လူများရဲ့အခြေခံ Needs & Wants (KC Myanmar)

in #myanmar7 years ago

4FFF998B-C689-4E0C-963F-CA8F3426C5D2.jpeg

Effective Supervisor တစ်ယောက်ဖြစ်ဖို့အတွက် ကိုယ့်နောက်လိုက်တွေရဲ့ လိုအပ်ချက်တွေကို သိရှိနားလည်ထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ Abraham Maslow လို့ခေါ်တဲ့ ကမ္ဘာကျော်နာမယ်ကြီး စိတ်ပညာရှင်တစ်ဦးက ဝန်ထမ်းတွေရဲ့ အခြေခံလိုအပ်ချက် (၅)ခုကို တင်ပြထားခဲ့တဲ့ Maslow’s Hierarchy of Needs ကိုတစေ့တစောင်းလေ့လာထားဖို့ လိုအပ်ပါတယ်။ သူတင်ပြထားခဲ့တဲ့ ဒီအခြေခံလိုအပ်ချက် (၅)ခုဟာ ယဉ်ကျေးမှုအမျိုးမျိုးကြား၊ ခေတ်အဆက်ဆက်မှာ ကျိုးကြောင်းညီညွတ် ခိုင်မာနေခဲ့တာဖြစ်ပါတယ်။

85D6B65B-F854-4530-BF2F-AC6195FDCD27.jpeg

အဲ့ဒီ့အခြေခံလိုအပ်ချက် (၅)ခုဟာ

• Physiological လို့ခေါ်တဲ့ ဆက်လက်ရှင်သန်နေဖို့လိုအပ်ချက်။

• Safety လို့ခေါ်တဲ့ လုံခြုံမှုအတွက်လိုအပ်ချက်။

• Social affiliation လို့ခေါ်တဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်နေဖို့လိုအပ်ချက်။

• Recognition or esteem လို့ခေါ်တဲ့ အသိအမှတ်ပြုအောင်မြင်မှုကိုလိုအပ်ချက်။

• Maximizing one’s potential လို့ခေါ်တဲ့ မျှော်လင့်ချက်၊ ရည်မှန်းချက်များ ပြည့်ဝဖို့လိုအပ်ချက်တွေပဲဖြစ်ပါတယ်။

အဲ့ဒီ့အခြေခံလိုအပ်ချက် (၅)ခုကို အလွယ်တကူနားလည်နိုင်ကြဖို့အတွက် ကျောက်ခေတ် လူသားတစ်ဦးရဲ့ ဘဝနဲ့နှိုင်းယှဉ်ကြည့်လို့ရပါတယ်။

ကျနော်တို့ရဲ့ အခြေခံအကျဆုံး လိုအပ်ချက်ကတော့ ဆက်လက်ရှင်သန်နိုင်ဖို့ပါပဲ။ ဒါကို ကျောက်ခေတ်လူသားတစ်ယောက်က ယုန်တစ်ကောင်ကို ဖမ်းပြီး သူတို့နေထိုင်ရာ ကျောက်ဂူထဲကို ပြန်ဝင်ပြီး ချက်ပြုတ်တာနဲ့ နှိုင်းယှဉ်လို့ရပါတယ်။ နောက်တစ်ဆင့်မှာ လိုအပ်တာကတော့ လုံခြုံရေးပဲ ဖြစ်ပါတယ်။ ကျောက်ခေတ်လူသားဟာ ယုန်တွေအများကြီးကို ဖမ်းထားခဲ့ပြီး သူနဲ့ သူ့ပစ္စည်းတွေရဲ့ လုံခြုံရေးအတွက် ကျောက်ဂူကို ကျောက်တုံးကြီးနဲ့ လိမ့်ပြီး ပိတ်ထားလိုက်ပါတယ်။ မကြာခင်မှာပဲ ကျောက်ခေတ်လူသားခမျာ အထီးကျန်ဆန်လာခဲ့ပါလိမ့်မယ်။ ဒီတော့ အခြားကျောက်ခေတ်လူသားတွေကို ဖိတ်ခေါ်ပြီး သူနဲ့အတူ အစားအစာ အတူလာစားဖို့ လုပ်ပါလိမ့်မယ်။ ဒီတော့ သူဟာတစ်ယောက်တည်း မဟုတ်တော့ပါဘူး။ အပေါင်းအသင်းနဲ့ဖြစ်သွားပါပြီ။ တခြားသူတွေအကြားထဲမှာ နေလာတဲ့အခါ သူကို အကြီးအကဲအဖြစ်တင်မြှောက်ကြပါတော့တယ်။ ဒီအမှာ သူ့ရဲ့ အသိအမှတ်ပြုအောင်မြင်လိုစိတ်က ပြည့်ဝလို့သွားပါတော့တယ်။ ဆက်လက်ပြီး သူဟာ သူ့ရဲ့အဖွဲ့ကို ဦးဆောင်ပြီး သီဆိုကခုန်လိုက်၊ ဂူနံရံတွေမှာ ဆေးပန်းချီတွေရေးလိုက် လုပ်ကြပါတယ်။ သူဟာတကယ့်ကို လူတွေကို ဦးဆောင်လာပြီး မျှော်လင့်ချက်၊ ရည်မှန်းချက်များ ပြည့်ဝတဲ့အဆင့်ကို ရောက်လို့သွားပါတော့တယ်။

