Effective Micro Organisms 2

in #myanmar6 years ago

အကျိုးပြုအဏုဇီဝ အီးအမ်
အပိုင်း ၂
အီးအမ်ကို စိုက်ပျိုးရေး/မွေးမြူရေး/သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးတို့တွင်အသုံးပြုပုံများကို ဆက်လက်ဖော်ပြပါမည် ။
IMG_20180524_014722-picsay.jpg
စိုက်ပျိုးရေး

အီးအမ်ကို ရေအဆ ၂၀၀မှ ၅၀၀ ရောစပ်ပြီး
ပက်ဖြန်းနိုင်ပါသည်။ထိုသို့အသုံးပြုခြင်းဖြင့်
ပျက်စီးနေသောမြေများကို ပြန်လည်၍ ပြုပြင်
ပေးနိုင်ခြင်း/လယ်ယာကိုင်းကျွန်းအတွင်းရှိ
အရွက်ဆွေး/ရိုးပြတ်များကိုလယ်ယာကိုင်းကျွန်း အကျိုးပြုပစ္စည်းများဖြစ်စေ၍ သီးနှံများကိုကောင်းမွန်စေခြင်း/သီးနှံအထွက်နှုန်းကိုလည်း ကောင်းမွန်တိုးတက်စေခြင်း/လူကို အန္တရာယ် မဖြစ်စေခြင်း /ဈေးနှုန်း အလွန်သက်သာခြင်း စသည့်အကျိုးများရှိပါသည်။
pesticide2703.jpg
မွေးမြူရေး

တိရ စ္ဆာန် တို့သောက်သောရေတွင် ထည့်၍
တိုက်ခြင်းဖြင့် ရောဂါကင်းခြင်း/အစားအသောက်ကောင်းခြင်း /စားသောအစာတွင်ထည့်၍ ကျွေးခြင်း/အီးအမ်ဖြင့်ပြုလုပ်ထားသော
ဘိုကာရှီ ကိုကျွေးခြင်းဖြင့် အကောင်ထွား /
ရောဂါကင်း/ဥများကြီးခြင်း/နို့ထွက်များခြင်း/
တိရ စ္ဆာန် တို့နေထိုင်ရာပတ်ဝန်းကျင်ကိုပက်ဖြန်းပေးခြင်းဖြင့် အနံ့အသက်ကင်းစင်ခြင်း /
မလိုလားအပ်သောပိုးမွှားများ မပေါက်ပွားနိုင်ခြင်း /ငါး ပုဇွန် ကဲ့သို့သော အကောင်များ
၏ကန်အတွင်းထည့်သွင်းပေးခြင့်ဖြင့် ကန်များ သန့်ရှင်းလာခြင်း / အရည်အသွေးကောင်းမွန်သော ငါး ပုဇွန် များထွက်ရှိခြင်း /
အလှမွေးငါးကန် များအတွင်း ထည့်နိုင်ခြင်း
တို့ဖြစ်ပါသည် ။
IMG_20180523_221904.jpg
သဘာဝပတ်ဝန်းကျင်

အိမ်သာများအတွင်းထည့်ပေးခြင်းဖြင့် အိမ်သာထုထည်ကို ၈၀% ထိလျော့ကျစေနိုင်ခြင်း /လောက်ကဲ့သို့သော အကောင်များ မပေါက်ပွားနိုင်ခြင်း /
နိုင်ငံတကာသင်္ဘောကြီးများတွင် မိလ္လာကန်များအတွင်းထည့်ပေးပြီး ကန်၏ထုထည် လျော့ကျစေပြီး အနံ့အသက်ကင်းစင်စေပါသည် ။ ရေဆိုးမြောင်များ/အမှိုက်ပုံးများကို မကြာခဏ ဖြန်းပေးခြင်းဖြင့်အနံ့အသက်ကင်းစင်စေပါသည်။ မလိုလားအပ်သောပိုးမွှားများ
ပေါက်ပွားမှုမှ ကာကွယ်ပေးပါသည်။
အီးအမ်နှင့်ပတ်သက်၍ ၂၀၀၄ ခုနှစ်တွင် အောင်မြင်မှုတစ်ခုရှိခဲ့ပါသည် ။ ဆူနာမီဖြစ်စဉ်တုန်းက ယိုးဒယားနှင့် အိန္ဒိယနိုင်ငံအပါအဝင် ဆူနာမီဘေးသင့်နိုင်ငံတိုင်းလိုလို အီးအမ်ကို အသုံးပြုခဲ့ကြပါသည်။

IMG_20180522_1834icsay.jpg

ဆက်လက်ဖော်ပြပါမည်

smiling-cat-28__605.jpg
15037357_1864331047133498_1963643435675414222_n.jpg
@kyawthuhein
MSC 260

Sort:  

EMအကြောင်းတော်တော်သိသွားပြီ။အရမ်းဗဟုသုတရပါတယ်ညီရေ။ကျေးဇူးပါဗျာ။နောက်လဲဗဟုသုတရတာတွေများများရေးပါဗျာ။အားပေးနေမယ်။

ဟုတ်ကဲ့ကိုကြီးတွေကအားပေးတော့ ဆက်ရေးပြီဗျာ

သြော်​ em em😊

ဟုတ်ကဲ့ဘက်စုံသုံးအီးအမ်ပါခင်ဗျ

အလွန်​အသုံးဝင်​တဲ့EM

ဟုတ်ကဲ့ဗျ အတော်အသုံးဝင်ပါတယ် အခြားအသုံးဝင်တာတွေလည်းဆက်လက်ဖော်ပြပါမယ်ခင်ဗျ

ဗဟုသုတ ရပ့ဗျာ

ဟုတ်ကဲ့ခင်ဗျ ကျေးဇူးတင်ပါတယ်

ဗဟုသုတရတယ်

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်

EMက အတော် အသုံးဝင်တာဘဲနော် အိမ်သာကျင်းတွေထဲလည်း ထည့်လို့ ရတယ်ဆိုတော့

ဟုတ်ကဲ့အခြား အသုံးဝင်တာတွေလည်းအများကြီးရှိသေးတယ်ဆရာမ

စောင့်​ရကျိုးနပ်​တယ်​​ဗျာ .. ဗဟုသုတတကယ်​ တိုးပါတယ်​ဗျ ..

ဟုတ်ကဲ့စိတ်ဝင်တစားလေ့လာပေးတာကျေးဇူးတင်ပါတယ်ဗျာ

em က တယ်စုံပါလားဗျ

ဟုတ်ကဲ့အခြားနေရာတွေလည်းအများကြီးသုံးလို့ရတယ်ဗျ
ဆက်လက်မျှဝေပေးပါမယ်

EM ရှိရင် ok ပြီပေါ့နော်

ဟုတ်ကဲ့ဆရာမ

ဘက်စုံသုံး EMပေါ့...

ဟုတ်ကဲ့ ကျန်းမာရေးအတွက်သောက်လို့လည်းရပါတယ်