Cb ထဲမှ steemit user

in #myanmar7 years ago (edited)

steemit.jpg
နေ့တိုင်း အနဲနဲ့အများတွေ့ကြုံနေရသော cb ထဲမှ steemit user များမှတယောက်
He = Hi bro chit
Ever online ဘာဒေလုပ်
Me = ဘာမှလုပ်ဖစ်ပါဘူးဗျာ
Steemit တခုတော့လုပ်နေတယ်
He = What is steemit?
Me = အင်း steemit ဆွာ fb လိုပဲဗျာ social network တစ်မျိုးပါ။
He = ဘာလုပ်ရတာလဲသူက
Me = အိမ်းးး ဒလိုဗျ
Fb မှာ like ပေးသလိုပေါ့ steemit မှာ vote ပေးရတယ်
He = အဲတော့ဘာဖစ်လဲ
Me = ဘာဖစ်လဲဆိုတော့ fB မှာ like များများရလည်း ဘာမှပြန်မရဘူး
Steemit မှာ ကိုယ်တင်လိုက်တဲ့ Post ကို vote ပေးတဲ့သူ အခြေနေပေါ်မှုတည်ပီး $ ဒေရတယ်။
He = Aww bro chit တော့ ဘယ်လောက်ကုန်ကုန် မှတ်ဘူးနော် :-P
ကြည့်လဲလုပ်အူးဗျ ဂျင်းဒေက ခတ်ပေါပေါရယ်
Me = ငင့် ဂျင်းဟုတ်ဘာပုဗျ
တကယ်ရလို့ တကယ်လုပ်နေတဲ့သူတွေ နိုင်ငံခြားသားတွေ တော်တော်ထော်နေကြပီ
He = အယ် ဂယ်ရီးလား
လင်းဘာအူး နဲနဲတော့စိတ်ဝင်စားလာဘီ :-D
Me = ဒလိုပဲဖစ်ကမယ်လေ ငှဲငှဲ
He = အရင်းဘီလောက်နဲ့စလို့ရလဲ
Me = ရင်းစရာလိုဘာပုဗျာ free ဘာ
He = ဂယ်ပေါ့
Me = အေးဆိုစ့်
He = အာ့ဆိုပြောပြ စမ်းကျိမယ် :-D
Link ပေးပီး အကောင့်ဖွင့်တာကအစ ss ပုံဒေနဲ့တကွ အသေးစိတ်ရှင်းပြလိုက်တယ်


နောက် ၃ရက်လောက်ကြာတော့ လာ hi တယ်
He = Hi bro chit
လုပ်ပါအူးဗျာ approve mail ရောက်လာပီဗျာ
ဘာလုပ်ရမှာလဲ
Me = ငိ အာ့ Link ကိုဖွင့် အနီရောင်စာလုံးရှည်ဒေက Passowrd ဒေ ကော်ပီကူးပီး သေချာသိမ်း အောက်က Re-enter မှာ အပေါ်က Ps ထည့် အောက်ကအတုံးလေး၂ခုကို အမှန်ခြစ် create ကိုနှိပ်
ဟူးးးမောထှာ
He = Ok အဆင်ပြေသွားပီး
ကျေးကျေး မွမွ
Me = ခွီးးးး
He = အကောင့်တော့ရပီ bro chit
ဘာဆက်လုပ်ရမလဲဗျာ
Me = အိမ်းး ပြောပြနေရင်ပီးမာဟုပုဗျ ဒလိုလုပ်
အယင်လေ့လာကြည့်ပါအူး bro
ပီးမှ pro ပုံတင် follow လုပ် post တင် ဆိုပီးတော့ ကို Henry Aung pro Link ကိုချပေးလိုက်တယ်
https://steemit.com/@kachinhenry
ဒီထဲဝင်ကျိ bro
အာ့မှာအကုန်ရှင်းပြထားတယ် သေချာလေ့လာကြည့်ပါ
He = ဟုတ် bro ကျေးကျေးနော်
Me = ရဘာတယ်
He = Ok see u
Bye
Me = Bye
နောက် ၂ရက်နေတော့
He = Bro chit
Me = ဘိုလဲ ခြေနေ
He = Follow လုပ်ပေးအူးဗျာ
မနေ့က Pro ရော introducing post ရောတင်ပီးပီးဗျာ vote ပေးဘာအူး ဟီးး
Me = အလဲ့ တယ်ဟုဘာလား Link ပေး
သူပေးတဲ့ Link ကိုနှိပ် vote ရော comment ရောပေးလိုက်တယ်
ကိုယ်သိသမျှ နားလည်ထားသမျှ steemit အကြောင်းပြောပြရင်း တညတာကုန်ဆုံးခဲ့ပါပီ