အခုပြောပြခဲ့တဲ့ပုံပြင်ထဲက ကျောက်ခေတ် လူသားလိုပဲ အခုခေတ်လူတွေမှာလည်း တူညီတဲ့ အခြေခံလိုအပ်ချက်တွေရှိတယ်ဆိုတာကို Maslow’s Hierarchy of Needs က ဖေါ်ပြထားပါတယ်။

AD22BED3-CDCA-4F33-8EAC-225D8BDEAB24.png

ကျနော်တို့ အလုပ်မှာရှိနေတဲ့ လူတွေမှာလည်း

• Survival - အခြေခံဝင်ငွေနဲ့လုံခြုံမှု

• Security - ကျန်းမာရေးအာမခံ၊ စိတ်ချရတဲ့ ဝင်ငွေ

• Belonging - ပေါင်းသင်းဆက်ဆံရေး၊ လုပ်ဖေါ်ကိုင်ဖက်များနဲ့ ပေါင်းဖေါ်ခြင်း

• Prestige - အဖွဲ့ခေါင်းဆောင်းရွေးချယ်ခံရခြင်း၊ တာဝန်ဝတ္တရားများတိုးမြှင့်ခံရခြင်း

• Self-fulfilment - လူမှုအဖွဲ့အစည်းကို ပြန်ပြီးပါဝင်ကူညီနိုင်ခြင်း စတာတွေကို လိုအပ်နေကြပါတယ်။

ဒါကြောင့် Supervisor တစ်ယောက်ဟာ ကိုယ့်လူတွေကို စိတ်အားတက်ကြွလာအောင် သူတို့ရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်တွေကို နားလည်ထားဖို့လိုအပ်ပါတယ်ပြောရချင်းဖြစ်ပါတယ်။ Maslow တင်ပြခဲ့တဲ့ အဆိုတွေက ဝန်ထမ်းတွေ အလုပ်မှာ လိုအပ်နေတာတွေ အပြင် လိုချင်တာတွေကိုလည်း ဖေါ်ပြပေးပါတယ်။

ဆက်လက်ပြီးသူတို့တွေရဲ့ လိုအပ်ချက် (Needs) တင်မကဘူး၊ သူတို့လိုချင်တဲအရာတွေ (Wants) ကိုလည်းနားလည်တတ်ဖို့လိုအပ်ပါတယ်။ စစ်တမ်းတစ်ခုအရ အလုပ်ထဲမှာ ဝန်ထမ်းတွေလိုချင်နေတဲ့အရာ (၁၀) ခုရှိပါတယ်။

  1. Efficient ဖြစ်တဲ့ manager ကို လိုချင်ပါတယ်။

  2. ကိုယ့်အတွက်ကိုကိုယ်စဉ်းစာဖို့ အားပေးတာမျိုးလိုချင်ပါတယ်။

  3. ကိုယ့်အလုပ်ယူနစ်ရဲ့ ရရှိရမယ့်ရလဒ်ကိုမြင်ရတာမျိုးလိုချင်ပါတယ်။

  4. စိတ်ဝင်စားစရာကောင်းတဲ့အလုပ်မျိုးကို လိုချင်ပါတယ်။

  5. ကိုယ့်မှာ ကောင်းဖို့အတွက်အကြံကောင်းတွေရှိတဲ့အခါနားထောင်းပေးခံရတာမျိုး လိုချင်ပါတယ်။

  6. ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ပြောပြပေးတာခံရတာမျိုး လိုချင်ပါတယ်။

  7. ကိုယ့်ရဲ့ ကျိုးစားအားထုတ်မှုကို အလေးစားခံရတာမျိုး လိုချင်ပါတယ်။

  8. အလုပ်တစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်ခဲ့တာကို အသိအမှတ်ပြုခံရတာမျိုးလိုချင်ပါတယ်။

  9. ကိုယ့်လုပ်ရတဲ့အလုပ်တွေမှာ လုပ်နိုင်စွမ်းကိုစမ်းသပ်တာဝန်ပေးခံရတာမျိုး လိုချင်ပါတယ်။

  10. ကျွမ်းကျင်မှုတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းများရရှိတာမျိုးကို လိုချင်ပါတယ်။

Author: KC Myanmar

Photo credit: Google Image

Sort:  

အခုလိုဖတ်​ရှုခွင့်​ရလို့​ကျေးဇူးပါရှင့်

အရမ်းကောင်းတဲ့စာပေတစ်ခုပါခင်ဗျ အလိုဝေမျှပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်အကို

ကျေးဇူးပါ 😊

Good Article Bro @kcmyanmar

အသိပညာများမျှဝေပေးလို့ကျေးဇူးပါ

ကျေးဇူးပါ 😊

nice post

very good လို့ပဲပြောနိုင်တော့တယ်ဆရာရေ

ဆရာစာ​တွေက ဗဟုသုတရရှိပါတယ်

Good postပါbroကျွန်​​တော်​post​လေးကိုလည်းvoteပြန်​​ပေး​ပေးပါအုံး​နော်​ voteအရမ်းနည်း​နေလို့ပါ

မှတ်၍ထားပါမယ်ဗျ