ယုံကြည်မိသည့် ကိုယ့်အမှား

in #myanmar3 years ago (edited)

image

ငွေ သည် ဒုတိယဘုရားသခင် တဲ့။
ငွေဖြင့်အရာရာကို စွမ်းဆောင်နိုင်သည်။
အချို့ အချို့သော အရာများမှာ ဟုတ်ပေမည်။
ငွေဖြင့် အခြားသော ပြုလုပ်၍မရသည့်
အရာများလည်း ရှိပေသေးသည်။

သေခြင်းတရား

အိုမင်းရင့်ရော်မှု

ပျိုရွယ်မှု

အချိန်

ကျန်းမာရေး
ဖော်ပြပါအရာများကိုတော့
ငွေသည် ပြီးပြည့်စုံအောင် စွမ်းဆောင်နိုင်မည်
မဟုတ်ပေ။

ငွေကြောင့် လူအမျိုးမျိုးတို့၏ စိတ်များကို
အမျိုးမျိုးအဖုံဖုံတွေ့မြင်ကြရသည်။
ငွေသည် လူတို့၏စိတ်ကို စကမ်ဖတ်နိုင်သည့်
အရာလည်းဖြစ်ပေမည်။

အပေါင်းအသင်းဖျက်တာငွေ
မကောင်းသတင်းထွက်တာငွေ ဆိုသလို
တစ်နေ့က မိတ်ဆွေ၏ ပြောပြချက်လေး
မျှဝေပေးပါအုံးမည်။ မိတ်ဆွေက
Wave Money ပြုလုပ်သူဖြစ်သည်။
သူ့အိမ်နီးနားချင်းက Wave ဖြင့် ငွေ
မကြာခဏလွှဲခိုင်းတတ်သည်။
ဖုန်းဖြင့်တစ်မျိုး၊ နှုတ်ဖြင့်တစ်မျိုး
ငွေလွှဲခိုင်းလေသည်။

img_0.31516882783218564.jpg

ပထမတော့ ငွေပေးငွေယူ နေ့ချင်းပေး‌သေးသည်။
တဖြည်းဖြည်းနှင့် တစ်ရက်မှ နှစ်ရက်။
နှစ်ရက်မှ သုံးရက်၊ သုံးရက်မှ လေး ငါး
ခြောက်ရက်ထိ ကြာမြင့်လာသည်။
Wave Money ဆိုသည်မှာ သိသူလည်း
ရှိမည် မသိသူလည်းရှိမည်။ ကိုယ်က
Wave Money သို့ ငွေချက်ချင်းပေးသွင်း
ရပြီး ကိုယ့်ငွေလွှဲသူ က ငွေကို ချက်ချင်း
မပေးသည့်အခါ ငွေကြပ်ပါသည်။

အဆိုပါ မိတ်ဆွေက သူ့အိမ်နားနီးချင်းအား
ငွေလွှဲမပေးဟု ဆုံးဖြတ်ထားလေသည်။
တစ်နေ့ရုံးတက်နေစဉ် နေ့လယ်၌
မိတ်ဆွေမှ ငွေလွှဲပေးပါရန် ဖုန်းဖြင့်
ဆက်သွယ်လာသည်။ ဒီတစ်ခါဖြင့်
မလုပ်လောက်ပါဟု ယုံကြည်ပေးကာ
ငွေလွှဲပေးလိုက်သည်။

ညနေရုံးဆင်းသည့်အခါ ပေါ်မလာပေ။
ညနေမိုးချုပ်ချိန်၌ လက်စွပ်ပေါင်ချင်ပါသည်
ပြောကာ အိမ်ထဲဝင်လာသည်။ ငွေချေးငှားခြင်း
မပြုပါ။ Wave လုပ်၍ ငွေလိုပါသဖြင့်
ငွေဆောင်ထားရကြောင်း ပြောပြရသည်။
ဒါဖြင့် ပြီးရောဆိုကာ ပြန်ထွက်သွားသည်။
Wave လွှဲထားသည့်ငွေကိုတော့ ပေးမသွားပေ။

နောက်နေ့ နေ့ခင်းပိုင်းရောက်လာပြီ။ လွှဲထာသည့်
ငွေတစ်ဝက်ကို လာပေးသည်။ ကျန်ငွေကို
နောက်ရက် ဆက်ဆက်ပေးမည်ဟု ပြောကာ
ပြန်သွားသည်။ မိတ်ဆွေက ပြန်ပြောပြသည်မှာ
အဲ့လူကို ထပ်ပြီးယုံကြည်ပေးလိုက်မိတာက
ငါ့အမှားပါတဲ့လေ။

@htwegyi

Sort:  

တွေ့ပြီဆရာ....

ဟုတ်ကဲ့ပါ

လူကိုခင်လျှင် ပိုက်ဆံ မချေးနဲ့ တဲ့။
မခင်လျှင်လည်း မချေးပါနဲ့။ ဟားဟား။