၃ရက်လောက်ပျောက်နေပီးမှ ပြန်ပေါ်လာတယ်
He = Bro chit
Me = ဗျာ
He = ဘာလုပ်
Me = ဒလိုဘာပဲ ဟွာကျိ ဒီဟာကျိ
He = ဟွာလေ steemit လေ
Me = ဘာဖစ်
He = စဉ်းစားလို့ရပုဗျာ ဘာတင်ရမလဲ
Me = ငိ ဒလိုပဲလေ သူများဒေလဲ လျှောက်တင်နေတာပဲ
တွေ့တာလျှောက်ရေးပီးတင်ပေါ့
He = အာာ ရေးတတ်ဘူးဗျာ တားက မြန်မာစာညံ့ဒေ
ဆိုဒ်ဒေက ကူးပီးတင်မယ်
Me = အာ့တော့အဆင်ပြေဘူး cheetah comm ထိရင် သွားပီ
Bro ကို vote ပေးမဲ့သူရှိတော့ဘူး ကြာရင်အကောင့်ဘာပိတ်ခံရမာ
He = တိန်
Me = တိန်နက် ဂယ်ပြောတာ
He = အာဆွာ ဘိုလုပ်မလဲ နေ့တိုင်းတင်ဖို့ ဘယ်ကရမာလဲ
Me = နေ့တိုင်းတင်ရမယ်လို့ ပြောတာဟုတ်ဘူးလေ
ဖြည်းဖြည်းလုပ်ပါ မလောပါနဲ့
Steemit က နေ့ချင်းညချင်း အောင်မြင်တာမျိုး ဟုတ်ဘူးဗျာ
သူများဒေ နိုင်ငံခြားသားဒေကိုလေ့လာကြည့်ပါ
သူတို့လုပ်နေတာ 2016 ထဲကဗျာ၊ ခုသူတို့ပိုစ့်တခုဟာ $100 ကျော်ဒေချည်းပဲ
သူတို့လဲ ဒီလိုပဲလုပ်လာခဲ့ကြတာပါ
စစချင်း အခက်ခဲနဲနဲတော့ရှိမာပေါ့ဗျာ
He = အိမ်းးး လွယ်ဘူးဗျာ
Me = ဟားး လွယ်လွယ်နဲ့ရတာဘာရှိလဲဗျာ
ပီးတော့ ဒါက ပိုက်ဆံရှာတာလေ
ဒါမဲ့ သိပ်အခက်ကြီးလဲဟုတ်ပါဘူး
စိတ်ဓာတ်မကျပါနဲ့
တဖြည်းဖြည်း အဆင်ပြေလာမှာပါ
He = ၃-၄ရက်ရှိပီ $ လဲဘာမှရဘူး
Me = Bro တတ်နိုင်သမျှ Post တွေတင်ပါ
၇-ရက်ပြည့်ရင် balance ထဲ $ တွေရောက်လာပါလိမ့်မယ်
He = ဟုတ် ဟုတ်
ဆိုပီးတော့ပျောက်သွားလိုက်တာ ခုထိပေါ်မလာတော့ဘူး (ဆက်မလုပ်တော့ဘူး ထင်ဘာတယ်)
ကိုယ်ရှင်းပြတာတွေပဲ လိုနေတာလား သူပဲစိတ်ပျက်သွားတာလား မပြောတတ်ဘူး။
အဲလိုပဲ user အသစ်တွေက သူများပြော သူများတွေရတာမြင်တော့ ခန၀င်လုပ်ကြတယ်
ကိုယ်လုပ်နေတဲ့အလုပ် ဘာလဲဆိုတာ သေသေချာချာ မလေ့လာ ဂဂနန ထဲထဲဝင်ဝင် မသိတော့ တပတ် ဆယ်ရက်လောက်ဆို စိတ်ပျက်သွားတတ်ကြတယ် ထွက်သွားကြတယ်။
တကယ်တော့ steemit သည် online ငွေရှာသူများအဖို့ မရေတွက်နိုင်သော free site တွေထဲမှာ ယုံကြည့်စိတ်ချရသော အနာဂါတ်အတွက် ခိုင်မာသော social media တခုပါ။ အနာဂါတ်အတွက် ရင်နှီးမြုပ်နှံမယ်ဆိုရင်လဲ အရှုံးမရှိနိုင်ဟု သုံးသပ်မိပါတယ်။
ခုမှဝင်လာသော အသစ်များအနေနဲ့ အားမယ်ကြပါနဲ့ စိတ်ပျက်မသွားကြပါနဲ့၊ စိတ်ရှည်ပါ။ ကိုယ်တွေလဲ အသစ်ပဲရှိပါသေးတယ်၊ ကိုယ့် Post တွေလဲ ထင်သလောက် vote မရပါဘူး။ ကိုယ်အရေးအသားမကောင်းလို့ပဲနေမှာပါ၊ ပီးတော့ E လိုလဲရေးတတ်ဘူးလေ။ ဒါမေ့ အားမလျော့ပါ၊ နေ့တိုင်းတွေးတယ်၊ ဒီနေ့ဘာရေးရမလဲ အမြဲစဉ်စားတယ်၊ ချရေးကြည့်နေတယ်။ တခုခုရေးတော့လဲ ခုခုထွက်လာတာပဲလေ။
steemit ဟာ လွတ်လပ်သော social media base cryptocurrency တခုပါ။ referral မရှိ။ မိမိ post တင်၍ vote ရလျင် ပိုက်ဆံရမယ်။ မတင်လည်း ဘာမှမဖြစ်ဘူး။ မလုပ်မနေရလို့ သတ်မှတ်ထားတာမျိုးလည်း မရှိပါ။ စိတ်လောနေစရာမလိုပါ။ ဖြည်းဖြည်းနဲ့ပုံမှန်လျှောက်ရင်း လွတ်လပ်သော steemit တွင် မြန်မာလူငယ်များ steemit power ကောင်းကောင်းဖြင့် အကျိုးအမြတ်ရရှိနိုင်ကြပါစေ..။
(ဘယ်သူ့ကိုမှမရွယ်ရည်ပါ လျှောက်ရေးတင်ခြင်းသာ) :-D
@kyawhlaing

Sort:  

$0.01 တိုးသွားပြီး

ကျေးဇူးပါ

တူတူပါပဲလား

ငိ ဘာဖစ်ဖစ် vote ပေးတာ ကျေးဇူးပါ

လုံးဝ လက်​မ​လျော့ပါပု ခ်​ခ်

Vote ခဲ့သည်

ဟုတ် bro ကျေးဇူးပါ

ဟုတ်ကဲ့ပါ

vote ပီး bro

thank for vote