆမ်း ရွှေလင်ဗန်းနဲ့ပေးပါအူးဗျာ့
ဆိုတာလေးတွေသတွယသဗျာ

ငယ်စဉ်က ဘဝတွေ သတိရစေတာပ

ဟုပ်ပါ့ ဆရာ 😁😁

ဟုပ်ပါ့ဆရာ

Loading...